က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းလပ္ေက်းရြာအုပ္စုတြင္ ေနအိမ္မီးရႈိ႕မႈ ျဖစ္ပြား

က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းလပ္ေက်းရြာအုပ္စုတြင္ ေနအိမ္မီးရႈိ႕မႈ ျဖစ္ပြား
စက်တင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းလပ္ေက်းရြာအုပ္စု၊ ပါဆံက်(နာေထး) အာခါရြာတြင္ အသက္(၃၆)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး အရက္မူးၿပီး မိမိေနအိမ္ကို မီးျပန္ရိႈ႕မႈျဖစ္ပြားေၾကာင္း သိရသည္။

မီးေလာင္သည့္ ေနအိမ္တြင္ အားနံ(ခ)ေက်ာ္စိုးဆိုသူ တစ္ဦးတည္းေနထိုင္ျခင္းျဖစ္ေၾကာင္း သိရၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၃)ရက္ေန႔ နံနက္(၅)နာရီဝန္းက်င္က အရက္မူးၿပီး ေနအိမ္အတြင္း စာအုပ္စင္ကို မီးရိႈ႕ခဲ့ရာမွ တစ္ထပ္တုိက္အိမ္မွာ မီးေလာင္ ဆံုးရံႈးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားေၾကာင္း ရဲတပ္ဖြဲ႕ထံ နံနက္(၈)နာရီအခ်ိန္တြင္ အေၾကာင္းၾကားခဲ့ရာ ရဲတပ္ဖြဲ႕က၊ မီးသတ္တပ္ဖြဲ႕ႏွင့္ အတူ ေရသယ္ယာဥ္(၁)စီး၊ မီးသတ္ယာဥ္(၂)စီးတုိ႔ျဖင့္ မီးေလာင္မႈျဖစ္ပြားရာသို႔ သြားေရာက္ၿပီး ေဒသခံမ်ားႏွင့္အတူ ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ရာမွ နံနက္(၈)နာရီ (၄၀)မိနစ္၌ မီးၿငိမ္းသြားခဲ့ၿပီး အျခာ းေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေနအိမ္ကို မီးရိႈ႕သည့္ အားနံ(ခ)ေက်ာ္စိုး ဆိုသူအား က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၃၄၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆံကျ(နာထေး) အာခါရွာတွင် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး အရက်မူးပြီး မိမိနေအိမ်ကို မီးပြန်ရှို့မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်သည့် နေအိမ်တွင် အားနံ(ခ)ကျော်စိုးဆိုသူ တစ်ဦးတည်းနေထိုင်ခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်က အရက်မူးပြီး နေအိမ်အတွင်း စာအုပ်စင်ကို မီးရှို့ခဲ့ရာမှ တစ်ထပ်တိုက်အိမ်မှာ မီးလောင် ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ထံ နံနက်(၈)နာရီအချိန်တွင် အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့က၊ မီးသတ်တပ်ဖွဲ့နှင့် အတူ ရေသယ်ယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ပြီး ဒေသခံများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမှ နံနက်(၈)နာရီ (၄၀)မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်ကို မီးရှို့သည့် အားနံ(ခ)ကျော်စိုး ဆိုသူအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ) ၃၄၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~