Update News

က်ိဳင္းတုံခရိုင္ႏွင့္ မိုင္းဆတ္ခရိုင္တို႔မွ မသန္စြမ္းႏွင့္ အထူးကာကြယ္ေစာင့္ေရွာက္ရန္လိုအပ္ေသာ ကေလး (၄၃၀)တို႔ကို ျပည္ေထာင္စု၀န္ႀကီးကိုယ္တိုင္ လာေရာက္၍ ေထာက္ပံ့ေၾကးေပး

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ယခုႏွစ္တြင္ စတင္လုိက္သည့္ အထူးကာကြယ္ေစာင့္ေရွာက္ရန္ လိုအပ္သူမ်ားႏွင့္ မသန္စြမ္းသူမ်ားအား ေထာက္ပံ့ျခင္း အစီအစဥ္ျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ မသန္စြမ္းသူမ်ားအတြက္ ၂၀၁၈ ခုႏွစ္ေထာက္ပံ့ေၾကးကို  ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ေပးအပ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းရိွ က်ိဳင္းတုံခရိုင္ႏွင့္ မိုင္းဆတ္ခရိုင္တို႔မွ မသန္စြမ္းသူ(၃ဝ၆)ဦးႏွင့္ အထူးကာကြယ္ ေစာင့္ေရွာက္ရန္လိုအပ္ေသာ ကေလး(၁၂၄)ဦးအား တစ္ဦးလွ်င္ ေထာက္ပံ့ေၾကး(၃ဝ,ဝဝဝ)က်ပ္ႏႈန္းျဖင့္ ေပးအပ္ျခင္းျဖစ္သည္။

“ဒီလုပ္ငန္းစဥ္ကလည္း ဒီနွစ္မွ စတာျဖစ္ပါတယ္။ ဒီလုပ္ငန္းစဥ္အရ မသန္စြမ္းသူမ်ားစာရင္း တစ္ႏိုင္ငံလုံး ေကာက္ယူရပါမယ္။ ေကာက္လည္း ေကာက္ေနပါျပီ။ အခုကေတာ့ အၾကမ္းဖ်ဥ္း ေကာက္ယူထားတဲ့ စာရင္းအရ ဒီမွာ လာေထာက္ပံ့တာျဖစ္ပါတယ္။”ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

ထိခိုက္လြယ္အုပ္စုျဖစ္သည့္ မသန္စြမ္းမ်ားအတြက္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး အေထာက္အကူျပဳေစရန္ ဥပေဒ၊ နည္းဥပေဒမ်ားျပဌာန္းထားၿပီး မသန္စြမ္းအခြင့္အေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီကိုဖြဲ႕စည္းကာ လုပ္ငန္းေကာ္မတီအသီးသီးကို ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးမ်ားအလိုက္ ဖြဲ႕စည္း၍ လုပ္ငန္း ေဖၚေဆာင္မည္ျဖစ္ရာ မသန္စြမ္းသူမ်ား ေထာက္ပ့ံျခင္းကို စတင္ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

၂ဝ၁၄ ခုႏွစ္ သန္းေကာင္စာရင္းအရ မသန္စြမ္းဦးေရ (၂.၄)သန္းရိွေနသည့္အနက္ အသက္ႀကီး၍ မ်က္စိမႈန္သူမ်ားကိုပါ မသန္စြမ္းစာရင္းတြင္ ပါဝင္ေနသျဖင့္ မသန္စြမ္းအေရအတြက္ကို ျပန္လည္ ေကာက္ယူေနကာ လက္ရိွတြင္ ရရိွသည့္ စာရင္းအရ ေထာက္ပံ့မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ပိုမိုစနစ္က်သည့္ ေထာက္ပံ့မႈစနစ္အျဖစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 “အခုကၽြန္ေတာ္တို႔ ေထာက္ပ့ံေပးေနတဲ့ ပုံစံက စနစ္ေတာ့ မက်ေသးဘူး။ ဥပမာ မသန္ေသာ္လည္း သူ႕စြမ္းျခင္းသည္ အနိမ့္ဆုံး အဆင့္ျဖစ္ေနတယ္။ သူ႕ကို ပံ့ပိုးမႈမရိွဘဲ ရပ္တည္လို႕မရဘူးဆိုရင္ လစဥ္ေထာက္ပံ့တဲ့ စနစ္မ်ိဳးျဖစ္လာမွာပါ။ သက္ႀကီးရြယ္အိုေတြကို လစဥ္ေထာက္ပံ့သလိုမ်ိဳး ႏိုင္ငံေတာ္က လစဥ္ေထာက္ပံ့တဲ့ စနစ္မ်ိဳးျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔မွာ မသန္စြမ္းမ်ားနဲ႕ ပတ္သက္ၿပီး လုပ္ေဆာင္စရာေတြ အမ်ားႀကီးရိွပါေသးတယ္”ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

အခမ္းအနားသို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္၊ ျပည္နယ္ဒုတိယ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္းႏွင့္ ျပည္နယ္၊ ခရိုင္၊ၿမိဳ႕နယ္ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ားႏွင့္ ေထာက္ပံ့ေၾကးေငြလက္ခံမည့္သူမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓါတ္ပံု -  ဇြဲျမတ္











~~~~~~~~⊰❂ unicode ~~~~~~~~



လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယခုနှစ်တွင် စတင်လိုက်သည့် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မသန်စွမ်းသူများအတွက် ၂၀၁၈ ခုနှစ်ထောက်ပံ့ကြေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ပေးအပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ မသန်စွမ်းသူ(၃ဝ၆)ဦးနှင့် အထူးကာကွယ် စောင့်ရှောက်ရန်လိုအပ်သော ကလေး(၁၂၄)ဦးအား တစ်ဦးလျှင် ထောက်ပံ့ကြေး(၃ဝ,ဝဝဝ)ကျပ်နှုန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။

“ဒီလုပ်ငန်းစဉ်ကလည်း ဒီနှစ်မှ စတာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အရ မသန်စွမ်းသူများစာရင်း တစ်နိုင်ငံလုံး ကောက်ယူရပါမယ်။ ကောက်လည်း ကောက်နေပါပြီ။ အခုကတော့ အကြမ်းဖျဉ်း ကောက်ယူထားတဲ့ စာရင်းအရ ဒီမှာ လာထောက်ပံ့တာဖြစ်ပါတယ်။”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ထိခိုက်လွယ်အုပ်စုဖြစ်သည့် မသန်စွမ်းများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ဥပဒေ၊ နည်းဥပဒေများပြဌာန်းထားပြီး မသန်စွမ်းအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းကာ လုပ်ငန်းကော်မတီအသီးသီးကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖွဲ့စည်း၍ လုပ်ငန်း ဖော်ဆောင်မည်ဖြစ်ရာ မသန်စွမ်းသူများ ထောက်ပံ့ခြင်းကို စတင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် သန်းကောင်စာရင်းအရ မသန်စွမ်းဦးရေ (၂.၄)သန်းရှိနေသည့်အနက် အသက်ကြီး၍ မျက်စိမှုန်သူများကိုပါ မသန်စွမ်းစာရင်းတွင် ပါဝင်နေသဖြင့် မသန်စွမ်းအရေအတွက်ကို ပြန်လည် ကောက်ယူနေကာ လက်ရှိတွင် ရရှိသည့် စာရင်းအရ ထောက်ပံ့မှုများ လုပ်ဆောင်နခြေင်းဖြစ်ပြီး ပိုမိုစနစ်ကျသည့် ထောက်ပံ့မှုစနစ်အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 “အခုကျွန်တော်တို့ ထောက်ပံ့ပေးနေတဲ့ ပုံစံက စနစ်တော့ မကျသေးဘူး။ ဥပမာ မသန်သော်လည်း သူ့စွမ်းခြင်းသည် အနိမ့်ဆုံး အဆင့်ဖြစ်နေတယ်။ သူ့ကို ပံ့ပိုးမှုမရှိဘဲ ရပ်တည်လို့မရဘူးဆိုရင် လစဉ်ထောက်ပံ့တဲ့ စနစ်မျိုးဖြစ်လာမှာပါ။ သက်ကြီးရွယ်အိုတွေကို လစဉ်ထောက်ပံ့သလိုမျိုး နိုင်ငံတော်က လစဉ်ထောက်ပံ့တဲ့ စနစ်မျိုးဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ မသန်စွမ်းများနဲ့ ပတ်သက်ပြီး လုပ်ဆောင်စရာတွေ အများကြီးရှိပါသေးတယ်”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ပြည်နယ်၊ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထောက်ပံ့ကြေးငွေလက်ခံမည့်သူများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::