ေဆာၿမိဳ႕နယ္၌ ေပါက္ကြဲမႈျဖစ္သည့္ ေက်ာက္မီးေသြးတြင္းထဲတြင္ ေအာက္ဆီဂ်င္ျပတ္ေန၍ ပိတ္မိေနသူ (၅)ဦးကို ကယ္ဆယ္ရန္ အခက္အခဲျဖစ္ေန

ေဆာၿမိဳ႕နယ္၌ ေပါက္ကြဲမႈျဖစ္သည့္ ေက်ာက္မီးေသြးတြင္းထဲတြင္ ေအာက္ဆီဂ်င္ျပတ္ေန၍ ပိတ္မိေနသူ (၅)ဦးကို ကယ္ဆယ္ရန္ အခက္အခဲျဖစ္ေန
စက်တင်ဘာ 7, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါခရိုင္၊ ေဆာၿမိဳ႕နယ္အတြင္း ထြန္းရာဇ (မႏၲေလး) ကုမၸဏီလီမိတက္၏ ေက်ာက္မီးေသြးတြင္း ေပါက္ကြဲမႈေၾကာင့္ ပိတ္မိေနသည့္ အလုပ္သမား(၅)ဦးကို ရွာေဖြေရး လုပ္ေနေသာ္လည္း တြင္းထဲတြင္ ေအာက္ဆီဂ်င္ျပတ္ေနသျဖင့္ ကယ္ဆယ္ေရးအဖြဲ႔ အခက္အခဲ ျဖစ္ေနရေၾကာင္း သိရသည္။

ေက်ာက္ေျမာင္းေက်းရြာႏွင့္ (၂)မိုင္ခန႔္အကြာရိွ အဆိုပါ ေက်ာက္မီးေသြးတြင္း၌ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္ (၁၀)နာရီ (၁၅)မိနစ္ဝန္းက်င္က အလုပ္သမား (၁၃)ဦးအဖြဲ႔ လုပ္ငန္းခြင္ ဝင္ရန္ တြင္းထဲသို႔ အဆင္း ေပ(၃၀၀)ေက်ာ္သို႔ အေရာက္တြင္ ေပါက္ကဲြမႈျဖစ္ပြားခဲ့သျဖင့္ ကယ္ဆယ္ေရးအဖြဲ႕က ပိတ္မိေနသူမ်ားကို ရွာေဖြရန္လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

"သဘာဝ ဓာတ္ေငြ႔ရယ္၊ တြင္းထဲကို ပို႔လႊတ္ထားတဲ့ ေအာက္ဆီဂ်င္ရယ္၊ လွ်ပ္စီးမႈနဲ႔လုပ္ရတဲ့ လုပ္ငန္း ခြင္လုပ္ေဆာင္မႈက ထြက္ေပၚတဲ့ အပူနဲ႔ ထိေတြ႔မႈျဖစ္ၿပီး ေပါက္ကဲြမႈျဖစ္တာလို႔ သံုးသပ္ေတြ႔ရိွရပါတယ္။ တြင္းထဲမွာ ပိတ္မိေနတဲ့ (၅) ေယာက္ကို ကယ္တင္ႏိုင္ဖို႔ ႀကိဳးစားေနေပမဲ့ အသက္နဲ႔ျပန္ရဖို႔ ေမွ်ာ္လင့္ခ်က္က မရိွသေလာက္ပါပဲ။ ေပါက္ကဲြမႈေၾကာင့္ အထဲမွာ ေအာက္ဆီဂ်င္ျပတ္ေနလို႔ ကယ္ဆယ္ေရးအဖဲြ႔ ေတြအေနနဲ႔ တြင္းထဲဆင္းဆယ္ဖို႔က အခက္အခဲနဲ႔ ႀကံဳေတြ႔ေနပါတယ္"ဟု မေကြးတိုင္း မီးသတ္ဦးစီမွဴး ညႊန္ၾကားေရးမွဴး ဦးေအာင္ဝင္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မီးေသြးတြင္း အတြင္း ဆင္းသြားသည့္ (၁၃)ဦးအနက္ ျပင္ပသို႔ ေရာက္လာသည့္ (၇)ဦးအနက္ ဒဏ္ရာ အျပင္းအထန္ရသြားသည့္ ပင္လယ္ဘူးၿမိဳ႕နယ္ အုန္းျပင္ေက်းရြာမွ ကိုေက်ာ္ႏိုင္ထြန္းႏွင့္ ကိုႏိုင္မင္းထြန္းတို႔မွာ ေသဆံုးသြားၿပီး ကိုတင္ေက်ာ္ဝင္းမွာ သတိလစ္ေမ့ေျမေနဆဲျဖစ္ေၾကာင္း ေဆာၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးထံမွ သိရသည္။

တြင္းထဲ၌ က်န္ရိွေနသူ(၆)ဦးအား ကယ္ထုတ္ႏိုင္ေရးေဆာင္ရြက္ရာ စက္တင္ဘာလ(၆)ရက္ေန႔ ညေန (၃) နာရီ (၄၅) မိနစ္တြင္ အုန္းျပင္ေက်းရြာမွ အသက္ (၁၇) ႏွစ္အရြယ္ ေမာင္ေအာင္ဇင္ထြန္း၏ အေလာင္းကို တြင္းထဲမွ ဆြဲထုတ္ႏိုင္ခဲ့ၿပီး က်န္ (၅)ဦးကယ္ဆယ္ႏုိင္ေရးအတြက္ စက္တင္ဘာ(၇)ရက္ေန႔အထိ ဆက္လက္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာလ(၆)ရက္ေန႔က ေက်ာက္မီးေသြးတြင္း အတြင္း ပိတ္မိေနသူမ်ား ကယ္ဆယ္ေရးအတြက္ ေဆာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးျမဝင္း၊  ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေဇာ္လင္း ဦးေဆာင္ေသာ တပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္  ေက်ာက္မီးေသြးတြင္းလုပ္သားမ်ားက ပူးေပါင္း ေဆာင္ရြက္ခဲ့ၿပီး စက္တင္ဘာလ(၇)ရက္ေန႔တြင္လည္း ကယ္ဆယ္ေရး ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဆာၿမိဳ႕မရဲစခန္းတြင္ ထြန္းရာဇ(မႏၱေလး) သတၳဳတူးေဖာ္ေရးကုမၸဏီ၏ မန္ေနဂ်ာ မင္းမင္းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ္မႈပုဒ္မ ၃၀၄(က)/၃၃၈ (ေပါ့ေလ်ာ့မႈေၾကာင့္လူေသမႈ/ ျပင္းထန္ နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္ အေရးယူ စစ္ေဆးေနေၾကာင္း သိရသည္။

မေကြးတိုင္းအတြင္းရိွ ေက်ာက္မီးေသြးလုပ္ကြက္မ်ားတြင္ လုပ္ငန္းခြင္မေတာ္တဆမႈမ်ား မၾကာခဏ ျဖစ္ပြားေနရာ ကန္တုတ္ေဒသရိွ ထုိက္ေနမင္း ေက်ာက္မီးေသြးတူးေဖၚေရးကုမၸဏီ လုပ္ကြက္တြင္ ၂၀၁၅ ခုႏွစ္က ေက်ာက္မီးေသြးတြင္းလိုဏ္ေခါင္းၿပိဳက်၍ လုပ္သား(၁)ဦး ေသဆံုးမႈ၊ မင္းဘူးၿမိဳ႕နယ္ရိွ ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြးလုပ္ကြက္၌ ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇)ရက္ေန႔တြင္ က်င္းအတြင္း ေအာက္ဆီဂ်င္ပို႔လႊတ္ေနသည့္ပိုက္ပြင့္ထြက္၍ တြင္းနံရံႏွင့္ ေဘးကာမ်ား ၿပိဳက်ၿပီး လုပ္သား (၄)ဦး ဒဏ္ရာရကာ (၈)ဦးေသဆံုးမႈ၊ မင္းဘူးၿမိဳ႕နယ္ရိွ ျမင့္ျမတ္ခ်မ္းေအးကုမၸဏီပုိင္ ေက်ာက္မီးေသြးလုပ္ကြက္(၂)တြင္ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ(၁၇)ရက္ေန႔က ဇလားခြက္ျပဳတ္က်၍ လုပ္သား(၁)ဦးဒဏ္ရာရရွိကာ (၁)ဦးေသဆံုးမႈတို႔ ျဖစ္ပြားခဲ့သည္ကို ေတြ႔ရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - မေကြးတိုင္းမီးသတ္ဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ထွန်းရာဇ (မန္တလေး) ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ပိတ်မိနေသည့် အလုပ်သမား(၅)ဦးကို ရှာဖွေရေး လုပ်နေသော်လည်း တွင်းထဲတွင် အောက်ဆီဂျင်ပြတ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

ကျောက်မြောင်းကျေးရွာနှင့် (၂)မိုင်ခန့်အကွာရှိ အဆိုပါ ကျောက်မီးသွေးတွင်း၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်က အလုပ်သမား (၁၃)ဦးအဖွဲ့ လုပ်ငန်းခွင် ဝင်ရန် တွင်းထဲသို့ အဆင်း ပေ(၃၀၀)ကျော်သို့ အရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ပိတ်မိနေသူများကို ရှာဖွေရန်လုပ်ဆောင်နကြခြေင်းဖြစ်သည်။

"သဘာဝ ဓာတ်ငွေ့ရယ်၊ တွင်းထဲကို ပို့လွှတ်ထားတဲ့ အောက်ဆီဂျင်ရယ်၊ လျှပ်စီးမှုနဲ့လုပ်ရတဲ့ လုပ်ငန်း ခွင်လုပ်ဆောင်မှုက ထွက်ပေါ်တဲ့ အပူနဲ့ ထိတွေ့မှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာလို့ သုံးသပ်တွေ့ရှိရပါတယ်။ တွင်းထဲမှာ ပိတ်မိနေတဲ့ (၅) ယောက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားနေပေမဲ့ အသက်နဲ့ပြန်ရဖို့ မျှော်လင့်ချက်က မရှိသလောက်ပါပဲ။ ပေါက်ကွဲမှုကြောင့် အထဲမှာ အောက်ဆီဂျင်ပြတ်နေလို့ ကယ်ဆယ်ရေးအဖွဲ့ တွေအနေနဲ့ တွင်းထဲဆင်းဆယ်ဖို့က အခက်အခဲနဲ့ ကြုံတွေ့နေပါတယ်"ဟု မကွေးတိုင်း မီးသတ်ဦးစီမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မီးသွေးတွင်း အတွင်း ဆင်းသွားသည့် (၁၃)ဦးအနက် ပြင်ပသို့ ရောက်လာသည့် (၇)ဦးအနက် ဒဏ်ရာ အပြင်းအထန်ရသွားသည့် ပင်လယ်ဘူးမြို့နယ် အုန်းပြင်ကျေးရွာမှ ကိုကျော်နိုင်ထွန်းနှင့် ကိုနိုင်မင်းထွန်းတို့မှာ သေဆုံးသွားပြီး ကိုတင်ကျော်ဝင်းမှာ သတိလစ်မေ့မြေနေဆဲဖြစ်ကြောင်း ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တွင်းထဲ၌ ကျန်ရှိနေသူ(၆)ဦးအား ကယ်ထုတ်နိုင်ရေးဆောင်ရွက်ရာ စက်တင်ဘာလ(၆)ရက်နေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် အုန်းပြင်ကျေးရွာမှ အသက် (၁၇) နှစ်အရွယ် မောင်အောင်ဇင်ထွန်း၏ အလောင်းကို တွင်းထဲမှ ဆွဲထုတ်နိုင်ခဲ့ပြီး ကျန် (၅)ဦးကယ်ဆယ်နိုင်ရေးအတွက် စက်တင်ဘာ(၇)ရက်နေ့အထိ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ(၆)ရက်နေ့က ကျောက်မီးသွေးတွင်း အတွင်း ပိတ်မိနေသူများ ကယ်ဆယ်ရေးအတွက် ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောက်မီးသွေးတွင်းလုပ်သားများက ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ(၇)ရက်နေ့တွင်လည်း ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆောမြို့မရဲစခန်းတွင် ထွန်းရာဇ(မန္တလေး) သတ္ထုတူးဖော်ရေးကုမ္ပဏီ၏ မန်နေဂျာ မင်းမင်းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ်မှုပုဒ်မ ၃၀၄(က)/၃၃၈ (ပေါ့လျော့မှုကြောင့်လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးလုပ်ကွက်များတွင် လုပ်ငန်းခွင်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေရာ ကန်တုတ်ဒေသရှိ ထိုက်နေမင်း ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တွင် ၂၀၁၅ ခုနှစ်က ကျောက်မီးသွေးတွင်းလိုဏ်ခေါင်းပြိုကျ၍ လုပ်သား(၁)ဦး သေဆုံးမှု၊ မင်းဘူးမြို့နယ်ရှိ ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ကျင်းအတွင်း အောက်ဆီဂျင်ပို့လွှတ်နေသည့်ပိုက်ပွင့်ထွက်၍ တွင်းနံရံနှင့် ဘေးကာများ ပြိုကျပြီး လုပ်သား (၄)ဦး ဒဏ်ရာရကာ (၈)ဦးသေဆုံးမှု၊ မင်းဘူးမြို့နယ်ရှိ မြင့်မြတ်ချမ်းအေးကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်(၂)တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့က ဇလားခွက်ပြုတ်ကျ၍ လုပ်သား(၁)ဦးဒဏ်ရာရရှိကာ (၁)ဦးသေဆုံးမှုတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မကွေးတိုင်းမီးသတ်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~