ကျောက်မဲ - မိုးကုတ်လမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

ကျောက်မဲ - မိုးကုတ်လမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ
စက်တင်ဘာ 3, 2018
By Tachileik News Agency




သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ ရပ်ကွက်(၉) နယ်မြေ(၂) ကျောက်မဲ - မိုးကုတ်လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ နံနက် (၁)နာရီ (၄၅)မိနစ်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး ထံမှ ဘိန်းဖြူ(ဝ.၂)ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျောက်မဲ - မိုးကုတ်လမ်း၊ ရပ်ကွက်(၉)၊ နယ်မြေ(၂)၊ အထက(၂)ကျောင်းရှေ့တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို စစ်ဆေးရာ ဘိန်းဖြူ(ဝ.၂)ဂရမ်နှင့် 88/1 စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀၀)တို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းသန်းထွန်းကို ကျောက်မဲမြို့ရဲစခန်းတွင် မယ(ပ) ၂၃/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~