သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင် ကက္ကူဘုရား စေတီများ ပြုပြင်မှု ၂၀၁၈ နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြုပြင်နိုင်ဖွယ်ရှိ

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင် ကက္ကူဘုရား စေတီများ ပြုပြင်မှု ၂၀၁၈ နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြုပြင်နိုင်ဖွယ်ရှိ
စကျတငျဘာ 19, 2018
By Tachileik News Agency



ကက္ကူဘုရားသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် သဘာဝဘေးအန္တရာယ်ကြောင့် စေတီအဆူပေါင်း (၁၀၃၈)ဆူ ပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင်နေခြင်းဖြစ်ကာ စေတီအကြီးတစ်ဆူကို ၂၀၁၇ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ပြုပြင်မှုပြီး၍ ထီးတော်တင်လှူနိုင်ခဲ့ကြောင်း သိရသည်။

ပြုပြင်ပြီး စေတီကြီးတစ်ဆူဖြစ်သည့် ဖောင်တော်စိုက်စေတီကိုလည်း ၂၀၁၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူခဲ့ပြီး လက်ရှိတွင် စေတီငယ်များကို ပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - နိုနို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်ကက္ကူဘုရားတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် စေတီ (၁,ဝ၃၈)ဆူကို ပြုပြင်နေရာ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြုပြင်နိုင်ဖွယ်ရှိကြောင်း သမိုင်းဝင်ကက္ကူဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“စေတီတွေက ပြင်ပြီးသားတွေက တော်တော်လေး ပြီးနေပါပြီ။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတဲ့ စေတီက (၁,ဝ၃၈) ဆူမှာ ခုပြီးသွားတာက ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဆိုရင် စေတီပေါင်း (၈၀၀)လောက် ပြုပြင်ပြီးသွားပါပြီ။ မပြုပြင်ရသေးတဲ့ စေတီပေါင်းက (၂၃၈) ဆူကျန်သေးတယ်။ ဒီနှစ်၂၀၁၈ ခုနှစ်ကုန်မှာ အပြီးပြုပြင်ဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့စေတီအရန်တွေက နည်းနည်းစီပဲ ကျန်တော့တယ်။ ထီး ယိုင်တာတွေ နည်းနည်းပဲကျန်တယ်” ဟု သမိုင်းဝင်ကက္ကူဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးခွန်ကျော်စန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကက္ကူဘုရားသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် သဘာဝဘေးအန္တရာယ်ကြောင့် စေတီအဆူပေါင်း (၁၀၃၈)ဆူ ပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင်နခြေင်းဖြစ်ကာ စေတီအကြီးတစ်ဆူကို ၂၀၁၇ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ပြုပြင်မှုပြီး၍ ထီးတော်တင်လှူနိုင်ခဲ့ကြောင်း သိရသည်။

ပြုပြင်ပြီး စေတီကြီးတစ်ဆူဖြစ်သည့် ဖောင်တော်စိုက်စေတီကိုလည်း ၂၀၁၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူခဲ့ပြီး လက်ရှိတွင် စေတီငယ်များကို ပြုပြင်နခြေင်းဖြစ်ကြောင်း သိရသည်။

က္ကူဘုရားပရဝုဏ်တွင် စေတီတော်ပေါင်း (၂,၄၇၈) ဆူရှိသည့်အနက် ၂၀၁၆ ခုနှစ်က သဘာဝ ဘေးဒဏ်ကြောင့် (၁,ဝ၃၈) ဆူပျက်စီးခဲ့ပြီး လက်ရှိတွင်ပြုပြင်ရန်ကျန်နေဆဲ စေတီတော်အဆူပေါင်း (၂၃၈)ဆူ ရှိကြောင်း သိရသည်။

သတင်း - နိုနို


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~