ေလာင္းကစား ဂိမ္းခံုမ်ား မဖြင့္ရန္ ရဲႏွင့္ေထြအုပ္က သတိေပးထားေသာ္လည္း​ ဆက္ဖြင့္ေန၍ ေဒသခံမ်ားက ဝိုင္း၀န္း ဖ်က္ဆီး

ေလာင္းကစား ဂိမ္းခံုမ်ား မဖြင့္ရန္ ရဲႏွင့္ေထြအုပ္က သတိေပးထားေသာ္လည္း​ ဆက္ဖြင့္ေန၍ ေဒသခံမ်ားက ဝိုင္း၀န္း ဖ်က္ဆီး
စက်တင်ဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ ရပ္ကြက္(၈)၊ ခိုလံုေက်းရြာမွ ေလာင္းကစားဂိမ္းခံုအား ပိတ္သိမ္းရန္ ေဒသတာဝန္ရိွသူမ်ားက သတိေပးထားေသာ္လည္း မပိတ္သျဖင့္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ ေဒသခံမ်ားက ဂိမ္းခံုကို ဝိုင္းဝန္းဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

ကြတ္ခိုင္ၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္၊ ခိုလံုေက်းရြာအဝင္လမ္း ေကာင္းခါးလမ္းခြဲရွိေနအိမ္တြင္ ငါးမန္း ေလာင္းကစား ဂိမ္းခံုမ်ား ဖြင့္လွစ္ထားေၾကာင္း သတင္းရရွိသည့္ အတြက္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ၿမိဳ႕မရဲတပ္ဖြဲ႔တို႔မွ တာဝန္ရိွသူမ်ားက ပိုင္ရွင္မ်ားကို ေခၚယူသတိေပးကာ ဂိမ္းဆိုင္ ဆက္မဖြင့္ရန္ ခံဝန္ကတိ ထိုးခိုင္းထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေဒသမွာက အဖြဲ႔အစည္းေတြနဲ႔ ပတ္သက္ေနသူေတြလည္း ရွိတယ္။ အေျခအေနအရ ကၽြန္ေတာ္တို႔က အေရးယူ ကိုင္တြယ္ရတာ ခက္ခဲပါတယ္။ ဒါေၾကာင့္ ဂိမ္းဆိုင္ဖြင့္ထားသူေတြလို႔ သတင္းရသူေတြကို ေထြ/အုပ္နဲ႔ ရဲတပ္ဖြဲ႔က ေခၚေတြ႔ၿပီး ဆက္မဖြင့္ဖို႔၊ ပစၥည္းေတြသိမ္းဖို႔၊ ခံဝန္ကတိေတြလည္း ထိုးခိုင္း ထားပါတယ္။ ခုတေလာမွာက မုန္႔စားပြဲနီးေနေတာ့ အဲဒီဖ်က္ဆီးခံရတဲ့အိမ္ကလည္း ဆိုင္ကို ပိတ္မယ့္ပံု မရွိတာနဲ႔ ရပ္ကြက္က ဝိုင္းၿပီးဖ်က္ၾကတာပါ ” ဟု ကြတ္ခိုင္ၿမိဳ႕မရဲစခန္း စခန္းမွဴး ရဲမွဴးတင္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ စက္တင္ဘာလ (၁၇) ရက္ေန႔တြင္ ေျပာသည္။

အဆိုပါဆုိင္အား ေဒသခံမ်ားက ဝင္ေရာက္ဖ်က္ဆီးခ်ိန္တြင္ ဆုိင္ပိုင္ရွင္မွာ ေနအိမ္တြင္ မရိွေၾကာင္း သိရသည္။

“ဂိမ္းဆိုင္ေတြက အမ်ားႀကီးရွိပါတယ္။ အေပ်ာ္သေဘာ သြားေဆာ့တာေလာက္က ျပႆနာမရွိေပမဲ့ ေတာ္ေတာ္မ်ားမ်ားက ဆိုင္ကယ္ေတြ၊ ဖုန္းေတြ ေပါင္ႏွံေရာင္းခ်ၿပီးေတာ့ ေဆာ့ၾကတယ္။ ႏုိင္လာတဲ့သူက မရွိသေလာက္ ရွားပါတယ္။ ၿပီးေတာ့ အဲဒီလိုေနရာေတြမွာ မူးယစ္ေဆးဝါးသံုးစြဲတာေတြကအစ ေတြ႔ေနရတယ္။ ဒါေၾကာင့္ ရဲတပ္ဖြဲ႔က ဖမ္းဆီးဖို႔ခက္တယ္ဆိုရင္ အခုလို ျပည္သူလူထုက လူညီညီနဲ႔ ဝိုင္းဖ်က္ၿပီး ကန္႔ကြက္ၾကတာက ပိုေကာင္းတယ္” ဟု ကြတ္ခိုင္ၿမိဳ႕ အမွတ္ (၅) ရပ္ကြက္တြင္ ေနထိုင္သူ ကိုမင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဂိမ္းဆိုင္အား ဝိုင္းဝန္းဖ်က္ဆီးၾကသူမ်ားကို ရဲတပ္ဖြဲ႔က အေရးယူမႈျပဳလုပ္မည္ မဟုတ္ဘဲ ကြတ္ခိုင္ၿမိဳ႕နယ္ အတြင္းရွိ လူေနရပ္ကြက္မ်ား၊ ေက်းရြာမ်ားတြင္ ငါးမန္းဂိမ္းေလာင္းကစားခံုမ်ား ဖြင့္လွစ္ထားသူမ်ား မရွိေစရန္ ရဲတပ္ဖြဲ႕အေနျဖင့္ တားျမစ္ႏုိင္ေရးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕မရဲတပ္ဖြဲ႔ စခန္းမွဴးထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ ရပ်ကွက်(၈)၊ ခိုလုံကျေးရွာမှ လောင်းကစားဂိမ်းခုံအား ပိတ်သိမ်းရန် ဒေသတာဝန်ရှိသူများက သတိပေးထားသော်လည်း မပိတ်သဖြင့် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ဒေသခံများက ဂိမ်းခုံကို ဝိုင်းဝန်းဖျက်ဆီးလိုက်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ ခိုလုံကျေးရွာအဝင်လမ်း ကောင်းခါးလမ်းခွဲရှိနေအိမ်တွင် ငါးမန်း လောင်းကစား ဂိမ်းခုံများ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည့် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပိုင်ရှင်များကို ခေါ်ယူသတိပေးကာ ဂိမ်းဆိုင် ဆက်မဖွင့်ရန် ခံဝန်ကတိ ထိုးခိုင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဒေသမှာက အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေသူတွေလည်း ရှိတယ်။ အခြေအနေအရ ကျွန်တော်တို့က အရေးယူ ကိုင်တွယ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် ဂိမ်းဆိုင်ဖွင့်ထားသူတွေလို့ သတင်းရသူတွေကို ထွေ/အုပ်နဲ့ ရဲတပ်ဖွဲ့က ခေါ်တွေ့ပြီး ဆက်မဖွင့်ဖို့၊ ပစ္စည်းတွေသိမ်းဖို့၊ ခံဝန်ကတိတွေလည်း ထိုးခိုင်း ထားပါတယ်။ ခုတလောမှာက မုန့်စားပွဲနီးနေတော့ အဲဒီဖျက်ဆီးခံရတဲ့အိမ်ကလည်း ဆိုင်ကို ပိတ်မယ့်ပုံ မရှိတာနဲ့ ရပ်ကွက်က ဝိုင်းပြီးဖျက်ကြတာပါ ” ဟု ကွတ်ခိုင်မြို့မရဲစခန်း စခန်းမှူး ရဲမှူးတင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ပြောသည်။

အဆိုပါဆိုင်အား ဒေသခံများက ဝင်ရောက်ဖျက်ဆီးချိန်တွင် ဆိုင်ပိုင်ရှင်မှာ နေအိမ်တွင် မရှိကြောင်း သိရသည်။

“ဂိမ်းဆိုင်တွေက အများကြီးရှိပါတယ်။ အပျော်သဘော သွားဆော့တာလောက်က ပြဿနာမရှိပေမဲ့ တော်တော်များများက ဆိုင်ကယ်တွေ၊ ဖုန်းတွေ ပေါင်နှံရောင်းချပြီးတော့ ဆော့ကြတယ်။ နိုင်လာတဲ့သူက မရှိသလောက် ရှားပါတယ်။ ပြီးတော့ အဲဒီလိုနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေကအစ တွေ့နေရတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ခက်တယ်ဆိုရင် အခုလို ပြည်သူလူထုက လူညီညီနဲ့ ဝိုင်းဖျက်ပြီး ကန့်ကွက်ကြတာက ပိုကောင်းတယ်” ဟု ကွတ်ခိုင်မြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ကိုမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂိမ်းဆိုင်အား ဝိုင်းဝန်းဖျက်ဆီးကြသူများကို ရဲတပ်ဖွဲ့က အရေးယူမှုပြုလုပ်မည် မဟုတ်ဘဲ ကွတ်ခိုင်မြို့နယ် အတွင်းရှိ လူနေရပ်ကွက်များ၊ ကျေးရွာများတွင် ငါးမန်းဂိမ်းလောင်းကစားခုံများ ဖွင့်လှစ်ထားသူများ မရှိစေရန် ရဲတပ်ဖွဲ့အနဖြေင့် တားမြစ်နိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့ စခန်းမှူးထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~