မိုင္းယုၿမိဳ႕၏ တစ္ဖက္ အထူးေဒသ(၄)တြင္ မိုးထပ္မံရြာပါက က်ဳိင္းခမ္းဆည္ေရ လႊတ္မည္ျဖစ္၍ နမ့္ေလြေခ်ာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ား သတိထားရန္ လိုအပ္

မိုင္းယုၿမိဳ႕၏ တစ္ဖက္ အထူးေဒသ(၄)တြင္ မိုးထပ္မံရြာပါက က်ဳိင္းခမ္းဆည္ေရ လႊတ္မည္ျဖစ္၍ နမ့္ေလြေခ်ာင္းတစ္ေလွ်ာက္ရွိ ေက်းရြာမ်ား သတိထားရန္ လိုအပ္
စက်တင်ဘာ 5, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕ တစ္ဖက္ကမ္းရွိ အထူးေဒသ (၄)တြင္ မိုးထပ္မံ ရြာသြန္းပါက က်ဳိင္းခမ္းေရအားလွ်ပ္စစ္၏ ဆည္ေရလႊတ္ရမည္ျဖစ္သျဖင့္ မိုင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္း တစ္ေလွ်ာက္တြင္ ေနထုိင္သူမ်ား အထူးသတိျပဳ ေနထုိင္ရန္ႏွင့္ ဆည္ေရလႊတ္မည္ ဆိုပါက ရပ္/ေက်းမ်ားမွ တစ္ဆင့္ ႀကိဳတင္ အသိေပးသြားရန္လည္း ျပင္ဆင္ထားေၾကာင္း သိရသည္။

“ဒီေန႔ ရပ္/ေက်းေတြေရာပါတဲ့ အစည္းအေဝးမွာေတာ့ အေျခအေနကို ေျပာျပထားပါတယ္။ မိုးထပ္ရြာရင္ေတာ့ သူတို႔ဘက္က ဆည္ေရ လႊတ္ရမွာျဖစ္တယ္။ ဆည္ေရလႊတ္မယ္ဆုိရင္လည္း ကၽြန္ေတာ္တုိ႔ဘက္ကို ႀကိဳၿပီး အသိေပးမယ္ ေျပာထားပါတယ္။ အထူးသျဖင့္ေတာ့ ေခ်ာင္းေဘးတေလွ်ာက္ ေနထိုင္သူေတြကို ဆည္ေရ လႊတ္မယ္ဆိုတာနဲ႔ ရပ္/ေက်းေတြကတစ္ဆင့္ ႀကိဳတင္အသိေပးဖို႔ ျပင္ဆင္ထားပါတယ္”ဟု မိုင္းယုၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာက ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၅)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လတ္တေလာတြင္ အဆိုပါေဒသ၌ မိုးရြာသြန္းျခင္းမရိွေသာ္လည္း မိုးရြာသည္ႏွင့္ ဆည္ေရ လႊတ္ရမည္ျဖစ္ရာ မိုင္းယုၿမိဳ႕ နမ့္ေလြေခ်ာင္း တစ္ေလွ်ာက္ေနထိုင္သူမ်ား အေနျဖင့္ ေရဝင္ နစ္ျမဳပ္မႈေၾကာင့္ ပ်က္စီးဆံုးရံႈးမႈမရိွေစရန္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားၾကရန္ စက္တင္ဘာလ(၅)ရက္ေန႔တြင္ က်င္းပသည့္ ၿမိဳ႕အုပ္ခ်ဳပ္ေရး၊ ရပ္/ေက်းႏွင့္ ဌာနဆိုင္ရာမ်ားပါဝင္သည့္ ဌာနဆုိင္ရာမ်ား လုပ္ငန္းညိႇႏိႈင္း အစည္းအေဝးတြင္ အသိေပးထားေၾကာင္း သိရသည္။

ဆည္ေရလႊတ္ပါက မိုင္းယုၿမိဳ႕ရိွ အနိမ့္ပိုင္းမ်ားျဖစ္သည့္ ၿမိဳ႕မ၊ ေဒါင္းေနးရပ္ကြက္ နမ့္ေလြေခ်ာင္းကမ္းပါး အနီးရိွ အိမ္ေျခ(၃၀)ေက်ာ္၊ ေခ်ာင္းေအာက္ဖက္တေလွ်ာက္ရိွ ဒြန္းႏြဲ႕၊ တာေပါက္၊ ဝမ္ယမ္းခမ္း၊ ဝမ္ဆလီ၊ ဝမ္ေပါက္ေက်းရြာမ်ားတြင္ ေရဝင္နစ္ျမဳပ္မႈမ်ား ျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ တစ်ဖက်ကမ်းရှိ အထူးဒေသ (၄)တွင် မိုးထပ်မံ ရွာသွန်းပါက ကျိုင်းခမ်းရေအားလျှပ်စစ်၏ ဆည်ရေလွှတ်ရမည်ဖြစ်သဖြင့် မိုင်းယုမြို့ နမ့်လွေချောင်း တစ်လျှောက်တွင် နေထိုင်သူများ အထူးသတိပြု နေထိုင်ရန်နှင့် ဆည်ရေလွှတ်မည် ဆိုပါက ရပ်/ကျေးများမှ တစ်ဆင့် ကြိုတင် အသိပေးသွားရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။

“ဒီနေ့ ရပ်/ကျေးတွေရောပါတဲ့ အစည်းအဝေးမှာတော့ အခြေအနေကို ပြောပြထားပါတယ်။ မိုးထပ်ရွာရင်တော့ သူတို့ဘက်က ဆည်ရေ လွှတ်ရမှာဖြစ်တယ်။ ဆည်ရေလွှတ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကို ကြိုပြီး အသိပေးမယ် ပြောထားပါတယ်။ အထူးသဖြင့်တော့ ချောင်းဘေးတလျှောက် နေထိုင်သူတွေကို ဆည်ရေ လွှတ်မယ်ဆိုတာနဲ့ ရပ်/ကျေးတွေကတစ်ဆင့် ကြိုတင်အသိပေးဖို့ ပြင်ဆင်ထားပါတယ်”ဟု မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်စွာက ၂၀၁၈ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် အဆိုပါဒေသ၌ မိုးရွာသွန်းခြင်းမရှိသော်လည်း မိုးရွာသည်နှင့် ဆည်ရေ လွှတ်ရမည်ဖြစ်ရာ မိုင်းယုမြို့ နမ့်လွေချောင်း တစ်လျှောက်နေထိုင်သူများ အနဖြေင့် ရေဝင် နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် စက်တင်ဘာလ(၅)ရက်နေ့တွင် ကျင်းပသည့် မြို့အုပ်ချုပ်ရေး၊ ရပ်/ကျေးနှင့် ဌာနဆိုင်ရာများပါဝင်သည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အသိပေးထားကြောင်း သိရသည်။

ဆည်ရေလွှတ်ပါက မိုင်းယုမြို့ရှိ အနိမ့်ပိုင်းများဖြစ်သည့် မြို့မ၊ ဒေါင်းနေးရပ်ကွက် နမ့်လွေချောင်းကမ်းပါး အနီးရှိ အိမ်ခြေ(၃၀)ကျော်၊ ချောင်းအောက်ဖက်တလျှောက်ရှိ ဒွန်းနွဲ့၊ တာပေါက်၊ ဝမ်ယမ်းခမ်း၊ ဝမ်ဆလီ၊ ဝမ်ပေါက်ကျေးရွာများတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~