က်ဳိင္းတံုၿမိဳ႕တြင္ ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးမႈျဖင့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္ေပၚပါ သူမ်ား ထြက္ေျပးတိမ္းေရွာင္ လြတ္ေျမာက္သြားၿပီး က်န္ရစ္သည့္ ယာဥ္ေပၚတြင္ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ

က်ဳိင္းတံုၿမိဳ႕တြင္ ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးမႈျဖင့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္ေပၚပါ သူမ်ား ထြက္ေျပးတိမ္းေရွာင္ လြတ္ေျမာက္သြားၿပီး က်န္ရစ္သည့္ ယာဥ္ေပၚတြင္ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ
စက်တင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕နယ္၊ ကတ္ဖေက်းရြာအုပ္စု၊ ကတ္ဖေက်းရြာႏွင့္ ေနာင္ငင္း ေက်းရြာၾကား က်ဳိင္းတံု - မုိင္းလားကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃) ရက္ေန႔ နံနက္ (၃)နာရီခြဲဝန္းက်င္က ေရွာင္တခင္ပိတ္ဆုိ႔ ရွာေဖြစစ္ေဆးစဥ္ ယာဥ္ေပၚပါသူမ်ား ထြက္ေျပးၿပီး က်န္ရစ္သည့္ ေမာ္ေတာ္ယာဥ္တြင္အိုက္စ္ (၁၀၀) ကီလိုဂရမ္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွဴး ဒုတိယရဲမွဴးသန္းထြန္းေအာင္ ဦးစီး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မူးယစ္တပ္ဖြဲ႕စု(၂၈) (က်ဳိင္းတံု)မွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ က်ဳိင္းတံုၿမိဳ႕နယ္၊ ကတ္ဖအုပ္စု၊ ကတ္ဖေက်းရြာႏွင့္ ေနာင္ငင္းေက်းရြာၾကား က်ဳိင္းတံု-မုိင္းလား သြားလမ္းမေပၚတြင္ ေရွာင္တခင္ပိတ္ဆုိ႔ ရွာေဖြ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မုိင္းလားၿမိဳ႕ဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္းသုိ႔ ေမာင္းႏွင္လာေသာ Fortuner ေမာ္ေတာ္ယာဥ္အား စစ္ေဆးရန္ ရပ္တန္႔ေစရာ ေမာ္ေတာ္ယာဥ္မွာ ရုတ္တရက္ေနာက္သုိ႔ျပန္ဆုတ္ခဲ့ၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေပၚပါ (၂) ဦး ကားေပၚမွ ဆင္း၍ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

က်န္ခဲ့သည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ပီနံအိတ္အတြင္း လက္ဖက္ေျခာက္အိတ္ျဖင့္ထုတ္ထားသည့္ ICE (၁၀၀) ကီလိုဂရမ္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ အမႈႏွင့္စပ္လ်ဥ္း၍ ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ရန္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၉၂/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၉(က)/ ၂၀(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာနှင့် နောင်ငင်း ကျေးရွာကြား ကျိုင်းတုံ - မိုင်းလားကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်က ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးစဉ် ယာဉ်ပေါ်ပါသူများ ထွက်ပြေးပြီး ကျန်ရစ်သည့် မော်တော်ယာဉ်တွင်အိုက်စ် (၁၀၀) ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူးသန်းထွန်းအောင် ဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၂၈) (ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကတ်ဖအုပ်စု၊ ကတ်ဖကျေးရွာနှင့် နောင်ငင်းကျေးရွာကြား ကျိုင်းတုံ-မိုင်းလား သွားလမ်းမပေါ်တွင် ရှောင်တခင်ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းလားမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသော Fortuner မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေရာ မော်တော်ယာဉ်မှာ ရုတ်တရက်နောက်သို့ပြန်ဆုတ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ (၂) ဦး ကားပေါ်မှ ဆင်း၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ကျန်ခဲ့သည့် မော်တော်ယာဉ်အား စစ်ဆေးရာ ပီနံအိတ်အတွင်း လက်ဖက်ခြောက်အိတ်ဖြင့်ထုတ်ထားသည့် ICE (၁၀၀) ကီလိုဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၉၂/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~