မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီး၌ ဓါတ္ခြဲ (၂၇)မ်ိဳးကို အခမဲ့ေဆာင္ရြက္ေပးေနၿပီး ျပင္ပဓါတ္ခြဲခန္းမ်ားမွ ေဆးရံုအတြင္း ဓါတ္ခြဲလူနာရွာျခင္းအား တားျမစ္ခ်က္ ထုတ္ထား

မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီး၌ ဓါတ္ခြဲ (၂၇)မ်ိဳးကို အခမဲ့ေဆာင္ရြက္ေပးေနၿပီး ျပင္ပဓါတ္ခြဲခန္းမ်ားမွ ေဆးရံုအတြင္း ဓါတ္ခြဲလူနာရွာျခင္းအား တားျမစ္ခ်က္ ထုတ္ထား
စက်တင်ဘာ 5, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ျပည္သူ႔ေဆးရံုႀကီးတြင္ ျပင္ပဓါတ္ခဲြခန္းမွ ပုဂၢိဳလ္မ်ား ေဆးကုသေဆာင္အတြင္းသို႔ ဓာတ္ခဲြစစ္ေဆးရန္ အတြက္ ဝင္ေရာက္ေဆာင္ရြက္ျခင္းမ်ားမျပဳရန္ ညႊန္ၾကားခ်က္ထုတ္ျပန္ထားေၾကာင္း မေကြးတုိင္းေဒသႀကီး ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီးထံမွ သိရသည္။

"ဓါတ္ခဲြနဲ႔ပတ္သက္ၿပီး အျပင္ဓာတ္ခဲြခန္းေတြ ပို႔ေနၾကတယ္။ အျပင္ပို႔တယ္ဆိုတာကလည္း ႏွစ္ပိုင္းေပါ့။ ေဆးရံုမွာ အခမဲ့ရတာကို မသိလို႔ပဲျဖစ္ျဖစ္ တစ္ခါ အျပင္ဓါတ္ခဲြခန္းေတြက သူတို႔ဆီလူနာပို႔ရင္ ဓါတ္ခဲြခရဲ႕ ေလးပံုတစ္ပံု၊ သို႔မဟုတ္ သံုးပံုတစ္ပံုကို လူနာရွာေပးသူဆီ ျပန္ေပးတယ္လို႔ သိရတယ္” ဟု မေကြးတိုင္း ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာျမတ္စိုးက ေျပာသည္။

ျပည္သူ႔ေဆးရံုႀကီး၌ စရိတ္မွ်ေပးစနစ္ျဖင့္ ဓါတ္ခြဲစမ္းသပ္ခြင့္ရိွေနေသာ္လည္း ျပင္ပဓါတ္ခဲြခန္းမ်ားက ေဆးရံုလူနာေဆာင္အထိ လာေရာက္ကာ လူနာထံမွ ေသြးေဖာက္ယူၿပီး ဓါတ္ခြဲစမ္းသပ္သည့္လူနာရရိွေရး ေဆာင္ရြက္မႈမ်ားရိွေနရာ မသိနားမလည္သည့္လူနာမ်ားမွာ ဓါတ္ခြဲစမ္းသပ္ခ ဝန္ထုပ္ဝန္ပိုးျဖစ္ေနသျဖင့္ ယင္းကဲ့သို႔ ထုတ္ျပန္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ျပင္ပဓာတ္ခဲြခန္းကေနၿပီး ေဆးရံုေပၚက ကုသေဆာင္ေတြအထိလာၿပီး ေသြးေဖာက္ယူတယ္။ ေျပစာေဘာက္ခ်ာမေပးဘဲ လူနာမွတ္တမ္းက လူနာအမည္ကိုမွတ္ယူၿပီး ေငြကို တစ္ခါ တည္းရွင္းေပးလိုက္ ရတယ္။ အဲဒါမ်ိဳးေတြအမ်ားႀကီးၾကံဳေတြ႔ေနရတယ္"ဟု သဒၵါရွင္ ရွင္မႈကူညီေရးအသင္းမွ ကိုေနမိုးေဆြေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တိုင္းအဆင့္ေဆးရံုႀကီးမ်ားတြင္  ဓာတ္ခဲြ(၂၇)မ်ိဳး အခမဲ့စစ္ေဆးေပးႏိုင္ရန္ ႏုိင္ငံေတာ္က ေဆာင္ရြက္ ေပးထား၍ အဆိုပါ ဓာတ္ခဲြ(၂၇)မ်ိဳးကို အခမဲ့စစ္ေဆးေပးေနၿပီး စရိတ္မွ်ေပးရမည့္ ဓာတ္ခဲြအမ်ိဳးအစားမ်ားကိုလည္း ေဆးရံုတြင္ တရားဝင္အသိေပးစာကပ္၍ ေၾကညာေပးထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပဓာတ်ခွဲခန်းမှ ပုဂ္ဂိုလ်များ ဆေးကုသဆောင်အတွင်းသို့ ဓာတ်ခွဲစစ်ဆေးရန် အတွက် ဝင်ရောက်ဆောင်ရွက်ခြင်းများမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

"ဓာတ်ခွဲနဲ့ပတ်သက်ပြီး အပြင်ဓာတ်ခွဲခန်းတွေ ပို့နကြေတယ်။ အပြင်ပို့တယ်ဆိုတာကလည်း နှစ်ပိုင်းပေါ့။ ဆေးရုံမှာ အခမဲ့ရတာကို မသိလို့ပဲဖြစ်ဖြစ် တစ်ခါ အပြင်ဓာတ်ခွဲခန်းတွေက သူတို့ဆီလူနာပို့ရင် ဓာတ်ခွဲခရဲ့ လေးပုံတစ်ပုံ၊ သို့မဟုတ် သုံးပုံတစ်ပုံကို လူနာရှာပေးသူဆီ ပြန်ပေးတယ်လို့ သိရတယ်” ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောသည်။

ပြည်သူ့ဆေးရုံကြီး၌ စရိတ်မျှပေးစနစ်ဖြင့် ဓာတ်ခွဲစမ်းသပ်ခွင့်ရှိနေသော်လည်း ပြင်ပဓာတ်ခွဲခန်းများက ဆေးရုံလူနာဆောင်အထိ လာရောက်ကာ လူနာထံမှ သွေးဖောက်ယူပြီး ဓာတ်ခွဲစမ်းသပ်သည့်လူနာရရှိရေး ဆောင်ရွက်မှုများရှိနေရာ မသိနားမလည်သည့်လူနာများမှာ ဓာတ်ခွဲစမ်းသပ်ခ ဝန်ထုပ်ဝန်ပိုးဖြစ်နေသဖြင့် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ပြင်ပဓာတ်ခွဲခန်းကနပြေီး ဆေးရုံပေါ်က ကုသဆောင်တွေအထိလာပြီး သွေးဖောက်ယူတယ်။ ပြေစာဘောက်ချာမပေးဘဲ လူနာမှတ်တမ်းက လူနာအမည်ကိုမှတ်ယူပြီး ငွေကို တစ်ခါ တည်းရှင်းပေးလိုက် ရတယ်။ အဲဒါမျိုးတွေအများကြီးကြုံတွေ့နေရတယ်"ဟု သဒ္ဒါရှင် ရှင်မှုကူညီရေးအသင်းမှ ကိုနေမိုးဆွေကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းအဆင့်ဆေးရုံကြီးများတွင် ဓာတ်ခွဲ(၂၇)မျိုး အခမဲ့စစ်ဆေးပေးနိုင်ရန် နိုင်ငံတော်က ဆောင်ရွက် ပေးထား၍ အဆိုပါ ဓာတ်ခွဲ(၂၇)မျိုးကို အခမဲ့စစ်ဆေးပေးနပြေီး စရိတ်မျှပေးရမည့် ဓာတ်ခွဲအမျိုးအစားများကိုလည်း ဆေးရုံတွင် တရားဝင်အသိပေးစာကပ်၍ ကြေညာပေးထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~