မိုင္းတြမ္း - တာခ်ီလိတ္သြား လမ္းေပၚတြင္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ဳိးသား(၂)ဦး ထြက္ေျပး လြတ္ေျမာက္သြားေသာ္လည္း ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

မိုင္းတြမ္း - တာခ်ီလိတ္သြား လမ္းေပၚတြင္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ဳိးသား(၂)ဦး ထြက္ေျပး လြတ္ေျမာက္သြားေသာ္လည္း ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းတြမ္း - တာခ်ီလိတ္သြားလမ္းေပၚ လြယ္ပါရင္(၁)ေက်းရြာအနီးတြင္ အမ်ဳိးသား(၂)ဦး ေမာင္းလာသည့္ ဆိုင္ကယ္သည္ စစ္ေဆးေရးအဖြဲ႔အား ေတြ႔ရွိ၍ ဆိုင္ကယ္ထားခဲ့ကာ ထြက္ေျပးလြတ္ေျမာက္သြားၿပီးေနာက္ မနီးမေ၀းတြင္ က်န္ရစ္ခဲ့သည့္ မူးယစ္ေဆး၀ါးမ်ားကို သိမ္းဆည္း ရမိေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ စတံုးေက်းရြာအုပ္စု၊ လြယ္ပါရင္(၁)ေက်းရြာအနီးတြင္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔  ညေန(၃)နာရီေက်ာ္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ေနသည့္ နယ္ေျမခံတပ္ႏွင့္ ပူးေပါင္း အဖြဲ႔အား ေတြ႔ရွိသြားသည့္ အမည္မသိ အမ်ဳိးသား(၂)ဦးသည္ ဆိုင္ကယ္အား ထားရစ္ခဲ့ကာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

ဆက္လက္၍ က်န္ရစ္ခဲ့သည့္ ေမာ္ေတာ္ဆိုင္ကယ္အား စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ဆိုင္ကယ္အတြင္းမွ မည္သည့္ ပစၥည္းမွ် မေတြ႔ရေသာ္လည္း ညေန(၅)နာရီ၀န္းက်င္ အခ်ိန္တြင္ အဆိုပါ အမ်ဳိးသား (၂)ဦး ထြက္ေျပးသြားသည့္ ကိုက္(၂၀၀)ခန္႔အကြာ ေတာင္ေစာင္းအနီး ရွင္းလင္းရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ေက်ာပိုးအိတ္တစ္လံုးအား ညေန(၅း၂၀)နာရီ၀န္းက်င္တြင္ ေတြ႔ရွိရသည့္အတြက္ အိတ္အတြင္း စစ္ေဆးရွာေဖြရာ ဘိန္းျဖဴ စုစုေပါင္းအေလးခ်ိန္ (၂၈၆)ဂရမ္အား ေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိေသာ မူးယစ္ေဆး၀ါးမ်ားအား တပ္ေျမခံတပ္မွ မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္သို႔ လႊဲေျပာင္းေပးလိုက္ၿပီး အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ - ၁၉(က)/၂၁ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်း - တာချီလိတ်သွားလမ်းပေါ် လွယ်ပါရင်(၁)ကျေးရွာအနီးတွင် အမျိုးသား(၂)ဦး မောင်းလာသည့် ဆိုင်ကယ်သည် စစ်ဆေးရေးအဖွဲ့အား တွေ့ရှိ၍ ဆိုင်ကယ်ထားခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် မနီးမေဝးတွင် ကျန်ရစ်ခဲ့သည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်း ရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၁)ကျေးရွာအနီးတွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ညနေ(၃)နာရီကျော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် နယ်မြေခံတပ်နှင့် ပူးပေါင်း အဖွဲ့အား တွေ့ရှိသွားသည့် အမည်မသိ အမျိုးသား(၂)ဦးသည် ဆိုင်ကယ်အား ထားရစ်ခဲ့ကာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရစ်ခဲ့သည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးမှုများ ပြုလုပ်ရာ ဆိုင်ကယ်အတွင်းမှ မည်သည့် ပစ္စည်းမျှ မတွေ့ရသော်လည်း ညနေ(၅)နာရီဝန်းကျင် အချိန်တွင် အဆိုပါ အမျိုးသား (၂)ဦး ထွက်ပြေးသွားသည့် ကိုက်(၂၀၀)ခန့်အကွာ တောင်စောင်းအနီး ရှင်းလင်းရှာဖွေမှုများ ပြုလုပ်ရာတွင် ကျောပိုးအိတ်တစ်လုံးအား ညနေ(၅း၂၀)နာရီဝန်းကျင်တွင် တွေ့ရှိရသည့်အတွက် အိတ်အတွင်း စစ်ဆေးရှာဖွေရာ ဘိန်းဖြူ စုစုပေါင်းအလေးချိန် (၂၈၆)ဂရမ်အား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား တပ်မြေခံတပ်မှ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးလိုက်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ - ၁၉(က)/၂၁ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~