ေဆးဘက္ဆုိင္ရာသံုး ပစၥည္းကိရိယာ အခ်ဳိ႕အား ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ျပဳ

ေဆးဘက္ဆုိင္ရာသံုး ပစၥည္းကိရိယာ အခ်ဳိ႕အား ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ျပဳ
စက်တင်ဘာ 4, 2018
By Tachileik News Agency

ေဆးဘက္ဆုိင္ရာသံုး ပစၥည္းကိရိယာ တန္ဆာပလာမ်ားအား ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ ျပဳလုိက္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ ေၾကညာခ်က္အမွတ္ ၆/၂၀၁၈ ျဖင့္ ထုတ္ျပန္လုိက္သည္။

အဆိုပါ ထုတ္ျပန္ခ်က္အရ ဓါတ္မွန္ဖလင္ေကာ္ျပား၊ ဓါတ္မွန္ရိုက္ပစၥည္းကိရိယာ တန္ဆာပလာမ်ားႏွင့္ က်န္းမာေရး ဦးစီးဌာနက သတ္မွတ္သည့္ ေဆးဘက္ဆုိင္ရာသံုး ပစၥည္းကိရိယာတန္ဆာပလာမ်ား၊ ေဆးဂြမ္း၊ ေဆးဝတ္၊ ေဆးပတ္တီး၊ ေဆးထည့္ရန္ ေဆးရံုသံုးပစၥည္းမ်ား၊ ေဆးရံုသံုးတစ္ခါသံုးႏွာေခါင္းစည္း၊ ေခါင္းစည္း၊ လက္အိတ္(Surgical Glove)၊ တုပ္ေကြးေရာဂါကူးစက္ျခင္းအား ကာကြယ္ရန္ တပ္ဆင္သည့္ ႏွာေခါင္းစည္းတို႔ကို ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုတ္ျပန္ခ်က္အား စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာန၊ ထုတ္ကုန္သြင္းကုန္ႀကီးၾကပ္ေရးဌာနခြဲက ေၾကညာလိုက္ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာ တန်ဆာပလာများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့တွင် ကြေညာချက်အမှတ် ၆/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဓာတ်မှန်ဖလင်ကော်ပြား၊ ဓာတ်မှန်ရိုက်ပစ္စည်းကိရိယာ တန်ဆာပလာများနှင့် ကျန်းမာရေး ဦးစီးဌာနက သတ်မှတ်သည့် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာတန်ဆာပလာများ၊ ဆေးဂွမ်း၊ ဆေးဝတ်၊ ဆေးပတ်တီး၊ ဆေးထည့်ရန် ဆေးရုံသုံးပစ္စည်းများ၊ ဆေးရုံသုံးတစ်ခါသုံးနှာခေါင်းစည်း၊ ခေါင်းစည်း၊ လက်အိတ်(Surgical Glove)၊ တုပ်ကွေးရောဂါကူးစက်ခြင်းအား ကာကွယ်ရန် တပ်ဆင်သည့် နှာခေါင်းစည်းတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲက ကြေညာလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~