တာချီလိတ်တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးအတွက် လုပ်ငန်းရှင်များ ညှိနှိုင်း ဆွေးနွေး

တာချီလိတ်တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးအတွက် လုပ်ငန်းရှင်များ ညှိနှိုင်း ဆွေးနွေး
စက်တင်ဘာ 23, 2018
By Tachileik News Agency

ဒေသတွင်း ဟိုတယ်လုပ်ငန်းများတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ Golden Cherry ဟိုတယ်၌ ဟိုတယ်လုပ်ငန်းများမှ တာဝန်ရှိသူ (၅၆)ဦးက ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တက်ရောက်ပြီး လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးမှုအနည်းဆုံး ဟိုတယ်ဇုန်(၇)ခုရွေးချယ်ပြီး ဟိုတယ်လုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နေရာ (၄)ခုမြောက်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွှတြေိဂံဟိုတယ်ဇုန်ဖြစ်သည့် တာချီလိတ်နှင့် ကျိုင်းတုံတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နှင့် (၂၃)ရက်နေ့များတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ကော်မတီအနေနဲ့ ဦးစားပေးအဆင့်(၃)ဆင့်သတ်မှတ်ဆောင်ရွက်ရာမှာ ပထမဦးစားပေး အနေနဲ့ ဖွံ့ဖြိုးမှုနည်းနဲ့ ဇုန်တွဖြေစ်တဲ့ ကယားဇုန်၊ စစ်ကို်င်းဇုန်၊ မကွေးဇုန်၊ ရွှတြေိဂံဇုန်၊ ရှမ်းမြောက်ဇုန်၊ ကချင်ဇုန်နဲ့ ပဲခူးဇုန်တွေကို ရွေးချယ်ပြီး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာတွေကို စတင် ဆောင်ရွက် ပေးနေပါတယ်။ ကျွန်မတို့ သုံးလအတွင်းမှာ လွိုင်ကော်၊ မုံရွာ၊ မကွေး၊ ပခုက္ကူနဲ့ မနေ့က ကျိုင်းတုံမြို့တို့မှာ seminar လုပ်ဆောင်ပေးနိုင်ခဲ့ပါပြီ”ဟု လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကော်မတီမှ ဒေါ်သီတာလင်း ပြောသည်။

ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များအား ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းကြိုင်က ဟိုတယ်လုပ်ငန်းမှတာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးမှုများကို အခြေခံ၍ ဒေသတွင်း ဟိုတယ်များ၏ ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဒေသမှာ ဟိုတယ်လုပ်ငန်းတွေအနေနဲ့ အဓိကကြုံရတဲ့ အခက်အခဲကတော့ ကျွမ်းကျင်ဝန်ထမ်း ရှားပါးတာပါ။ ဟိုတယ်လုပ်ငန်းတွေရဲ့ အခြေအနေ အရ ပေးနိုင်တဲ့လစာနဲ့ တစ်ခြားဒေသတွေမှာ ရနိုင်တဲ့ လစာက ကွာဟတော့ နည်းနည်း ကျွမ်းကျင်သွားပြီဆိုတာနဲ့ မိုင်းလားဘက်သွားကြတယ်။ ထိုင်းဘက် သွားကြတယ်။ ဒီမှာ အသစ်ပြန်ပြန် ခန့်ရတယ်ပေါ့။ အဲဒီမှာ သင်တန်းဆင်းလာသူတွေ တစ်ချို့ကလည်း စာတွေ့ရှိခဲ့ပေမဲ့ လက်တွေ့မှာ ကျွမ်းကျင်မှုနည်းနေတာ။ တစ်ချို့လည်း သူတို့သင်တန်းဆင်းလာတာနဲ့ လုပ်နေရတဲ့ဌာန မကိုက်ညီတာတို့ ရှိတာပေါ့။ ဒီတော့ ဒီလိုကြုံနေရတာတွေကို ကျွန်တော်တို့တွေ ဘယ်လို လုပ်ကြမယ်ဆိုတာ အခု ကျွမ်းကျင်ပညာရှင်တွေက ပရောဖက်ရှင်နယ်လုပ်ငန်းအကြောင်း seminar လုပ်တယ်။ ပြီးတာနဲ့ ကျွန်တော်တို့တွေ ဆွေးနွေးညှိနှိုင်းအဖြေရှာကြမှာပါ”ဟု မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှတြေိဂံဇုန်) ဥက္ကဌ ဦးရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း ဟိုတယ်လုပ်ငန်းများ အနဖြေင့် လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုစနစ်ကျရန်ကိုလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာမင်းက တို်က်တွန်းလိုက်သည်။

“ဟိုတယ်လုပ်ငန်း လုပ်ကိုင်ကြရာမှာ ဝန်ဆောင်မှုဆိုင်ရာစနစ်များကို မသိရှိရင် စေတနာဘယ်လောက် ကောင်းကောင်း ပြည်ပဧည့်သည် သာမက ပြည်တွင်းဧည့်သည်များကပါ အထင်သေးမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ အရေးကြီးတဲ့ အခြေခံကျတဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ ဟိုတယ်လုပ်ငန်းများကို စီမံခန့်ခွဲအုပ်ချုပ်သူများအနေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြဖို့လိုပါတယ်။ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနအနေနဲ့ အတူ ဟိုတယ် လုပ်ငန်းရှင်များအနေနဲ့ လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဦးတေဇမင်းက ဆိုသည်။

ဒေသတွင်း ဟိုတယ်လုပ်ငန်းဆိုင်ရာတွင် ကြုံတွေ့နေရသည့် ကျွမ်းကျင် လုပ်သားရှားပါးမှုအပါအဝင် ဟိုတယ်လုပ်ငန်းများတွင်ကြုံတွေ့နေရသည့်အခက်အခဲများအား ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကော်မတီ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှတြေိဂံဇုန်) တာချီလိတ်က စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်းအနဖြေင့် ဟိုတယ်လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍ(၆)ခုအတွက် ကော်မတီ(၆)ခုဖွဲ့စည်းထားသည့်အနက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ကော်မတီက အဖွဲ့ဝင်ဟိုတယ်လုပ်ငန်းများ၌ အရည်အသွေးပြည့်မီစေရေးအတွက် လိုအပ်သည့် နည်းပညာပံ့ပိုးမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်းတွင် တစ်နိုင်ငံလုံးရှိ ဟိုတယ်လုပ်ငန်းဇုန်(၁၉)ဇုန်မှ အသင်းဝင်ပေါင်း(၁၃၀၀)ကျော်ရှိကြောင်း သိရသည်။

Tachileik News Agency


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~