တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ သားမက္ျဖစ္သူက ေယာကၡမ ႏွင့္ ေယာက္ဖျဖစ္သူတို႔အား ဓါးျဖင့္ ခုတ္ရာမွ တစ္ဦး ေနရာတြင္ ေသဆံုးကာ တစ္ဦးဒဏ္ရာရ

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ သားမက္ျဖစ္သူက ေယာကၡမ ႏွင့္ ေယာက္ဖျဖစ္သူတို႔အား ဓါးျဖင့္ ခုတ္ရာမွ တစ္ဦး ေနရာတြင္ ေသဆံုးကာ တစ္ဦးဒဏ္ရာရ
စက်တင်ဘာ 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ရွိ ေက်ာက္ေတာင္တြင္ သားမက္ျဖစ္သူက ေယာကၡမႏွင့္ ေယာက္ဖျဖစ္သူတို႔အား ဓါးျဖင့္ခုတ္သျဖင့္ တစ္ဦးေသၿပီး တစ္ဦးမွာ လက္ျပတ္သြားကာ ဒဏ္ရာမ်ားရရွိ၍ ေဆး၀ါးကုသမႈ ခံယူေနရေၾကာင္း သိရသည္။

“သားမက္က ေယာကၡမနဲ႔ ေယာက္ဖကို ဓါးနဲ႔ခုတ္တာ။ ေယာကၡမကေတာ့ အသက္(၇၅)ႏွစ္ရွိၿပီ၊ ေသသြားတယ္။ ေယာက္ဖကေတာ့ လက္လည္းျပတ္သြားတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဓါးျဖင့္ ခုတ္မႈေၾကာင့္ ေသဆံုးသြားသူမွာ အသက္(၇၅)ႏွစ္ရွိ ဦးတင္ညိဳျဖစ္ၿပီး၊ ဒဏ္ရာရရွိသူမွာ အသက္(၂၇)ႏွစ္၀န္းက်င္ရွိ ညီေလး(ခ)သက္ေဇာ္ျဖစ္ေၾကာင္းႏွင့္ ဓါးျဖင့္ခုတ္သူမွာ အသက္(၃၈)ႏွစ္ ၀န္းက်င္ရွိ စိုင္းသီဟႏိုင္ ဆိုသူျဖစ္ေၾကာင္း သိရၿပီး ဓါးျဖင့္ ခုတ္သူကို ရဲတပ္ဖြဲ႔က ဖမ္းဆီးထားကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၆)ရက္ေန႔ ည(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ျဖစ္ပြားျခင္း ျဖစ္ၿပီး အခင္းျဖစ္ပြားရာ ေနရာသို႔ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔တို႔မွ စစ္ေဆးမႈမ်ား ၿပဳလုပ္ၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေသဆံုးသူနွင့္ ဒဏ္ရာရသူတုိ႔အား တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးသို ့ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ကျောက်တောင်တွင် သားမက်ဖြစ်သူက ယောက္ခမနှင့် ယောက်ဖဖြစ်သူတို့အား ဓားဖြင့်ခုတ်သဖြင့် တစ်ဦးသပြေီး တစ်ဦးမှာ လက်ပြတ်သွားကာ ဒဏ်ရာများရရှိ၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

“သားမက်က ယောက္ခမနဲ့ ယောက်ဖကို ဓားနဲ့ခုတ်တာ။ ယောက္ခမကတော့ အသက်(၇၅)နှစ်ရှိပြီ၊ သေသွားတယ်။ ယောက်ဖကတော့ လက်လည်းပြတ်သွားတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဓားဖြင့် ခုတ်မှုကြောင့် သေဆုံးသွားသူမှာ အသက်(၇၅)နှစ်ရှိ ဦးတင်ညိုဖြစ်ပြီး၊ ဒဏ်ရာရရှိသူမှာ အသက်(၂၇)နှစ်ဝန်းကျင်ရှိ ညီလေး(ခ)သက်ဇော်ဖြစ်ကြောင်းနှင့် ဓားဖြင့်ခုတ်သူမှာ အသက်(၃၈)နှစ် ဝန်းကျင်ရှိ စိုင်းသီဟနိုင် ဆိုသူဖြစ်ကြောင်း သိရပြီး ဓားဖြင့် ခုတ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူနှင့် ဒဏ်ရာရသူတို့အား တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~