မေလးရွားႏုိင္ငံတြင္ အရက္တုေသာက္သံုးမိသျဖင့္ ေသဆံုးသူ အေရအတြက္ တိုးလာရာတြင္ ျမန္မာလုပ္သားမ်ား ပါ၀င္ၿပီး သက္ဆိုင္ရာက စစ္ေဆးေန

မေလးရွားႏုိင္ငံတြင္ အရက္တုေသာက္သံုးမိသျဖင့္ ေသဆံုးသူ အေရအတြက္ တိုးလာရာတြင္ ျမန္မာလုပ္သားမ်ား ပါ၀င္ၿပီး သက္ဆိုင္ရာက စစ္ေဆးေန
စက်တင်ဘာ 20, 2018
By Tachileik News Agency

မေလးရွားႏုိင္ငံတြင္ အရက္တုေသာက္သံုးမိသျဖင့္ ေသဆံုးသူအေရအတြက္မွာ တိုးရိွလာေနၿပီး ေဆးကုသမႈ ခံယူေနရသူမ်ားလည္း ရိွေနကာ အမ်ားစုမွာ ေရႊ႕ေျပာင္းလုပ္သားမ်ားျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၉)ရက္ေန႔တြင္ မေလးရွားအာဏာပိုင္မ်ား၏ သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖၚေျပာၾကားလိုက္ေၾကာင္း သိရသည္။

ကြာလာလမ္ပူႏွင့္ အနီးဝန္းက်င္ရိွ ဆီလင္ဂါတြင္ စက္တင္ဘာလ (၁၄)ရက္ေန႔မွစ၍ အရက္တု ေသာက္သံုး မိသျဖင့္ ေသဆံုးမႈမ်ား စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ရာ ကုသမႈခံယူေနသူ (၃)ဦးမွာ မေလးရွားမ်ားျဖစ္ၿပီး က်န္ (၄၈)ဦးမွာ ျမန္မာ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယတုိ႔ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ကနဦးထုတ္ျပန္ခ်က္တြင္ ေဖၚျပသည္။

လူနာအမ်ားစုမွာ အရက္အဆိပ္သင့္သည့္ လကၡဏာမ်ားျဖစ္သည့္ အစာအိမ္နာျခင္း၊ ပ်ိဳ႕ျခင္း၊ ေအာ့အန္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ အျမင္အာရံုေဝဝါးျခင္းစသည့္ လကၡဏာမ်ားျဖစ္ပြားေၾကာင္းသိရၿပီး လူနာမ်ား ထပ္တိုးဖြယ္ရိွေနသည္ဟု က်န္းမာေရးဝန္ႀကီးက ခန္႔မွန္းထားသည္။

အရက္အဆိပ္သင့္သူမ်ား ေသာက္သံုးခဲ့သည့္ ဝီစကီႏွင့္ ဘီယာမ်ားကို တစ္ေနရာတည္း တံဆိပ္ အမ်ိဳးအစား တစ္ခုတည္းကို ဝယ္ယူၾကျခင္း မဟုတ္ဘဲ ေနရာအသီးသီးမွ မတူသည့္ အမ်ိဳးအစားမ်ားလည္း ပါဝင္သျဖင့္ ေစ်းကြက္ထဲေရာက္ေနသည့္ အရက္နမူနာမ်ားကို ဓါတ္ခြဲခန္းတြင္ စမ္းသပ္ စစ္ေဆးေနၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ဆုိသည္။

ဆီလင္ဂါရဲတပ္ဖြဲ႕ကလည္း သံသယရိွသည့္ အရက္ေရာင္းခ်ျဖန္႔ျဖဴးသူ မေလးရွား၊ ျမန္မာႏွင့္ အိႏၵိယ အမ်ိဳးသား (၅)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးကို ဖမ္းဆီးထားၿပီး ဝီစကီပုလင္းေပါင္း (၁,၀၃၀)ႏွင့္ ဘီယာဗူးေပါင္း (၁၇၆၇)ဗူးကို သိမ္းဆည္းထားၿပီျဖစ္ေၾကာင္း စက္တင္ဘာလ (၁၉)ရက္ေန႔က ဆိုသည္။

မေလးရွားႏုိင္ငံ ဆီလင္ဂါတြင္ အရက္တုေသာက္မိသည့္ နီေပါႏုိင္ငံသား(၆)ဦးေသဆံုးခဲ့ၿပီး (၁၆)ဦး ကုသမႈခံယူေနရေၾကာင္း နီေပါႏုိင္ငံျခားေရးဝန္ႀကီးဌာနကလည္း စက္တင္ဘာလ(၁၉)ရက္ေန႔က အတည္ျပဳထားၿပီး ျမန္မာႏုိင္ငံသား (၁၆)ဦးေသဆံုးၿပီး (၃)ဦးေဆးရံုတက္ေနရဆဲဟု မေလးရွားမွ ျမန္မာႏုိင္ငံသားမ်ား၏ နာေရးကို ကူညီေပးေနသည့္ ကပုန္းနာေရးအသင္း(မေလးရွား)၏ ေဖၚျပခ်က္မ်ားအရ သိရသည္။

မေလးရွားႏုိင္ငံတြင္ ခိုးထုတ္သည့္အရက္တုမ်ားရိွေနၿပီး ၂၀၁၃ ခုႏွစ္ကလည္း အရက္တုေၾကာင့္ ေသဆံုးမႈမ်ား ျဖစ္ပြားခဲ့ဖူးၿပီး ႏုိင္ငံျခားသား (၂၉)ဦး ေသဆံုးခဲ့ရဖူးေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာၾကားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Manial, Punchng & Channel News Asia



~~~~~~~~⊰❂ unicode ~~~~~~~~

မလေးရှားနိုင်ငံတွင် အရက်တုသောက်သုံးမိသဖြင့် သေဆုံးသူအရေအတွက်မှာ တိုးရှိလာနပြေီး ဆေးကုသမှု ခံယူနေရသူများလည်း ရှိနေကာ အများစုမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် မလေးရှားအာဏာပိုင်များ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း သိရသည်။

ကွာလာလမ်ပူနှင့် အနီးဝန်းကျင်ရှိ ဆီလင်ဂါတွင် စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ အရက်တု သောက်သုံး မိသဖြင့် သေဆုံးမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ကုသမှုခံယူနေသူ (၃)ဦးမှာ မလေးရှားများဖြစ်ပြီး ကျန် (၄၈)ဦးမှာ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူနာအများစုမှာ အရက်အဆိပ်သင့်သည့် လက္ခဏာများဖြစ်သည့် အစာအိမ်နာခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အမြင်အာရုံဝေဝါးခြင်းစသည့် လက္ခဏာများဖြစ်ပွားကြောင်းသိရပြီး လူနာများ ထပ်တိုးဖွယ်ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီးက ခန့်မှန်းထားသည်။

အရက်အဆိပ်သင့်သူများ သောက်သုံးခဲ့သည့် ဝီစကီနှင့် ဘီယာများကို တစ်နေရာတည်း တံဆိပ် အမျိုးအစား တစ်ခုတည်းကို ဝယ်ယူကြခြင်း မဟုတ်ဘဲ နေရာအသီးသီးမှ မတူသည့် အမျိုးအစားများလည်း ပါဝင်သဖြင့် ဈေးကွက်ထဲရောက်နေသည့် အရက်နမူနာများကို ဓာတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေးနပြေီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။

ဆီလင်ဂါရဲတပ်ဖွဲ့ကလည်း သံသယရှိသည့် အရက်ရောင်းချဖြန့်ဖြူးသူ မလေးရှား၊ မြန်မာနှင့် အိန္ဒိယ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး(၂)ဦးကို ဖမ်းဆီးထားပြီး ဝီစကီပုလင်းပေါင်း (၁,ဝ၃၀)နှင့် ဘီယာဗူးပေါင်း (၁၇၆၇)ဗူးကို သိမ်းဆည်းထားပြီဖြစ်ကြောင်း စက်တင်ဘာလ (၁၉)ရက်နေ့က ဆိုသည်။

မလေးရှားနိုင်ငံ ဆီလင်ဂါတွင် အရက်တုသောက်မိသည့် နီပေါနိုင်ငံသား(၆)ဦးသေဆုံးခဲ့ပြီး (၁၆)ဦး ကုသမှုခံယူနေရကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စက်တင်ဘာလ(၁၉)ရက်နေ့က အတည်ပြုထားပြီး မြန်မာနိုင်ငံသား (၁၆)ဦးသေဆုံးပြီး (၃)ဦးဆေးရုံတက်နေရဆဲဟု မလေးရှားမှ မြန်မာနိုင်ငံသားများ၏ နာရေးကို ကူညီပေးနေသည့် ကပုန်းနာရေးအသင်း(မလေးရှား)၏ ဖော်ပြချက်များအရ သိရသည်။

မလေးရှားနိုင်ငံတွင် ခိုးထုတ်သည့်အရက်တုများရှိနပြေီး ၂၀၁၃ ခုနှစ်ကလည်း အရက်တုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးပြီး နိုင်ငံခြားသား (၂၉)ဦး သေဆုံးခဲ့ရဖူးကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားကြောင်း သိရသည်။

Tachileik News Agency
Ref: Manial, Punchng & Channel News Asia 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~