တိုင္းရင္းသားလူငယ္သင္တန္းေက်ာင္းမွ သင္တန္းသား၊သင္တန္းသူမ်ား ခ်င္းမုိင္ အစားအသာက္ႏွင့္ အေဖ်ာ္ယမကာသင္တန္း ေအာင္ျမင္စြာၿပီးဆံုး

တိုင္းရင္းသားလူငယ္သင္တန္းေက်ာင္းမွ သင္တန္းသား၊သင္တန္းသူမ်ား ခ်င္းမုိင္ အစားအသာက္ႏွင့္ အေဖ်ာ္ယမကာသင္တန္း ေအာင္ျမင္စြာၿပီးဆံုး
စက်တင်ဘာ 21, 2018
By Tachileik News Agency

နယ္စပ္ျဖတ္ေက်ာ္ ပညာေရးႏွင့္ ယဥ္ေက်းမႈ ဖလွယ္ျခင္း အစီအစဥ္ျဖင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ အစားအသာက္ႏွင့္ အေဖ်ာ္ယမကာ သင္တန္းတက္ေရာက္ခဲ့သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ တိုင္းရင္းသားလူငယ္သင္တန္းေက်ာင္းမွ သင္တန္းသူ၊ သင္တန္းသား အေယာက္(၂၀)ဦးသည္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၂၁)ရက္ေန႔တြင္  တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရိွၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမွာ တိုင္းရင္းသား လူငယ္သင္တန္းေက်ာင္း၏ နယ္စပ္ျဖတ္ေက်ာ္ ပညာေရးႏွင့္ ယဥ္ေက်းမႈ ဖလွယ္ျခင္း အစီအစဥ္၏ အစိတ္အပိုင္း တစ္ခုျဖစ္ၿပီး ႏွစ္စဥ္ စက္တင္ဘာလအတြင္း Sankamphaeng နည္းပညာေကာလိပ္ေက်ာင္းႏွင့္ ခ်င္းမိုင္အသက္ေမြးဝမ္းေကာလိပ္ေက်ာင္းတို႔ျဖင့္ ပူးေပါင္း၍ ဖြင့္လွစ္ေလ့ရွိေၾကာင္း သိရသည္။

အစားအသာက္ႏွင့္အေဖ်ာ္ယမကာသင္တန္းအျပင္ ဘာသာစကားမ်ား၊ တစ္ကိုယ္ရည္တိုးတက္မႈႏွင့္ ကြန္ပ်ဴတာပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈမ်ားကိုလည္း သင္ၾကားေပးျခင္းျဖစ္ၿပီး သင္တန္းဆင္းလူငယ္မ်ားကို တိုင္းရင္းသားလူငယ္ Job4u အလုပ္အကိုင္ ရွာေဖြေပးေရးရံုးမွ မိတ္ဖက္ဟိုတယ္ႀကီးမ်ား၊ စားေသာက္ဆိုင္ႀကီးမ်ားတြင္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစရန္ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


နယ်စပ်ဖြတ်ကျော် ပညာရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစားအသာက်နှင့် အဖျော်ယမကာ သင်တန်းတက်ရောက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တိုင်းရင်းသားလူငယ်သင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသား အယောက်(၂၀)ဦးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းမှာ တိုင်းရင်းသား လူငယ်သင်တန်းကျောင်း၏ နယ်စပ်ဖြတ်ကျော် ပညာရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလအတွင်း Sankamphaeng နည်းပညာကောလိပ်ကျောင်းနှင့် ချင်းမိုင်အသက်မွေးဝမ်းကောလိပ်ကျောင်းတို့ဖြင့် ပူးပေါင်း၍ ဖွင့်လှစ်လေ့ရှိကြောင်း သိရသည်။

အစားအသာက်နှင့်အဖျော်ယမကာသင်တန်းအပြင် ဘာသာစကားများ၊ တစ်ကိုယ်ရည်တိုးတက်မှုနှင့် ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းဆင်းလူငယ်များကို တိုင်းရင်းသားလူငယ် Job4u အလုပ်အကိုင် ရှာဖွေပေးရေးရုံးမှ မိတ်ဖက်ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~