ေက်ာက္မဲတြင္ မူးယစ္သတင္းရေနအိမ္မွ မူးယစ္ေဆး၀ါးမ်ားႏွင့္ လူငယ္ (၄)ဦးကို ဖမ္းဆီးရမိ

ေက်ာက္မဲတြင္ မူးယစ္သတင္းရေနအိမ္မွ မူးယစ္ေဆး၀ါးမ်ားႏွင့္ လူငယ္ (၄)ဦးကို ဖမ္းဆီးရမိ
စက်တင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္တြင္ မူးယစ္သတင္းရ ေနအိမ္အား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားႏွင့္ လူငယ္(၄)ဦးတို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး သတင္းအရ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၊ နယ္ေျမ(၁၅)ရွိ သိန္းထြန္းဦး၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာမွ သိန္းထြန္းဦးႏွင့္အတူ အမ်ိဳးသား (၃) ဦးတို႔ကိုေတြ႔ရၿပီး ၎တို႔(၄)ဦးထိုင္ေနသည့္ ၾကမ္းျပင္အလယ္မွ ဘိန္းျဖဴ ဟုယူဆရသည့္ ျဖဴ/ ဝါေရာင္အမႈန္႔ (၀.၄)ဂရမ္စီပါ ပုလင္းငယ္(၂)လံုး၊ (၀.၂)ဂရမ္ပါ ပုလင္းတစ္လံုး၊ WY စာတန္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား(၉၅)ျပားပါ တစ္ထုပ္၊ (၂၅)ျပားပါတစ္ထုပ္ႏွင့္ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းအခ်ိဳ႕ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္ အလို႔ငွာ လက္ဝယ္ထားရွိသူ အသက္(၂၆)ႏွစ္အရြယ္ သိန္းထြန္းဦး၊ အသက္(၂၄)ႏွစ္အရြယ္ ၿဖိဳးဟန္ျမင့္၊ အသက္(၁၈)ႏွစ္အရြယ္မ်ားျဖစ္သည့္ ေက်ာ္လင္းထြန္းႏွင့္  စိုးသူတို႔အား မယ(ပ)၂၂/၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၉(က)၊ ၂၁ ျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မူးယစ်သတင်းရ နေအိမ်အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားနှင့် လူငယ်(၄)ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁၅)ရှိ သိန်းထွန်းဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ သိန်းထွန်းဦးနှင့်အတူ အမျိုးသား (၃) ဦးတို့ကိုတွေ့ရပြီး၎င်းတို့(၄)ဦးထိုင်နေသည့် ကြမ်းပြင်အလယ်မှ ဘိန်းဖြူ ဟုယူဆရသည့် ဖြူ/ ဝါရောင်အမှုန့် (ဝ.၄)ဂရမ်စီပါ ပုလင်းငယ်(၂)လုံး၊ (ဝ.၂)ဂရမ်ပါ ပုလင်းတစ်လုံး၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၉၅)ပြားပါ တစ်ထုပ်၊ (၂၅)ပြားပါတစ်ထုပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန် အလို့ငှါ လက်ဝယ်ထားရှိသူ အသက်(၂၆)နှစ်အရွယ် သိန်းထွန်းဦး၊ အသက်(၂၄)နှစ်အရွယ် ဖြိုးဟန်မြင့်၊ အသက်(၁၈)နှစ်အရွယ်များဖြစ်သည့် ကျော်လင်းထွန်းနှင့် စိုးသူတို့အား မယ(ပ)၂၂/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)၊ ၂၁ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~