နမၼတူၿမိဳ႕နယ္ ပန္လံုရြာအနီးတြင္ တုိက္ပြဲျဖစ္ႏုိင္မည္ယူဆ၍ ေဒသခံမ်ား ေနရပ္တိမ္းေရွာင္လာ

နမၼတူၿမိဳ႕နယ္ ပန္လံုရြာအနီးတြင္ တုိက္ပြဲျဖစ္ႏုိင္မည္ယူဆ၍ ေဒသခံမ်ား ေနရပ္တိမ္းေရွာင္လာ
စက်တင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္ ပန္လံုေက်းရြာအနီးတြင္ လက္နက္ကိုင္အဖြဲ႕မ်ား ေရာက္လာသျဖင့္ ေဒသခံမ်ားသည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁)ရက္ေန႔ ညပိုင္းမွ စတင္၍ မန္လီေက်းရြာ၊ ပန္သေျပေက်းရြာႏွင့္ သီေပါၿမိဳ႕မ်ားသို႔ တိမ္းေရွာင္လာၾကေၾကာင္း သိရသည္။

တိမ္းေရွာင္လာသူ (၆၀၀)ေက်ာ္အား ကူညီလိုသူမ်ား အေနျဖင့္ One More သီေပါအသင္း ဖုန္း 09-778889455 မွတစ္ဆင့္ ဆက္သြယ္ကူညီႏုိင္ေၾကာင္း သိရသည္။

“သူတို႔ရြာေတြနားမွာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြေရာက္လာလို႔ ေရွာင္တိမ္းဖို႔စၿပီး ျပင္ဆင္ၾကတယ္။ အဲဒီလို သြားလာေနရင္း ေဒသခံ အမ်ိဳးသား (၂) ဦး ေသနတ္မွန္ခံရတယ္။ အဲဒီလူနာကို နယ္စည္းမျခား လူမႈကူညီေရး အသင္းက သီေပါကို သယ္လာၿပီး ေနာက္ပိုင္း ရြာကလူေတြက စၿပီး တိမ္းေရွာင္ေတာ့တာပဲ” ဟု သီေပါၿမိဳ႕ရွိ One More လူမႈကူညီေရးအသင္းမွ ကိုေက်ာ္စြာက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ သီေပါၿမိဳ႕နယ္အစပ္ျဖစ္သည့္ နမၼတူၿမိဳ႕နယ္၊ ပန္လံုေက်းရြာအနီးတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔ ဝင္ေရာက္လာသည္ကို ေတြ႔ရသျဖင့္ ေဒသတြင္း တုိက္ပြဲျဖစ္မည္ကို စိုးရိမ္၍ တိမ္းေရွာင္ လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ပန္လံုေက်းရြာမွ တိမ္းေရွာင္လာၾကသူမ်ားအနက္ လူဦးေရ(၃၀၆)ဦး သည္ ပန္လံုႏွင့္ မန္လီေက်းရြာ အၾကားရွိ ပန္သေျပေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၊ လူဦးေရ (၄၀၀)ခန္႔သည္ သီေပါ-ပန္လံု လမ္းနံေဘးရွိ မန္လီေက်းရြာႏွင့္ လူဦးေရ (၂၀၀) ေက်ာ္မွာ သီေပါၿမိဳ႕ရွိ ဘိုးေတာ္ေက်ာင္းတိုက္တို႔တြင္ အသီးသီး ခိုလႈံေန ၾကေၾကာင္း သိရသည္။

“လတ္တေလာလိုအပ္တာကေတာ့ သူတို႔က ဟင္းသီးဟင္းရြက္ပဲစားၾကတာဆိုေတာ့ အဲဒါလိုတယ္။ အေျခခံ စားေသာက္ကုန္ေတြကေတာ့ အသင္းေတြကေန တတ္ႏိုင္သေလာက္  ေထာက္ပံ့ကူညီေပးထားပါတယ္” ဟု ကိုေက်ာ္စြာက ေျပာသည္။

တိုက္ပြဲႀကိဳတင္ေရွာင္တိမ္းလာသူမ်ားကို သီေပါၿမိဳ႕ရွိ လူမႈကူညီေရးအဖြဲ႔မ်ားက သြားေရာက္ေခၚေဆာင္ကာ စခန္း(၃)ခုသို႔ ပို႔ေဆာင္ေပးထားၿပီး ဆန္ႏွင့္ အေျခခံစားေသာက္ကုန္မ်ားကို ေထာက္ပံ့ေပးထားေသာ္လည္း ဟင္းခ်က္ရိကၡာမ်ား လိုအပ္ေနေၾကာင္း သိရသည္။

ပန္လံုေက်းရြာမွ ေဒသခံမ်ားသည္ ၾသဂုတ္လ(၂၃)ရက္ေန႔ကလည္း သီေပါၿမိဳ႕သို႔ လာေရာက္ တိမ္းေရွာင္ခဲ့ၾကၿပီး စက္တင္ဘာလ(၁)ရက္ေန႔တြင္ ထပ္မံတိမ္းေရွာင္လာၾကျခင္းျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ကိုေက်ာ္စြာ (one more)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့များ ရောက်လာသဖြင့် ဒေသခံများသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့ ညပိုင်းမှ စတင်၍ မန်လီကျေးရွာ၊ ပန်သပြေကျေးရွာနှင့် သီပေါမြို့များသို့ တိမ်းရှောင်လာကြကြောင်း သိရသည်။

တိမ်းရှောင်လာသူ (၆၀၀)ကျော်အား ကူညီလိုသူများ အနဖြေင့် One More သီပေါအသင်း ဖုန်း 09-778889455 မှတစ်ဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

“သူတို့ရွာတွေနားမှာ လက်နက်ကိုင် တပ်ဖွဲ့တွေရောက်လာလို့ ရှောင်တိမ်းဖို့စပြီး ပြင်ဆင်ကြတယ်။ အဲဒီလို သွားလာနေရင်း ဒေသခံ အမျိုးသား (၂) ဦး သေနတ်မှန်ခံရတယ်။ အဲဒီလူနာကို နယ်စည်းမခြား လူမှုကူညီရေး အသင်းက သီပေါကို သယ်လာပြီး နောက်ပိုင်း ရွာကလူတွေက စပြီး တိမ်းရှောင်တော့တာပဲ” ဟု သီပေါမြို့ရှိ One More လူမှုကူညီရေးအသင်းမှ ကိုကျော်စွာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ့်ဆန်မြို့နယ်နှင့် သီပေါမြို့နယ်အစပ်ဖြစ်သည့် နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာသည်ကို တွေ့ရသဖြင့် ဒေသတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ တိမ်းရှောင် လာကြခြင်းဖြစ်ကြောင်း သိရသည်။

ပန်လုံကျေးရွာမှ တိမ်းရှောင်လာကြသူများအနက် လူဦးရေ(၃၀၆)ဦး သည် ပန်လုံနှင့် မန်လီကျေးရွာ အကြားရှိ ပန်သပြေကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ လူဦးရေ (၄၀၀)ခန့်သည် သီပေါ-ပန်လုံ လမ်းနံဘေးရှိ မန်လီကျေးရွာနှင့် လူဦးရေ (၂၀၀) ကျော်မှာ သီပေါမြို့ရှိ ဘိုးတော်ကျောင်းတိုက်တို့တွင် အသီးသီး ခိုလှုံနေ ကြကြောင်း သိရသည်။

“လတ်တလောလိုအပ်တာကတော့ သူတို့က ဟင်းသီးဟင်းရွက်ပဲစားကြတာဆိုတော့ အဲဒါလိုတယ်။ အခြေခံ စားသောက်ကုန်တွေကတော့ အသင်းတွေကနေ တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးထားပါတယ်” ဟု ကိုကျော်စွာက ပြောသည်။

တိုက်ပွဲကြိုတင်ရှောင်တိမ်းလာသူများကို သီပေါမြို့ရှိ လူမှုကူညီရေးအဖွဲ့များက သွားရောက်ခေါ်ဆောင်ကာ စခန်း(၃)ခုသို့ ပို့ဆောင်ပေးထားပြီး ဆန်နှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးထားသော်လည်း ဟင်းချက်ရိက္ခါများ လိုအပ်နေကြောင်း သိရသည်။

ပန်လုံကျေးရွာမှ ဒေသခံများသည် သြဂုတ်လ(၂၃)ရက်နေ့ကလည်း သီပေါမြို့သို့ လာရောက် တိမ်းရှောင်ခဲ့ကြပြီး စက်တင်ဘာလ(၁)ရက်နေ့တွင် ထပ်မံတိမ်းရှောင်လာကြခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ -ကိုကျော်စွာ (one more)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~