ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်ရန် ဆောင်ရွက်စဉ် ကာလအတွင်း (၃၅)ရက်ကြာ ဆေးဖြတ်သင်တန်းများ လုပ်ဆောင်ပေးသွားမည်
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်ရန် ဆောင်ရွက်စဉ် ကာလအတွင်း (၃၅)ရက်ကြာ ဆေးဖြတ်သင်တန်းများ လုပ်ဆောင်ပေးသွားမည်
စကျတငျဘာ 26, 2018
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်ရန်ဆောင်ရွက်နေစဉ် ကာလအတွင်း စခန်းအခြေပြုနှင့် ရပ်ရွာအခြေပြု (၃၅)ရက်ကြာ မူးယစ်ဆေးဖြတ်သင်တန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းများအား ရပ်ရွာအခြေပြုအဖြစ် ဆောင်ရွက်မည်ဆိုပါက မူးယစ်ဆေးဖြတ် သင်တန်းအတွက် လိုအပ်သည့် နည်းစနစ်ပံ့ပိုးမှုနှင့်အတူ သင်တန်းအား စီစဉ်ပေးမည် ဖြစ်သော်လည်း ရပ်ရွာဘက်မှ တာဝန်ယူရမည့် အပိုင်းလည်း ပါဝင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ကျိုင်းတုံ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်း (၁)ခုရှိပြီး တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် ပြည်သူ့စစ်အဖွဲ့ကဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်း (၁)ခုတို့ ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်ရန်ဆောင်ရွက်နေစဉ် ကာလအတွင်း စခန်းအခြပြေုနှင့် ရပ်ရွာအခြပြေု (၃၅)ရက်ကြာ မူးယစ်ဆေးဖြတ်သင်တန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
“ရပ်ရွာအခြပြေုနဲ့ စခန်းအခြပြေုကို ရောပြီး လုပ်သွားမှာပါ။ ဆေးဖြတ်ပေးနိုင်အောင် လုပ်မယ်။ ဆေးကုသမှု အတွက် ကျန်းမာရေးဦးစီးဌာနက လုပ်မယ်။ ပြန်လည်ထူထောင်တာကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက လုပ်မယ်။ လက်ရှိ မူးယစ်ဆေးဖြတ်စခန်းတွေကို စစ်ဆေးတဲ့ အခါမှာ ပြန်လည်ထူထောင်ရေးဟာ (၃၅)ရက်က မလုံလောက်ဘူးဆိုတာ သိရတယ်။ လတ်တလောမှာတော့ (၃၅)ရက် သင်တန်းတွေပဲ စီစဉ်ပေးနိုင်ဦးမှာပါ။ နောက်ပိုင်းကျရင်တော့ ဒါထက်တိုးသွားမှာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းသိရပြီး ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်ထားသည့် နေရာများတွင်လည်း တစ်ကြိမ်လျှင် (၃၅)ရက်ကြာမြင့်သည့် သင်တန်းကို တစ်နှစ်လျှင် (၃)ကြိမ်သာ ဖွင့်လှစ်နိုင်ခြင်းအတွက် မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးမှာ ထိရောက်မှုအားနည်းသည်ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ဆိုသည်။
“’ဒီကျိုင်းတုံမှာ ပြန်လည်ထူထောင်ရေးစခန်းရှိတယ်။ ထိထိရောက်ရောက် မလုပ်နိုင်ဖူးလို့ ပြောရမှာပဲ။ တစ်ခါက မူးယစ်ဆေးစွဲသူ (၂၆)ယောက် သွားပို့ဖူးတယ်။ အဲဒီမှာ သူတို့ပေးထားတဲ့ ဘတ်ဂျက်နဲ့စခန်းက မလုံလောက်ဘူးပေါ့။ ဆန်တွေဘာတွေ လိုအပ်တာတွေပါ ဝယ်ပေးခဲ့ရတာ။ ဒီမှာ တစ်ချို့ဆို ရွာတွေ တစ်ရွာလုံး ဆေးစွဲနကြေတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီပြန်လည်ထူထောင်ရေးစခန်းက ဆေးဖြတ်ပေးတာ တစ်နှစ်မှာ (၃)ခါပဲ ရှိတယ်။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်တွေပါရှိတဲ့ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းတွေ ရှမ်းပြည်နယ်အတွက် လိုတယ်။ အခုဆိုရင် ကျိုင်းတုံထောင်က မူးယစ်ထောင်လိုဖြစ်နပြေီ။ (၈၀)ရာခိုင်နှုန်းလောက်က မူးယစ်မှုတွဖြေစ်နေတယ်။ ထောင်လည်းကြပ်နပြေီ။ တစ်ခါတစ်လေဆို အကျဉ်းကျတွေ အိပ်ဖို့နေရာတောင်မရှိတာတွေ့ရတယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ပြောသည်။
မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းများအား ရပ်ရွာအခြပြေုအဖြစ် ဆောင်ရွက်မည်ဆိုပါက မူးယစ်ဆေးဖြတ် သင်တန်းအတွက် လိုအပ်သည့် နည်းစနစ်ပံ့ပိုးမှုနှင့်အတူ သင်တန်းအား စီစဉ်ပေးမည် ဖြစ်သော်လည်း ရပ်ရွာဘက်မှ တာဝန်ယူရမည့် အပိုင်းလည်း ပါဝင်ကြောင်း သိရသည်။
“ရပ်ရွာအခြပြေုဆိုတာ ရပ်ရွာက နေရာပေးရတယ်။ လုံခြုံတဲ့နေရာပေးရမယ်။ လုံခြုံရေးပေးရမယ်။ အဲဒီအတွက်ကို လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူတို့ဘက်က တာဝန်ခံရတာရှိတယ်။ စခန်းအခြပြေုပဲဖြစ်ဖြစ် ရပ်ရွာအခြပြေုပဲဖြစ်ဖြစ် (၃၅)ရက်ပဲ လုပ်နိုင်သေးတယ်။ အတူတူပဲ။ ရပ်ရွာအခြပြေုပဲဖြစ်ဖြစ် စခန်းအခြပြေုပဲဖြစ်ဖြစ် လူမှုဝန်ထမ်းက (၅)ယောက်လိုတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ကျိုင်းတုံ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်း (၁)ခုရှိပြီး တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် ပြည်သူ့စစ်အဖွဲ့ကဖွင့်လှစ်ထားသည့် ရပ်ရွာအခြပြေုမူးယစ်ဆေးဖြတ်စခန်း (၁)ခုတို့ ရှိနခြေင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~