က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္ေက်ာ္ေဇာေနရာအား ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆး သံုးစြဲသူ(၂)ဦးႏွင့္ ေရာင္းခ်သူ(၁)ဦးတုိ႔ကို ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္ေက်ာ္ေဇာေနရာအား ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆး သံုးစြဲသူ(၂)ဦးႏွင့္ ေရာင္းခ်သူ(၁)ဦးတုိ႔ကို ဖမ္းမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ယန္ခမ္း(လ)ရြာေအာက္အနီး ဝါးရံုေတာတြင္ မူးယစ္ေဆးဝါး သံုးစြဲသူႏွင့္ ေရာင္းခ်သူ အမ်ိဳသား(၃)ဦးကို မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဝါးရံုေတာတြင္ မူးယစ္ေဆး ေရာင္းဝယ္သံုးစြဲသူမ်ားရိွေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၄)ရက္ေန႔ နံနက္(၁၁)နာရီတြင္ ဝါးရံုေတာသို႔ ဝင္ေရာက္ ရွာေဖြရာ သိန္းဝင္းဆိုသူအား ေတြ႔ရၿပီး ၎၏ ေဘးနားတြင္ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၁၈၀)ျပားကို လည္းေကာင္း၊ သန္႔ဇင္ထြန္းဆိုသူကို ဘိန္းျဖဴ(၄)ဂရမ္ခန္႔ႏွင့္ လည္းေကာင္း ေတြ႔ရၿပီး အဆိုပါ မူးယစ္ေဆးမ်ားကို အိုက္ဖန္တုန္(ခ)ျမင့္ထြန္းဦးထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ ဆူးဖူးမားရပ္၊ ရပ္ကြက္(၅)ရိွ အုိက္ဖန္တုန္(ခ)ျမင့္ထြန္းဦး၏ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ အိုက္ဖန္တုန္(ခ)ျမင့္ထြန္းဦးကို WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၅၄၀)ျပား၊ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ ျမန္မာေငြက်ပ္ (၈၀၀၀)တို႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရာ သိန္းဝင္းႏွင့္ မူးယစ္ေဆးေရာင္းခ်သည့္ အုိက္ဖန္တုန္(ခ)ျမင့္ထြန္းဦးတို႔ကို မယ(ပ)၁၇၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ လည္းေကာင္း၊ သန္႔ဇင္ထြန္းႏွင့္ မူးယစ္ေဆးေရာင္းခ်သည့္ အုိက္ဖန္တုန္(ခ)ျမင့္ထြန္းဦးကို မယ(ပ)၁၇၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း၊  အိုက္ဖန္တုန္(ခ) ျမင့္ထြန္းဦးကို မယ(ပ)၁၇၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္လည္းေကာင္း အသီးသီး အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်ခမ်း(လ)ရွာအောက်အနီး ဝါးရုံတောတွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူ အမျိုသား(၃)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဝါးရုံတောတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၁၁)နာရီတွင် ဝါးရုံတောသို့ ဝင်ရောက် ရှာဖွေရာ သိန်းဝင်းဆိုသူအား တွေ့ရပြီး၎င်း၏ ဘေးနားတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၈၀)ပြားကို လည်းကောင်း၊ သန့်ဇင်ထွန်းဆိုသူကို ဘိန်းဖြူ(၄)ဂရမ်ခန့်နှင့် လည်းကောင်း တွေ့ရပြီး အဆိုပါ မူးယစ်ဆေးများကို အိုက်ဖန်တုန်(ခ)မြင့်ထွန်းဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ဆူးဖူးမားရပ်၊ ရပ်ကွက်(၅)ရှိ အိုက်ဖန်တုန်(ခ)မြင့်ထွန်းဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိုက်ဖန်တုန်(ခ)မြင့်ထွန်းဦးကို WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၄၀)ပြား၊ မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် မြန်မာငွေကျပ် (၈၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများအား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားရာ သိန်းဝင်းနှင့် မူးယစ်ဆေးရောင်းချသည့် အိုက်ဖန်တုန်(ခ)မြင့်ထွန်းဦးတို့ကို မယ(ပ)၁၇၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ သန့်ဇင်ထွန်းနှင့် မူးယစ်ဆေးရောင်းချသည့် အိုက်ဖန်တုန်(ခ)မြင့်ထွန်းဦးကို မယ(ပ)၁၇၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ အိုက်ဖန်တုန်(ခ) မြင့်ထွန်းဦးကို မယ(ပ)၁၇၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~