တာခ်ီလိတ္တြင္ မူးယစ္ေဆးဝယ္ယူလာသည့္ အမ်ိဳးသား (၁)ဦးႏွင့္ မူးယစ္ေဆးေရာင္းသည့္ အမ်ိဳးသမီး (၂)ဦးကို ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးဝယ္ယူလာသည့္ အမ်ိဳးသား (၁)ဦးႏွင့္ မူးယစ္ေဆးေရာင္းသည့္ အမ်ိဳးသမီး (၂)ဦးကို ဖမ္းမိ
စက်တင်ဘာ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ေန႔လယ္(၁)နာရီ အခ်ိန္က မူးယစ္ေဆးဝယ္ယူလာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ မူးယစ္ေဆးေရာင္းခ်သည့္ အမ်ိဳးသမီး(၂)ဦး တို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပါဆတ္ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းတြင္ မူးယစ္သတင္းအရ မူးယစ္တပ္ဖြ႔ဲ(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕တို႔က ေစာင့္ဆုိင္း ဖမ္းဆီးရာ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(အတြင္း)ရြာဘက္မွ ပါဆတ္ရပ္ကြက္ဘက္သို႔ ဆုိင္ကယ္ ေမာင္းႏွင္လာသည့္ သန္႔ဇင္ဦး(ခ) အစိုင္းအား ရွာေဖြရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ WY စိတ္ၾကြေဆးျပား (၄၁)ျပားႏွင့္ အိုက္စ္ဟု ယူဆရေသာ အျဖဴေရာင္ပံုေဆာင္ခဲ အေလးခ်ိန္ (၁.၅)ဂရမ္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မူးယစ္ေဆးမ်ားေရာင္းခ်သည့္ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(အတြင္း)ရြာရိွ နန္းအင္ခမ္း၏ ေနအိမ္ကို ဆက္လက္ရွာေဖြရာ နန္းအင္ခမ္းႏွင့္အတူ နန္းခမ္းက်န္အားေတြ႔ရၿပီး အခန္းတြင္း ဆက္လက္ရွာေဖြရာ ပိုက္ဆံအိတ္အတြင္းထည့္ထားသည့္ WY စိတ္ၾကြေဆးျပား (၁၁၅၃)ျပား၊ အိုက္စ္အေလးခ်ိန္ (၃၅)ဂရမ္ခန္႔ႏွင့္ ေဆးေျခာက္အေလးခ်ိန္ (၈)ဂရမ္ခန္႔ကို လည္းေကာင္း၊ အိပ္ယာေဘးတြင္ မူးယစ္ေဆးသံုးစြဲရာတြင္အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကိုလည္းေကာင္း၊ နန္းခမ္းက်န္က တင္ပါးေအာက္တြင္ ဝွက္၍ ဖိထိုင္ထားသည့္ အိတ္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၂၅)ျပား၊ အိုက္စ္(၀.၅)ဂရမ္တို႔ကို လည္းေကာင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးမႈမ်ားမွ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁,၂၁၉)ျပား၊ အိုက္စ္အေလးခ်ိန္ (၃၇)ဂရမ္၊ ေဆးေျခာက္ (၈)ဂရမ္တို႔ကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရာ သန္႔ဇင္ဦး(ခ) အစိုင္းႏွင့္ မူးယစ္ေဆးေရာင္းခ်သည့္ နန္းအင္ခမ္း တို႔အား မယ(ပ)၇၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရလည္းေကာင္း၊ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ နန္းအင္ခမ္းနွင့္ နန္းခမ္းက်န္တုိ႔အား မယ(ပ) ၇၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရလည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နေ့လယ်(၁)နာရီ အချိန်က မူးယစ်ဆေးဝယ်ယူလာသည့် အမျိုးသားတစ်ဦးနှင့် မူးယစ်ဆေးရောင်းချသည့် အမျိုးသမီး(၂)ဦး တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် မူးယစ်သတင်းအရ မူးယစ်တပ်ဖွဲ့(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ နှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့တို့က စောင့်ဆိုင်း ဖမ်းဆီးရာ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရွာဘက်မှ ပါဆတ်ရပ်ကွက်ဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် သန့်ဇင်ဦး(ခ) အစိုင်းအား ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စိတ်ကြွဆေးပြား (၄၁)ပြားနှင့် အိုက်စ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁.၅)ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးများရောင်းချသည့် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရွာရှိ နန်းအင်ခမ်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ နန်းအင်ခမ်းနှင့်အတူ နန်းခမ်းကျန်အားတွေ့ရပြီး အခန်းတွင်း ဆက်လက်ရှာဖွေရာ ပိုက်ဆံအိတ်အတွင်းထည့်ထားသည့် WY စိတ်ကြွဆေးပြား (၁၁၅၃)ပြား၊ အိုက်စ်အလေးချိန် (၃၅)ဂရမ်ခန့်နှင့် ဆေးခြောက်အလေးချိန် (၈)ဂရမ်ခန့်ကို လည်းကောင်း၊ အိပ်ယာဘေးတွင် မူးယစ်ဆေးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နန်းခမ်းကျန်က တင်ပါးအောက်တွင် ဝှက်၍ ဖိထိုင်ထားသည့် အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂၅)ပြား၊ အိုက်စ်(ဝ.၅)ဂရမ်တို့ကို လည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုများမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁,၂၁၉)ပြား၊ အိုက်စ်အလေးချိန် (၃၇)ဂရမ်၊ ဆေးခြောက် (၈)ဂရမ်တို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရာ သန့်ဇင်ဦး(ခ) အစိုင်းနှင့် မူးယစ်ဆေးရောင်းချသည့် နန်းအင်ခမ်း တို့အား မယ(ပ)၇၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်း၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် နန်းအင်ခမ်းနှင့် နန်းခမ်းကျန်တို့အား မယ(ပ) ၇၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~