ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕ ဓႏုတိုင္းရင္းသားမိသားစုအသင္းမွ (၇)ႀကိမ္ေျမာက္ ေတြ႔ဆံုပြဲ က်င္းပ

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕ ဓႏုတိုင္းရင္းသားမိသားစုအသင္းမွ (၇)ႀကိမ္ေျမာက္ ေတြ႔ဆံုပြဲ က်င္းပ
စက်တင်ဘာ 3, 2018
By Tachileik News Agency

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕ရွိ ဓႏုတိုင္းရင္းသားမိသားစုအသင္းက က်င္းပသည့္ (၇)ႏွစ္ေျမာက္ ေတြ႔ဆုံပြဲကို ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္အတြင္းရွိ ဓႏုတိုင္းရင္းသား မိသားစုအသင္း ဓမၼာရံုတြင္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၂)ရက္ေန႔ နံနက္ပိုင္းက က်င္းပေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ ခါတုိင္းေတာ့ ဒီျပင္ ညီေနာင္အသင္းေတြကို ဖိတ္ပါတယ္။ ဒီႏွစ္ေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ က်င္းပရမယ့္ ရက္ထက္ နည္းနည္းေနာက္က်သြားေတာ့ ကၽြန္ေတာ္တို႔အသင္းက အသင္းသားနဲ႔ အမႈေဆာင္ေတြပဲ လုပ္ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ နာယကေတြေရာ စံုစံုညီညီတက္ၿပီးေတာ့ ၾသဝါဒ မိန္႔ခြန္းေျပာၾကပါတယ္။ ဒီပြဲကို က်င္းပရျခင္းက အၿမဲတမ္း အမွတ္ရေနေအာင္ ကၽြန္ေတာ္တုိ႔အေနနဲ႔ က်င္းပရတာျဖစ္ပါတယ္။ ရန္ကုန္ေရာက္ ဓႏုဆိုတာ ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုးက လာတာပါ။ လူငယ္ေတြကိုလည္း အၿမဲလက္တြဲေခၚသလို သူတို႔လည္း ဒီလုိ အၿမဲဆက္လုပ္သြားေစခ်င္ပါတယ္ “ ဟု ဓႏုတုိင္းရင္းသားမိသားစုအသင္း (ရန္ကုန္) အတြင္းေရးမွဴး ဦးစိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္းတယႏွင့္ ရြာငံေဒသမ်ားကို ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ကို္ယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရသည့္ (၉)ႏွစ္ေက်ာ္ကာလအတြင္း ဓႏုတုိင္းရင္းသားမိသားစုအသင္း (ရန္ကုန္)က ႏွစ္စဥ္ ၾသဂုတ္လ(၂၀)ရက္ေန႔တြင္ က်ေရာက္သည့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေန႔ အထိမ္းအမွတ္ကို က်င္းပလာသည္မွာ ၂၀၁၈ ခုႏွစ္တြင္ (၇)ႏွစ္ရိွၿပီ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊ ၾကားေတာရလမ္းရိွ ဓႏုတုိင္းရင္းသားမိသားစုအသင္းဓမၼာရံုတြင္ က်င္းပသည့္ ေတြ႔ဆံုပြဲသို႔ ရန္ကုန္ၿမိဳ႕ေရာက္ ဓႏုတိုင္းရင္းသားမ်ားအပါအ၀င္ ေနာင္ခ်ဳိ၊ ရြာငံ၊ ေတာင္ႀကီး၊ ကေလာ၊ မိုးကုတ္၊ ေက်ာက္မဲ၊ ပင္းတယ ႏွင့္ ေအာင္ပန္းၿမိဳ႕တို႔မွ ဓႏုတိုင္းရင္းသားမ်ားပါ တက္ေရာက္ခဲ့ၾကၿပီး စုစုေပါင္းလူဦးေရ (၄၀)ခန္႔တက္ေရာက္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -  Mie Mie




~~~~~~~~⊰❂ unicode ~~~~~~~~

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ဓနုတိုင်းရင်းသားမိသားစုအသင်းက ကျင်းပသည့် (၇)နှစ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းရှိ ဓနုတိုင်းရင်းသား မိသားစုအသင်း ဓမ္မာရုံတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

“ကျွန်တော်တို့ ခါတိုင်းတော့ ဒီပြင် ညီနောင်အသင်းတွေကို ဖိတ်ပါတယ်။ ဒီနှစ်တော့ အကြောင်း အမျိုးမျိုးကြောင့် ကျင်းပရမယ့် ရက်ထက် နည်းနည်းနောက်ကျသွားတော့ ကျွန်တော်တို့အသင်းက အသင်းသားနဲ့ အမှုဆောင်တွေပဲ လုပ်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နာယကတွေရော စုံစုံညီညီတက်ပြီးတော့ သြဝါဒ မိန့်ခွန်းပြောကြပါတယ်။ ဒီပွဲကို ကျင်းပရခြင်းက အမြဲတမ်း အမှတ်ရနေအောင် ကျွန်တော်တို့အနေနဲ့ ကျင်းပရတာဖြစ်ပါတယ်။ ရန်ကုန်ရောက် ဓနုဆိုတာ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးက လာတာပါ။ လူငယ်တွေကိုလည်း အမြဲလက်တွဲခေါ်သလို သူတို့လည်း ဒီလို အမြဲဆက်လုပ်သွားစေချင်ပါတယ် “ ဟု ဓနုတိုင်းရင်းသားမိသားစုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးစိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့် ရွာငံဒေသများကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် (၉)နှစ်ကျော်ကာလအတွင်း ဓနုတိုင်းရင်းသားမိသားစုအသင်း (ရန်ကုန်)က နှစ်စဉ် သြဂုတ်လ(၂၀)ရက်နေ့တွင် ကျရောက်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေ့ အထိမ်းအမှတ်ကို ကျင်းပလာသည်မှာ ၂၀၁၈ ခုနှစ်တွင် (၇)နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ဓနုတိုင်းရင်းသားမိသားစုအသင်းဓမ္မာရုံတွင် ကျင်းပသည့် တွေ့ဆုံပွဲသို့ ရန်ကုန်မြို့ရောက် ဓနုတိုင်းရင်းသားများအပါအဝင် နောင်ချို၊ ရွာငံ၊ တောင်ကြီး၊ ကလော၊ မိုးကုတ်၊ ကျောက်မဲ၊ ပင်းတယ နှင့် အောင်ပန်းမြို့တို့မှ ဓနုတိုင်းရင်းသားများပါ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းလူဦးရေ (၄၀)ခန့်တက်ရောက်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Mie Mie

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~