အဝေးပြေးခရီးသည်တင်ယာဉ်များ ကုန်ပစ္စည်းတင်ဆောင်ခြင်းနှင့် ခရီးသွားများကို နှောင့်နှေးစေပါက စားသုံးသူရေးရာဦးစီးဌာနများသို့ တိုင်ကြားနိုင်
အဝေးပြေးခရီးသည်တင်ယာဉ်များ ကုန်ပစ္စည်းတင်ဆောင်ခြင်းနှင့် ခရီးသွားများကို နှောင့်နှေးစေပါက စားသုံးသူရေးရာဦးစီးဌာနများသို့ တိုင်ကြားနိုင်
စကျတငျဘာ 3, 2018
By Tachileik News Agency
အဝေးပြေးခရီးသည်တင် ယာဉ်များတွင် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းနှင့် တန်ပိုစစ်ဆေးရေးဂိတ်များ၌ ခရီးသည်များအား ကားအောက်ဆင်းကာ လမ်းလျှောက်စေခြင်းများကြောင့် ခရီးသွားလာမှုတွင် နှောင့်နှေး ကြန့်ကြာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနများသို့ ခရီးသည်များက တိုင်ကြားခွင့်ရှိကြောင်း သိရသည်။
မော်တော်ယာဉ် ဥပဒေအရ အဝေးပြေးခရီးသည်တင် ယာဉ်များတွင် ကုန်ပစ္စည်းများအား တင်ဆောင်ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ခရီးသည်တင် ယာဉ်များမှာ ကားအောက်ခန်းအတွင်း ကုန်ပစ္စည်းများစွာ တင်ဆောင်ခြင်း၊ သတ်မှတ်ထားသည့် ယာဉ်ရပ် နားစခန်း မဟုတ်ဘဲ လမ်းခုလတ်တွင် ကားရပ်၍ ကုန်တင်ခြင်း၊ ကုန်ချခြင်းများ၊ ယာဉ်တန်ချိန်စစ်ဆေးသည့် စစ်ဆေးရေး ဂိတ်များ ဖြတ်သန်းရသည့် အခါ ခရီးသည်များအား ကားအောက်ဆင်း၍ လမ်းလျှောက်စေခြင်းများသည် ခရီးသည် အခွင့်အရေးကို ထိခိုက်မှုများဖြစ်သည့် အတွက် နီးစပ်ရာ စားသုံးသူရေးရာဦးစီးဌာနများသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်ကြားသူနှင့် သက်ဆိုင်သည့် အချက်အလက်များအား စားသုံးသူရေးရာ ဦးစီးဌာနက ကာကွယ်ပေးထားမည် ဖြစ်ပြီး တိုင်ကြားမှု ရှိမှသာ ဌာနအနေဖြင့် အရေးယူစစ်ဆေးခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
အဝေးပြေးခရီးသည်တင် ယာဉ်များတွင် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းနှင့် တန်ပိုစစ်ဆေးရေးဂိတ်များ၌ ခရီးသည်များအား ကားအောက်ဆင်းကာ လမ်းလျှောက်စခြေင်းများကြောင့် ခရီးသွားလာမှုတွင် နှောင့်နှေး ကြန့်ကြာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနများသို့ ခရီးသည်များက တိုင်ကြားခွင့်ရှိကြောင်း သိရသည်။
“အဝေးပြေးခရီးသည် တင်ယာဉ် Express ယာဉ်တွေမှာ ခရီးသည်ထိုင်ခုံအောက်တွေမှာ ကုန်ပစ္စည်းတွေ တင်တာမျိုး၊ လမ်းမှာ ကုန်တင်လိုက် ကုန်ချလိုက်လုပ်တာမျိုးတွေက ခရီးသည်တွေရဲ့ အခွင့်အရေးကို ထိခိုက် စေပါတယ်။ ခရီးသည် အခွင့်အရေးဆုံးရှုံး စေတာတွေ ဖြစ်ပေါ်လာရင် နီးစပ်ရာ စားသုံးသူရေးရာ ဦးစီးဌာနတွေမှာ ခရီးသည်တွေ အနေနဲ့ တိုင်ကြားခွင့်ရှိပါတယ်” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မော်တော်ယာဉ် ဥပဒေအရ အဝေးပြေးခရီးသည်တင် ယာဉ်များတွင် ကုန်ပစ္စည်းများအား တင်ဆောင်ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ခရီးသည်တင် ယာဉ်များမှာ ကားအောက်ခန်းအတွင်း ကုန်ပစ္စည်းများစွာ တင်ဆောင်ခြင်း၊ သတ်မှတ်ထားသည့် ယာဉ်ရပ် နားစခန်း မဟုတ်ဘဲ လမ်းခုလတ်တွင် ကားရပ်၍ ကုန်တင်ခြင်း၊ ကုန်ချခြင်းများ၊ ယာဉ်တန်ချိန်စစ်ဆေးသည့် စစ်ဆေးရေး ဂိတ်များ ဖြတ်သန်းရသည့် အခါ ခရီးသည်များအား ကားအောက်ဆင်း၍ လမ်းလျှောက်စခြေင်းများသည် ခရီးသည် အခွင့်အရေးကို ထိခိုက်မှုများဖြစ်သည့် အတွက် နီးစပ်ရာ စားသုံးသူရေးရာဦးစီးဌာနများသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
“ဥပဒေအကြောင်းအရနဲ့တော့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပေမဲ့ စားသုံးသူရေးရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ကြားလာမယ်ဆိုရင်တော့ ကျွန်တော်တို့က စစ်ဆေး၊ ကြပ်မတ်တာတွေ လုပ်ပေးလို့ရပါတယ်။ အဲဒီလို ယာဉ်လိုင်းတွေကို ပထမအနေနဲ့ စစ်ဆေးကြပ်မတ်မယ်။ သတိပေးမယ်။ မလိုက်နာရင်တော့ ယာဉ်လိုင်းရပ်နား တဲ့အထိ အရေးယူလို့ရပါတယ်။ ယာဉ်စီးခ ပိုပြီး တောင်းခံတာတွေက အစ ခရီးသွားရာမှာ ခရီးသည်အခွင့်အရေး ဆုံးရှုံးရတယ်ဆိုရင် ခရီးသည်တွေဘက်က တိုင်ကြားဖို့ လိုပါတယ်” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
တိုင်ကြားသူနှင့် သက်ဆိုင်သည့် အချက်အလက်များအား စားသုံးသူရေးရာ ဦးစီးဌာနက ကာကွယ်ပေးထားမည် ဖြစ်ပြီး တိုင်ကြားမှု ရှိမှသာ ဌာနအနဖြေင့် အရေးယူစစ်ဆေးခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~