ျပည္တြင္းေလေၾကာင္းလိုင္းဝန္ေဆာင္မႈႏွင့္ပတ္သက္၍ ပထမဆံုးတိုင္ၾကားမႈမွ ခရီးသည္ (၄)ဦးကို လက္မွတ္ခ ပိုေငြ ျပန္အမ္းမည္

ျပည္တြင္းေလေၾကာင္းလိုင္းဝန္ေဆာင္မႈႏွင့္ပတ္သက္၍ ပထမဆံုးတိုင္ၾကားမႈမွ ခရီးသည္ (၄)ဦးကို လက္မွတ္ခ ပိုေငြ ျပန္အမ္းမည္
စက်တင်ဘာ 3, 2018
By Tachileik News Agency

ျပည္တြင္းေလေၾကာင္းခရီးစဥ္ ဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာနသို႔ ပထမဆံုး တုိင္ၾကားမႈႏွင့္ ပတ္သက္၍ လက္မွတ္ဝယ္ယူထားသူ(၄)ဦးအတြက္ နစ္နာသည့္ လက္မွတ္ခ ပိုေငြကို ျပန္လည္ ေပးအပ္မည္ျဖစ္ၿပီး ျပည္တြင္းခရီးစဥ္၏ Joint Operation Flights ကိုလည္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

“သူတို႔ တကယ္စီးရတဲ့ ေလယာဥ္လက္မွတ္ခ ေစ်းႏႈန္းအတိုင္းပဲယူၿပီး လက္မွတ္ျဖတ္ထားတဲ့ ေလေၾကာင္းလုိင္းရဲ႕ ေစ်းႏႈန္းအရ ပိုေနတဲ့ လက္မွတ္ခကို ခရီးသည္(၄)ေယာက္ကို ျပန္ေပးမယ္လုိ႔ သိရပါတယ္။ Joint Operation Flights ကိုလည္း ဖ်က္လုိက္တဲ့အေၾကာင္း အေၾကာင္းၾကားလာပါတယ္”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က  တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းႏွင့္ မန္းရတနာပံုေလေၾကာင္းလုိင္းတို႔သည္ ၂၀၁၈ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႔မွစ၍ Joint Operation Flights မ်ားအျဖစ္ တစ္ရက္စီ ေလယာဥ္အလွည့္က် ပ်ံသန္းေျပးဆြဲ ေနခဲ့ျခင္းျဖစ္ရာ လက္မွတ္ေရာင္းခ်သည့္ Agents မ်ားအား လက္မွတ္ေရာင္းခ်သည့္ အခါ ခရီးသည္ မ်ားအား မည္သည့္ ေလယာဥ္စီးနင္းရမည္ကို ႀကိဳတင္ရွင္းလင္းေျပာၾကားရန္ အသိေပးၿပီး ျဖစ္သျဖင့္ Agent မွလည္း လက္မွတ္ဝယ္ယူသူ ခရီးသည္အား ယခုကဲ့သို႔ ကိစၥမ်ိဳး မျဖစ္ေပၚေစရန္အတြက္ လက္မွတ္ေရာင္းခ်စဥ္ ႀကိဳတင္ရွင္းလင္းေျပာၾကားေပးရန္ တာဝန္ရိွပါသည္ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနသို႔ ေပးပို႔သည့္ ေျဖရွင္းခ်က္တြင္ ေဖၚျပထားေၾကာင္း သိရသည္။

လက္မွတ္ေရာင္းခ်ထားသည့္ ေလေၾကာင္းလုိင္းႏွင့္ စီးနင္းရသည့္ ေလေၾကာင္းလုိင္း ကြဲလြဲေနၿပီး ေလေၾကာင္းခရီးစဥ္ အတြက္ လက္မွတ္ေရာင္းခ် ေပးထားစဥ္က ေလေၾကာင္းလုိင္း ေျပာင္းလဲ စီးနင္းရမည္ကို အသိေပးထားျခင္း မရိွဘဲ ေရာင္းခ်ထားျခင္းျဖစ္သျဖင့္ စားသုံုးသူအား ဝန္ေဆာင္မွဳဆိုင္ရာ မမွန္မကန္ ေဆာင္ရြက္မႈျဖင့္ ဆက္သြယ္တိုင္ၾကားထားျခင္းကို ရွမ္းျပည္နယ္တုိင္ၾကားမႈ လက္ခံ ေဆာင္ရြက္ေရး လုပ္ငန္းေကာ္မတီျဖင့္ ၾကားနာစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခရီးသြားျပည္သူမ်ား အေနျဖင့္ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းမ်ားက ဝန္ေဆာင္မႈေပးရာတြင္ စားသုံုးသူေရးရာ အခြင့္အေရးခ်ိဳးေဖါက္ခံရမႈ၊ နစ္နာမႈမ်ားရိွပါက နီးစပ္ရာ စားသံုးသူေရးရာဦးစီးဌာန၊ စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရး စင္တာမ်ားသို႔ ဆက္သြယ္တိုင္ၾကားႏုိင္ေၾကာင္း သိရၿပီး တုိင္ၾကားသူ၏ သတင္းအခ်က္အလက္ဆိုင္ရာကို ဌာနအေနျဖင့္ ကာကြယ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်တွင်းလေကြောင်းခရီးစဉ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသို့ ပထမဆုံး တိုင်ကြားမှုနှင့် ပတ်သက်၍ လက်မှတ်ဝယ်ယူထားသူ(၄)ဦးအတွက် နစ်နာသည့် လက်မှတ်ခ ပိုငွေကို ပြန်လည် ပေးအပ်မည်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်၏ Joint Operation Flights ကိုလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“သူတို့ တကယ်စီးရတဲ့ လေယာဉ်လက်မှတ်ခ ဈေးနှုန်းအတိုင်းပဲယူပြီး လက်မှတ်ဖြတ်ထားတဲ့ လေကြောင်းလိုင်းရဲ့ ဈေးနှုန်းအရ ပိုနေတဲ့ လက်မှတ်ခကို ခရီးသည်(၄)ယောက်ကို ပြန်ပေးမယ်လို့ သိရပါတယ်။ Joint Operation Flights ကိုလည်း ဖျက်လိုက်တဲ့အကြောင်း အကြောင်းကြားလာပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့သည် ၂၀၁၈ ခုနှစ်၊ မေလ (၁၀)ရက်နေ့မှစ၍ Joint Operation Flights များအဖြစ် တစ်ရက်စီ လေယာဉ်အလှည့်ကျ ပျံသန်းပြေးဆွဲ နေခဲ့ခြင်းဖြစ်ရာ လက်မှတ်ရောင်းချသည့် Agents များအား လက်မှတ်ရောင်းချသည့် အခါ ခရီးသည် များအား မည်သည့် လေယာဉ်စီးနင်းရမည်ကို ကြိုတင်ရှင်းလင်းပြောကြားရန် အသိပေးပြီး ဖြစ်သဖြင့် Agent မှလည်း လက်မှတ်ဝယ်ယူသူ ခရီးသည်အား ယခုကဲ့သို့ ကိစ္စမျိုး မဖြစ်ပေါ်စေရန်အတွက် လက်မှတ်ရောင်းချစဉ် ကြိုတင်ရှင်းလင်းပြောကြားပေးရန် တာဝန်ရှိပါသည်ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနသို့ ပေးပို့သည့် ဖြေရှင်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။

လက်မှတ်ရောင်းချထားသည့် လေကြောင်းလိုင်းနှင့် စီးနင်းရသည့် လေကြောင်းလိုင်း ကွဲလွဲနပြေီး လေကြောင်းခရီးစဉ် အတွက် လက်မှတ်ရောင်းချ ပေးထားစဉ်က လေကြောင်းလိုင်း ပြောင်းလဲ စီးနင်းရမည်ကို အသိပေးထားခြင်း မရှိဘဲ ရောင်းချထားခြင်းဖြစ်သဖြင့် စားသုံးသူအား ဝန်ဆောင်မှုဆိုင်ရာ မမှန်မကန် ဆောင်ရွက်မှုဖြင့် ဆက်သွယ်တိုင်ကြားထားခြင်းကို ရှမ်းပြည်နယ်တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဖြင့် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားပြည်သူများ အနဖြေင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက ဝန်ဆောင်မှုပေးရာတွင် စားသုံးသူရေးရာ အခွင့်အရေးချိုးဖောက်ခံရမှု၊ နစ်နာမှုများရှိပါက နီးစပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး စင်တာများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရပြီး တိုင်ကြားသူ၏ သတင်းအချက်အလက်ဆိုင်ရာကို ဌာနအနဖြေင့် ကာကွယ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~