(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အား ကြိုဆိုသည့် အနေဖြင့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ တာချီလိတ်ရွှေတိဂုံစေတီတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်

(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အား ကြိုဆိုသည့် အနေဖြင့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ တာချီလိတ်ရွှေတိဂုံစေတီတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်
စက်တင်ဘာ 9, 2018
By Tachileik News Agency

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည် နေ့အား ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက တာချီလိတ်ရွှေတိဂုံ စေတီရင်ပြင်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - တိုးကြီး



~~~~~~~~⊰❂ unicode ~~~~~~~~

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည် နေ့အား ကြိုဆို ဂုဏ်ပြုသည့် အနဖြေင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက တာချီလိတ်ရွှေတိဂုံ စေတီရင်ပြင်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးမျိုးမင်းလှိုင် နှင့် မှ ဒုတိယရဲမှူး သက်မောင်တို့ ဦးစီးသည့် တပ်ဖွဲ့ဝင် (၁၆)ဦး နှင့် မိသားစုဝင် (၂၀)ဦး စုစုပေါင်း(၃၆)ဦးတို့မှ စုပေါင်း လုပ်အားဒါနပြုခဲ့ကြခြင်း ဖြစ်သည်။

(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုအထိမ်းအမှတ် အဖြစ် ရဲတပ်ဖွဲ့များ စုပေါင်း သွေးလှူဒါန်းခြင်းကို စက်တင်ဘာလ(၆)ရက်နေ့က ပြုလုပ်ခဲ့ကြပြီး စက်တင်ဘာလ (၅)ရက်နေ့ကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ရဲတပ်ဖွဲ့ပေါင်းစုံစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တိုးကြီး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~