တာခ်ီလိတ္တြင္ ေနအိမ္တြင္း ၀င္ခိုးရန္ ပုန္းေနသည့္ သူခိုးက အိမ္ရွင္အား ဓါးျဖင့္ ထိုးကာ ထြက္ေျပးလြတ္ေျမာက္ေန

တာခ်ီလိတ္တြင္ ေနအိမ္တြင္း ၀င္ခိုးရန္ ပုန္းေနသည့္ သူခိုးက အိမ္ရွင္အား ဓါးျဖင့္ ထိုးကာ ထြက္ေျပးလြတ္ေျမာက္ေန
စက်တင်ဘာ 18, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ရိွေနအိမ္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၈)ရက္ေန႔ နံနက္(၆)နာရီခဲြအခ်ိန္က ေနအိမ္အတြင္း ပစၥည္းဝင္ခိုးသူက အိမ္ရွင္အား ဓါးျဖင့္ထိုး၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

"ဒီမနက္ (၆း၃၀)မွာ သူခိုး၀င္လာၿပီး အိမ္ထဲမွာ ပုန္းေနတာ၊ ေယာက္်ားကလည္း သူခိုးကို ေတြ႔သြားၿပီး လံုးေထြးဖမ္းေတာ့ ဓါးနဲ႔ထိုးခံရတယ္၊ အခုလို ျဖစ္တာကို မိုးရြာသံေၾကာင့္ ေဘးအိမ္ေတြ ဘယ္သူမွ မသိလိုက္ဘူး၊ ဓါးနဲ႔ထိုးသြားသူက ညီမကို မေအာ္နဲ႔ တိတ္တိတ္ေနလို႔ ရွမ္းလို ေျပာၿပီး ထြက္သြားတယ္၊ ဘာပစၥည္းမွေတာ့ မရသြားဘူး"ဟု ဓါးထိုးခံရသူ၏ ဇနီးျဖစ္သူက ရွင္းျပသည္။
ေနအိမ္အတြင္း ပစၥည္းမ်ား ခိုးယူရန္ အႀကံျဖင့္ ပုန္းလွ်ဳိး၀င္ေရာက္ေနၿပီး Mask တပ္ထားသည့္ သူခိုးသည္ ေနအိမ္ပိုင္ရွင္ စိုင္းဝန္းက်န္အား ဓါးျဖင့္ ထိုးလိုက္သျဖင့္ စိုင္းဝန္းက်န္တြင္ လက္ေမာင္းႏွစ္ဖက္၌ ဓါးဒဏ္ရာမ်ား ရသြားသည့္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ထိုင္းႏိုင္ငံ ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုအပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍  ပစၥည္းမ်ား ခိုးယူရန္ အႀကံျဖင့္ ပုန္းလွ်ဳိး၀င္ေရာက္ၿပီး အိမ္ရွင္အား ဓါးျဖင့္ ထိုးသြားသူ အမည္မသိ အမ်ဳိးသားအား အျမန္ဆံုးဖမ္းမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၂၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၅/၃၂၄ အရ အမႈဖြင့္ထားေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - Zue ၊ တာခ်ီလိတ္နာေရးကူညီမႈအသင္း





~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိနေအိမ်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က နေအိမ်အတွင်း ပစ္စည်းဝင်ခိုးသူက အိမ်ရှင်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း သိရသည်။

"ဒီမနက် (၆း၃၀)မှာ သူခိုးဝင်လာပြီး အိမ်ထဲမှာ ပုန်းနေတာ၊ ယောက်ျားကလည်း သူခိုးကို တွေ့သွားပြီး လုံးထွေးဖမ်းတော့ ဓားနဲ့ထိုးခံရတယ်၊ အခုလို ဖြစ်တာကို မိုးရွာသံကြောင့် ဘေးအိမ်တွေ ဘယ်သူမှ မသိလိုက်ဘူး၊ ဓားနဲ့ထိုးသွားသူက ညီမကို မအော်နဲ့ တိတ်တိတ်နေလို့ ရှမ်းလို ပြောပြီး ထွက်သွားတယ်၊ ဘာပစ္စည်းမှတော့ မရသွားဘူး"ဟု ဓားထိုးခံရသူ၏ ဇနီးဖြစ်သူက ရှင်းပြသည်။

နေအိမ်အတွင်း ပစ္စည်းများ ခိုးယူရန် အကြံဖြင့် ပုန်းလျှိုးဝင်ရောက်နပြေီး Mask တပ်ထားသည့် သူခိုးသည် နေအိမ်ပိုင်ရှင် စိုင်းဝန်းကျန်အား ဓားဖြင့် ထိုးလိုက်သဖြင့် စိုင်းဝန်းကျန်တွင် လက်မောင်းနှစ်ဖက်၌ ဓားဒဏ်ရာများ ရသွားသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ထိုင်းနိုင်ငံ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုအပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပစ္စည်းများ ခိုးယူရန် အကြံဖြင့် ပုန်းလျှိုးဝင်ရောက်ပြီး အိမ်ရှင်အား ဓားဖြင့် ထိုးသွားသူ အမည်မသိ အမျိုးသားအား အမြန်ဆုံးဖမ်းမိရေးအတွက် ရဲတပ်ဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်နေကြောင်းနှင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၂၄ အရ အမှုဖွင့်ထားကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - Zue၊ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~