ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္အတြင္း ႏြားတင္ယာဥ္ ႏွင့္ ယာဥ္ေပၚလိုက္လာသူမ်ား မၾကာခဏ ပစ္ခတ္ခံေနရ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္အတြင္း ႏြားတင္ယာဥ္ ႏွင့္ ယာဥ္ေပၚလိုက္လာသူမ်ား မၾကာခဏ ပစ္ခတ္ခံေနရ
စက်တင်ဘာ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာႏွင့္ နားေခၚေက်းရြာၾကား ျပည္ေထာင္စု လမ္းမႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၈) ရက္ေန႔ ညပိုင္းက ေနာင္ခ်ိဳဘက္မွ လားရိႈးဘက္သို႔ လာသည့္ ႏြားတင္ယာဥ္ (၅)စီးအနက္ ေရွ႕ဆံုးယာဥ္အား ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ႏြားတစ္ေကာင္ ေသနတ္ ထိမွန္သြားေၾကာင္း သိရသည္။

ေနာင္ခ်ိဳဘက္မွ လားရိႈးဘက္သို႔ တစ္စီးလွ်င္ ႏြားအေကာင္ (၂၀) စီတင္ေဆာင္လာသည့္ ယာဥ္(၅)စီးအဖြြဲ႕သည္ စက္တင္ဘာလ (၂၈) ရက္ေန႔ ည (၁၁) နာရီခြဲဝန္းက်င္တြင္  မိုင္တိုင္အမွတ္ ၁၁၂/၄ ႏွင့္ ၁၁၂/၅ ၾကားသို႔ အေရာက္  ဆိုင္ကယ္ျဖင့္ လုိက္လာသည့္ အမ်ိဳးသား ႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏြားမ်ားအား တရားဝင္သယ္ေဆာင္ခြင့္ျဖင့္ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရၿပီး  ပစ္ခတ္ သြားသူမ်ားကို ရဲတပ္ဖြဲ႕က စံုစမ္းေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၌ ၂၀၁၈ ခုႏွစ္အတြင္း ကၽြဲႏြားတင္လာသည့္ ေမာ္ေတာ္ ယာဥ္မ်ားအား ေသနတ္ျဖင့္ ပစ္ခတ္မႈ စုစုေပါင္း (၇)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆံုးသူ(၈)ဦးႏွင့္ ဒဏ္ရာရသူ(၉)ဦးရိွခဲ့ၿပီး အဆိုပါပစ္ခတ္မႈမ်ားအား သက္ဆုိင္ရာ ရဲတပ္ဖြဲ႕မ်ားက ေဖၚထုတ္ႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ကၽြဲႏြားတင္ေဆာင္လာသည့္ကားမ်ား ေသနတ္ ပစ္ခတ္ခံရမႈမ်ားမွာ ေဖေဖၚဝါရီလ (၂၄) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္၊ ေနာင္ပစ္ ေက်းရြာအနီးတြင္ ႏြားတင္လာသည့္ယာဥ္ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား (၄) ဦးဒဏ္ရာရရိွျခင္း၊ မတ္လ (၁၀) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ပင္တိန္ႏွင့္ လြယ္လမ္းရြာၾကားတြင္ ႏြားတင္ကား(၄)စီးကို ေသနတ္ ပစ္ခံရ၍ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ေသဆံုးၿပီး အမ်ိဳးသမီး(၁)ဦး ဒဏ္ရာရရိွျခင္း၊  မတ္လ (၃၁)ရက္ေန႔က ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာအုပ္စု ဆီဆံုေက်းရြာအနီး ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ႏြားတင္လာသည့္ (၁၂) ဘီးယာဥ္ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား(၁)ဦး ေသဆံုးျခင္း၊ ေမလ (၈) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ႀကံခင္းေက်းရြာအနီး ေမာင္ဖုန္းေတာင္အဆင္းတြင္ ႏြားတင္လာသည့္ ယာဥ္တစ္စီး ေသနတ္ပစ္ခံရ အမ်ိဳးသား(၁)ဦးေသဆံုးၿပီး (၂)ဦးဒဏ္ရာရျခင္း၊ ဇြန္လ (၁၁) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ မန္တန္းေက်းရြာအနီးတြင္ ေနာင္ခ်ိဳဘက္မွ ကြဲ်၊ႏြားမ်ား တင္ေဆာင္လာသည့္ (၁၂) ဘီးယာဥ္(၅)စီးအဖြဲ႕ ေသနတ္ပစ္ခံရ၍ အမ်ိဳးသား(၂)ဦး ဒဏ္ရာရသြားျခင္း၊ ဇြန္လ (၂၈) ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာႏွင့္ ပင္တိန္ေက်းရြာအၾကားတြင္ ႏြားကား ေသနတ္ပစ္ခံရ၍ အမ်ိဳးသား (၂) ဦးေသဆံုးျခင္း၊ ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာအနီးတြင္ စက္တင္ဘာလ (၈) ရက္ေန႔က ေသနတ္ပစ္ခံရသျဖင့္ အမိ်ဳးသား (၂) ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ယခင္က တရုတ္ႏုိင္ငံသို႔ ကၽြဲ၊ႏြားမ်ား တရားမဝင္တင္ပို႔မႈမ်ားရိွေနသျဖင့္ ကၽြဲ၊ႏြားအရွင္မ်ား ျပည္ပ တင္ပို႔ခြင့္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာအမွတ္ ၄၉/၁၀၁၇ ျဖင့္ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္မွစ၍ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးစခန္းမွေန၍ တစ္ဖက္တရုတ္ႏုိင္ငံသို႔ တရားဝင္ တင္ပို႔မႈမ်ား စတင္ခဲ့ၿပီးေနာက္ တရားဝင္ တင္ပို႔သည့္ ကၽြဲႏြား သယ္ေဆာင္သည့္ ေမာ္ေတာ္ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ရိွ နယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တရုတ္ႏုိင္ငံသို႔ ၂၀၁၈ ခုႏွစ္ ေမလ (၁)ရက္ေန႔မွ (၁၅)ရက္ေန႔အတြင္း ကၽြဲႏြားဆိတ္တင္ပို႔မႈမွ အခြန္ေငြ က်ပ္သိန္းေပါင္း (၁၇၀၀)ေက်ာ္ ရရိွေၾကာင္း မူဆယ္(၁၀၅)မုိင္ ကုန္သြယ္ေရးစခန္း၏စာရင္းမ်ားအရ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာနှင့် နားခေါ်ကျေးရွာကြား ပြည်ထောင်စု လမ်းမကြီးတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ ညပိုင်းက နောင်ချိုဘက်မှ လားရှိုးဘက်သို့ လာသည့် နွားတင်ယာဉ် (၅)စီးအနက် ရှေ့ဆုံးယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နွားတစ်ကောင် သေနတ် ထိမှန်သွားကြောင်း သိရသည်။

နောင်ချိုဘက်မှ လားရှိုးဘက်သို့ တစ်စီးလျှင် နွားအကောင် (၂၀) စီတင်ဆောင်လာသည့် ယာဉ်(၅)စီးအဖွဲ့သည် စက်တင်ဘာလ (၂၈) ရက်နေ့ ည (၁၁) နာရီခွဲဝန်းကျင်တွင် မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၁၁၂/၅ ကြားသို့ အရောက် ဆိုင်ကယ်ဖြင့် လိုက်လာသည့် အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နွားများအား တရားဝင်သယ်ဆောင်ခွင့်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ပစ်ခတ် သွားသူများကို ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၌ ၂၀၁၈ ခုနှစ်အတွင်း ကျွဲနွားတင်လာသည့် မော်တော် ယာဉ်များအား သေနတ်ဖြင့် ပစ်ခတ်မှု စုစုပေါင်း (၇)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူ(၉)ဦးရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောက်မဲခရိုင်တွင် ၂၀၁၈ ခုနှစ်အတွင်း ကျွဲနွားတင်ဆောင်လာသည့်ကားများ သေနတ် ပစ်ခတ်ခံရမှုများမှာ ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ် ကျေးရွာအနီးတွင် နွားတင်လာသည့်ယာဉ် သေနတ်ပစ်ခံရ၍ အမျိုးသား (၄) ဦးဒဏ်ရာရရှိခြင်း၊ မတ်လ (၁၀) ရက်နေ့က ကျောက်မဲမြို့နယ် ပင်တိန်နှင့် လွယ်လမ်းရွာကြားတွင် နွားတင်ကား(၄)စီးကို သေနတ် ပစ်ခံရ၍ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိခြင်း၊ မတ်လ (၃၁)ရက်နေ့က ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာကျေးရွာအုပ်စု ဆီဆုံကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နွားတင်လာသည့် (၁၂) ဘီးယာဉ် သေနတ်ပစ်ခံရ၍ အမျိုးသား(၁)ဦး သေဆုံးခြင်း၊ မေလ (၈) ရက်နေ့က ကျောက်မဲမြို့နယ် ကြံခင်းကျေးရွာအနီး မောင်ဖုန်းတောင်အဆင်းတွင် နွားတင်လာသည့် ယာဉ်တစ်စီး သေနတ်ပစ်ခံရ အမျိုးသား(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခြင်း၊ ဇွန်လ (၁၁) ရက်နေ့က ကျောက်မဲမြို့နယ် မန်တန်းကျေးရွာအနီးတွင် နောင်ချိုဘက်မှ ကျွဲ၊နွားများ တင်ဆောင်လာသည့် (၁၂) ဘီးယာဉ်(၅)စီးအဖွဲ့ သေနတ်ပစ်ခံရ၍ အမျိုးသား(၂)ဦး ဒဏ်ရာရသွားခြင်း၊ ဇွန်လ (၂၈) ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ပင်တိန်ကျေးရွာအကြားတွင် နွားကား သေနတ်ပစ်ခံရ၍ အမျိုးသား (၂) ဦးသေဆုံးခြင်း၊ ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီးတွင် စက်တင်ဘာလ (၈) ရက်နေ့က သေနတ်ပစ်ခံရသဖြင့် အမျိုးသား (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခင်က တရုတ်နိုင်ငံသို့ ကျွဲ၊နွားများ တရားမဝင်တင်ပို့မှုများရှိနေသဖြင့် ကျွဲ၊နွားအရှင်များ ပြည်ပ တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၉/၁၀၁၇ ဖြင့် ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နှစ်ကုန်မှစ၍ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးစခန်းမှနေ၍ တစ်ဖက်တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှုများ စတင်ခဲ့ပြီးနောက် တရားဝင် တင်ပို့သည့် ကျွဲနွား သယ်ဆောင်သည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ကျွဲနွားဆိတ်တင်ပို့မှုမှ အခွန်ငွေ ကျပ်သိန်းပေါင်း (၁၇၀၀)ကျော် ရရှိကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်း၏စာရင်းများအရ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~