တရုတ္အမ်ိဳးသားထံမွ အခေၾကးေငြရယူကာ မိန္းကေလးကို လက္ထပ္ေစခဲ့သည့္ ဖခင္၊အစ္မႏွင့္ ခ်ိတ္ဆက္ေပးသူတို႔အား ဖမ္းဆီးအေရးယူထား

တရုတ္အမ်ိဳးသားထံမွ အခေၾကးေငြရယူကာ မိန္းကေလးကို လက္ထပ္ေစခဲ့သည့္ ဖခင္၊အစ္မႏွင့္ ခ်ိတ္ဆက္ေပးသူတို႔အား ဖမ္းဆီးအေရးယူထား
စက်တင်ဘာ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕နယ္တြင္ အသက္(၁၈)ႏွစ္အရြယ္ မိန္းကေလးအား တရုတ္အမ်ိဳးသားထံမွ အခေၾကးေငြယူကာ လက္ထပ္ေပးခဲ့သည့္ ဖခင္၊အစ္မႏွင့္ အခေၾကးေငြယူ၍ ေဆာင္ရြက္ေပးခဲ့သူ(၂)ဦး စုစုေပါင္း(၄)ဦးတုိ႔ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ ဖမ္းဆီးကာ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ခ်စ္ေဆြ ဆိုသည့္ အမ်ိဳးသားတစ္ဦးသည္ တရုတ္ႏုိင္ငံ၊ တာေလာၿမိဳ႕နယ္တြင္ ေနထိုင္ကာ က်ိဳင္းတံုၿမိဳ႕နယ္တြင္းမွ အမ်ိဳးသမီးမ်ားကို မုိင္းလားတြင္ အလုပ္ရမည္ဟု ေခၚေဆာင္ကာ တရုတ္ႏုိင္ငံ၌ တရုတ္အမ်ိဳးသားမ်ားျဖင့္ လက္ထပ္ရန္ အခေၾကးေငြယူ၍ ပို႔ေဆာင္ေပးေနသူျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ က်ဳိင္းတံု - မိုင္းခတ္ - မိုင္းယန္း - မုိင္းလားလမ္းရိွ ဝမ္တာပံု ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ ရဲတပ္ဖြဲ႕က ပိတ္ဆို႔ ရွာေဖြစစ္ေဆးေနစဥ္ က်ဳိင္းတံုဘက္မွ မိုင္းလားဘက္သို႔ ဆုိင္ကယ္ ေမာင္းႏွင္လာသည့္ ခ်စ္ေဆြကို ေန႔လယ္ (၁၁)နာရီ (၄၅)မိနစ္တြင္ စစ္ေဆးေတြ႔ရိွရသျဖင့္ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ရံုးသို႔ ေခၚယူစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်စ္ေဆြသည္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လအတြင္းက တံုတာၿမိဳ႕၊ ပန္ပ်င္ရြာမွ အသက္(၁၈)ႏွစ္အရြယ္ မိန္းကေလးကို တရုတ္အမ်ိဳးသားႏွင့္ လက္ထပ္ရန္ အဆိုပါ မိန္းကေလး၏ ဖခင္ျဖစ္သူႏွင့္ အစ္မျဖစ္သူတို႔ႏွင့္ အတူ ပူးေပါင္းႀကံစည္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလးအား တရုတ္ႏုိင္ငံ၊ ေခြးမင္ၿမိဳ႕နယ္တြင္ တရုတ္ႏုိင္ငံသားတစ္ဦးထံ တရုတ္ယြမ္ေငြ (၄၀,၀၀၀)ျဖင့္ ေရာင္းခ်ခဲ့ၿပီး အဆိုပါ မိန္းကေလးအား ယြမ္ေငြ (၃၀,၀၀၀)၊ ခ်စ္ေဆြက ယြမ္ေငြ(၅၀၀၀)၊ စကားျပန္ က်ေလာက ယြမ္ေငြ(၃၀၀၀)၊ ခ်စ္ေဆြ၏ သားမက္ က်ေဖ့(ခ)က်မွဴးက ယြမ္ေငြ(၂၀၀၀)အသီးသီး ခြဲေဝယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိန္းကေလးအား တရုတ္အမ်ိဳးသားထံမွ အခေၾကးေငြယူ၍ လက္ထပ္ထိမ္းျမႇားေပးခဲ့သည့္ အဆိုပါ မိန္းကေလး၏ ဖခင္၊ အစ္မႏွင့္ ခ်စ္ေဆြ၊ က်ေဖ့(ခ)က်မူးတုိ႔အား တံုတာနယ္ေျမရဲစခန္းတြင္ (ပ)၆/၂၀၁၈၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၈/၃၂ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အသက်(၁၈)နှစ်အရွယ် မိန်းကလေးအား တရုတ်အမျိုးသားထံမှ အခကြေးငွေယူကာ လက်ထပ်ပေးခဲ့သည့် ဖခင်၊အစ်မနှင့် အခကြေးငွေယူ၍ ဆောင်ရွက်ပေးခဲ့သူ(၂)ဦး စုစုပေါင်း(၄)ဦးတို့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့တွင် ဖမ်းဆီးကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ချစ်ဆွေ ဆိုသည့် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံ၊ တာလောမြို့နယ်တွင် နေထိုင်ကာ ကျိုင်းတုံမြို့နယ်တွင်းမှ အမျိုးသမီးများကို မိုင်းလားတွင် အလုပ်ရမည်ဟု ခေါ်ဆောင်ကာ တရုတ်နိုင်ငံ၌ တရုတ်အမျိုးသားများဖြင့် လက်ထပ်ရန် အခကြေးငွေယူ၍ ပို့ဆောင်ပေးနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း - မိုင်းလားလမ်းရှိ ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေစစ်ဆေးနေစဉ် ကျိုင်းတုံဘက်မှ မိုင်းလားဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် ချစ်ဆွေကို နေ့လယ် (၁၁)နာရီ (၄၅)မိနစ်တွင် စစ်ဆေးတွေ့ရှိရသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ဆွေသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းက တုံတာမြို့၊ ပန်ပျင်ရွာမှ အသက်(၁၈)နှစ်အရွယ် မိန်းကလေးကို တရုတ်အမျိုးသားနှင့် လက်ထပ်ရန် အဆိုပါ မိန်းကလေး၏ ဖခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့နှင့် အတူ ပူးပေါင်းကြံစည်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးအား တရုတ်နိုင်ငံ၊ ခွေးမင်မြို့နယ်တွင် တရုတ်နိုင်ငံသားတစ်ဦးထံ တရုတ်ယွမ်ငွေ (၄၀,ဝဝဝ)ဖြင့် ရောင်းချခဲ့ပြီး အဆိုပါ မိန်းကလေးအား ယွမ်ငွေ (၃၀,ဝဝဝ)၊ ချစ်ဆွေက ယွမ်ငွေ(၅၀၀၀)၊ စကားပြန် ကျလောက ယွမ်ငွေ(၃၀၀၀)၊ ချစ်ဆွေ၏ သားမက် ကျဖေ့(ခ)ကျမှူးက ယွမ်ငွေ(၂၀၀၀)အသီးသီး ခွဲဝေယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိန်းကလေးအား တရုတ်အမျိုးသားထံမှ အခကြေးငွေယူ၍ လက်ထပ်ထိမ်းမြှားပေးခဲ့သည့် အဆိုပါ မိန်းကလေး၏ ဖခင်၊ အစ်မနှင့် ချစ်ဆွေ၊ ကျဖေ့(ခ)ကျမူးတို့အား တုံတာနယ်မြေရဲစခန်းတွင် (ပ)၆/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈/၃၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~