က်ဳိင္းတံုတြင္ ဆိုင္ကယ္ေမာင္းသူမ်ားႏွင့္ စီးနင္းလိုက္ပါသူမ်ား ဆိုင္ကယ္စီးဦးထုပ္ေဆာင္းေရးအတြက္ စုေပါင္းပါ၀င္လႈပ္ရွား

က်ဳိင္းတံုတြင္ ဆိုင္ကယ္ေမာင္းသူမ်ားႏွင့္ စီးနင္းလိုက္ပါသူမ်ား ဆိုင္ကယ္စီးဦးထုပ္ေဆာင္းေရးအတြက္ စုေပါင္းပါ၀င္လႈပ္ရွား
စက်တင်ဘာ 3, 2018
By Tachileik News Agency

ေမာ္ေတာ္ဆိုင္ကယ္ေမာင္းသူမ်ားႏွင့္ စီးနင္းလိုက္ပါသူမ်ား ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းေရးအတြက္ ျပည္သူမ်ား ပါ၀င္သည့္ စုေပါင္းႏႈိးေဆာ္လႈပ္ရွားမႈ အား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ပထမဆံုးအျဖစ္ က်ဳိင္းတံုၿမိဳ႕၌ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၃)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

"ရွမ္းအေရွ႕မွာ အခုလိုမ်ိဳး Campaign လုပ္တာ ဒါပထမဆုံး အၾကိမ္ျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ က်ိဳင္းတုံၿမိဳ႕မွာ ရိွတဲ့ တကၠသိုလ္ေတြက ေက်ာင္းသား၊ ေက်ာင္းသူေတြ အပါအ၀င္ တာခ်ီလိတ္က Eastern Eagle MC အဖြဲ႕လည္း လာျပီး ပူးေပါင္း ပါ၀င္ေပးပါတယ္။ ရွမ္းအေရွ႕က တစ္ျခားျမိဳ႕ေတြမွာေတာ့ ဒါမ်ိဳးလုပ္ဖို႕ အစီအစဥ္ရိွ မရိွေတာ့ မသိရေသးဘူး။ ဒါက တပ္ဖြဲ႕စုမွဴးေတြက ဦးေဆာင္ျပီး လုပ္ရတာ ျဖစ္ပါတယ္။"ဟု အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ေျပာသည္။

အဆိုပါ Campaign ကို က်ိဳင္းတုံၿမိဳ႕တြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေစရန္ ရည္ရြယ္ၿပီး ဌာနဆိုင္ရာမ်ား၊ Eastern Eaglae Motorcycle Club၊ က်ိဳင္းတုံတကၠသိုလ္၊ နည္းပညာတကၠသိုလ္ႏွင့္ ကြန္ပ်ဴတာ တကၠသိုလ္တို႕မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ေက်ာက္တိုင္မွ တစ္ဆင့္ တာခ်ီလိတ္လမ္း၊ မိုင္းယန္းလမ္း၊ ေတာင္ႀကီးလမ္းႏွင့္ ေလယာဥ္ကြင္းလမ္း အတိုင္း ဆိုင္ကယ္ေမာင္းႏွင္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

မော်တော်ဆိုင်ကယ်မောင်းသူများနှင့် စီးနင်းလိုက်ပါသူများ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေးအတွက် ပြည်သူများ ပါဝင်သည့် စုပေါင်းနှိုးဆော်လှုပ်ရှားမှု အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပထမဆုံးအဖြစ် ကျိုင်းတုံမြို့၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

"ရှမ်းအရှေ့မှာ အခုလိုမျိုး Campaign လုပ်တာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ကျိုင်းတုံမြို့မှာ ရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် တာချီလိတ်က Eastern Eagle MC အဖွဲ့လည်း လာပြီး ပူးပေါင်း ပါဝင်ပေးပါတယ်။ ရှမ်းအရှေ့က တစ်ခြားမြို့တွေမှာတော့ ဒါမျိုးလုပ်ဖို့ အစီအစဉ်ရှိ မရှိတော့ မသိရသေးဘူး။ ဒါက တပ်ဖွဲ့စုမှူးတွေက ဦးဆောင်ပြီး လုပ်ရတာ ဖြစ်ပါတယ်။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ Campaign ကို ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ Eastern Eaglae Motorcycle Club၊ ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများက ကျောက်တိုင်မှ တစ်ဆင့် တာချီလိတ်လမ်း၊ မိုင်းယန်းလမ်း၊ တောင်ကြီးလမ်းနှင့် လေယာဉ်ကွင်းလမ်း အတိုင်း ဆိုင်ကယ်မောင်းနှင်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~