ျမန္မာ - တရုတ္နယ္စပ္မ်ဥ္းအနီး တရုတ္ဘက္မွ ေျမတူးေဖၚျခင္းႏွင့္ပတ္သက္၍ တရုတ္ဘက္သို႔ ေျဖရွင္းခ်က္ေတာင္းထား

ျမန္မာ - တရုတ္နယ္စပ္မ်ဥ္းအနီး တရုတ္ဘက္မွ ေျမတူးေဖၚျခင္းႏွင့္ပတ္သက္၍ တရုတ္ဘက္သို႔ ေျဖရွင္းခ်က္ေတာင္းထား
စက်တင်ဘာ 20, 2018
By Tachileik News Agency
ျမန္မာ - တရုတ္နယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္၊ ပန္ဆိုင္း (ၾကဴကုတ္)ၿမိဳ႕နယ္၊ ဖိုင္းေကာင္းရြာအနီးတြင္ တရုတ္ႏိုင္ငံဘက္မွ ဘက္ဟိုးျဖင့္ ေျမတူးျခင္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၉) ရက္တြင္ လုပ္ေဆာင္ခဲ့မႈႏွင့္ ပတ္သက္၍ ျမန္မာတာဝန္ရိွသူမ်ားက တရုတ္ႏုိင္ငံဘက္သို႔ ျပည္ပ ေရးရာဌာနမွ တစ္ဆင့္ ေျဖရွင္းခ်က္ ေတာင္းထားေၾကာင္း သိရသည္။

“ဒီဟာေတြ လုပ္မယ္ဆိုတာ ကၽြန္ေတာ္တို႔ဘက္ကို အေၾကာင္းၾကားတာေတြလည္း မရိွဘူး။ ဒါ ကၽြန္ေတာ္တုိ႔ ေက်းရြာအုပ္ခ်ဳပ္ေရးဘက္က တင္လုိ႔သာ သိရတာဆိုေတာ့ သူတို႔ကို ကန္႔ကြက္စာေထာက္လိုက္ေတာ့ သူတုိ႔ ေျဖရွင္းခ်က္ေပးရမွာေပါ့။ ေလာေလာဆယ္ေတာ့ တရုတ္ဘက္က ေျဖရွင္းခ်က္ေတာ့ ေရာက္မလာေသးပါဘူး။ ကၽြန္ေတာ္တုိ႔က ႏွစ္ႏုိင္ငံကလည္း ကပ္ေနေတာ့ ကၽြန္ေတာ္တို႔ဘက္က ရြာသူရြာသားေတြက နယ္စပ္မ်ဥ္း (၁၀)မီတာထဲ ေရာက္ေနတယ္ထင္ရင္ သူတုိ႔က ကန္႔ကြက္၊ ကၽြန္ေတာ္တုိ႔ကလည္း သူတုိ႔ဘက္ကေန နယ္စပ္မ်ဥ္းထဲ ေရာက္ေနတယ္ထင္ရင္ လွမ္းကန္႔ကြက္ေပါ့။ ဒီလိုပဲ ႏွစ္ႏုိင္ငံညိႇႏႈိင္းေဆာင္ရြက္ၾကရတာပါ”ဟု  မူဆယ္  ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဥကၠာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - တရုတ္ ႏွစ္ႏိုင္ငံနယ္စပ္ မူဆယ္ခရိုင္အတြင္း ဖိုင္ေကာင္းရြာသည္ နယ္နမိတ္မ်ဥ္းအနီးတြင္ တည္ရိွေနျခင္းျဖစ္ၿပီး တရုတ္ႏုိင္ငံသားမ်ားက ေျမတူးစက္မ်ားျဖင့္ ေျမာင္းတူးျခင္းကို စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ လာေရာက္လုပ္ေဆာင္ေနေၾကာင္း ဖိုင္ေကာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွ သတင္းေပးပို႔ခ်က္ အရ ၿမိဳ႕အုပ္ခ်ဳပ္ေရးႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္ အဖြဲ႕က ယင္းေန႔မွာပင္ သြားေရာက္ တားျမစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေန႔က သူတုိ႔ကို ခ်က္ခ်င္းပဲ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ၊ တာဝန္ရိွသူေတြက သြားေရာက္တားျမစ္ ေဆာင္ရြက္တဲ့ အတြက္ေၾကာင့္ရယ္ ၿမိဳ႕နယ္ နယ္စပ္အာဏာပိုင္အဖြဲ႕၊ ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကေန တရုတ္ဘက္ကို ကန္႔ကြက္စာေပးပို႔ခဲ့တာေတြေၾကာင့္ မေန႔ညေနက သူတို႔ပစၥည္းေတြျဖဳတ္ၿပီး သိမ္းသြားတယ္ဆိုတာ သတင္းပို႔လာပါတယ္။ ဓါတ္ပံုမွတ္တမ္းမွာလည္း သူတို႔ျဖဳတ္ၿပီး သိမ္းသြားတာ ေတြ႔ရပါတယ္”ဟု မူဆယ္ခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးဥကၠာက ေျပာသည္။

တရုတ္ႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားထံ ျမန္မာႏိုင္ငံဘက္မွ တာဝန္ရိွသူမ်ားက စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ ကန္႔ကြက္စာေပးပို႔ထားၿပီး ေျမတူးေဖၚထားသည့္ေနရာကို ႏွစ္ႏုိင္ငံ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕ျဖင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္ႏွစ္ႏုိင္ငံနယ္စပ္မ်ဥ္း၏ တစ္ဖက္တစ္ခ်က္ (၁၀)မီတာ ( ၃၂ ေပေက်ာ္)အတြင္း ႏွစ္ႏုိင္ငံလံုးမွ တည္ေဆာက္ျခင္း၊ တူးေဖၚျခင္းအပါအဝင္ မည္သည့္ေဆာင္ရြက္မႈကိုမွ ဝင္ေရာက္လုပ္ကိုင္ခြင့္မရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Kachin News Group


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့နယ်၊ ဖိုင်းကောင်းရွာအနီးတွင် တရုတ်နိုင်ငံဘက်မှ ဘက်ဟိုးဖြင့် မြေတူးခြင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်တွင် လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာတာဝန်ရှိသူများက တရုတ်နိုင်ငံဘက်သို့ ပြည်ပ ရေးရာဌာနမှ တစ်ဆင့် ဖြေရှင်းချက် တောင်းထားကြောင်း သိရသည်။

“ဒီဟာတွေ လုပ်မယ်ဆိုတာ ကျွန်တော်တို့ဘက်ကို အကြောင်းကြားတာတွေလည်း မရှိဘူး။ ဒါ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးဘက်က တင်လို့သာ သိရတာဆိုတော့ သူတို့ကို ကန့်ကွက်စာထောက်လိုက်တော့ သူတို့ ဖြေရှင်းချက်ပေးရမှာပေါ့။ လောလောဆယ်တော့ တရုတ်ဘက်က ဖြေရှင်းချက်တော့ ရောက်မလာသေးပါဘူး။ ကျွန်တော်တို့က နှစ်နိုင်ငံကလည်း ကပ်နေတော့ ကျွန်တော်တို့ဘက်က ရွာသူရွာသားတွေက နယ်စပ်မျဉ်း (၁၀)မီတာထဲ ရောက်နေတယ်ထင်ရင် သူတို့က ကန့်ကွက်၊ ကျွန်တော်တို့ကလည်း သူတို့ဘက်ကနေ နယ်စပ်မျဉ်းထဲ ရောက်နေတယ်ထင်ရင် လှမ်းကန့်ကွက်ပေါ့။ ဒီလိုပဲ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ကြရတာပါ”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ် မူဆယ်ခရိုင်အတွင်း ဖိုင်ကောင်းရွာသည် နယ်နမိတ်မျဉ်းအနီးတွင် တည်ရှိနခြေင်းဖြစ်ပြီး တရုတ်နိုင်ငံသားများက မြေတူးစက်များဖြင့် မြောင်းတူးခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့တွင် လာရောက်လုပ်ဆောင်နေကြောင်း ဖိုင်ကောင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ သတင်းပေးပို့ချက် အရ မြို့အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများပါဝင်သည့် အဖွဲ့က ယင်းနေ့မှာပင် သွားရောက် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က သူတို့ကို ချက်ချင်းပဲ မြို့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တာဝန်ရှိသူတွေက သွားရောက်တားမြစ် ဆောင်ရွက်တဲ့ အတွက်ကြောင့်ရယ် မြို့နယ် နယ်စပ်အာဏာပိုင်အဖွဲ့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ တရုတ်ဘက်ကို ကန့်ကွက်စာပေးပို့ခဲ့တာတွေကြောင့် မနေ့ညနေက သူတို့ပစ္စည်းတွဖြေုတ်ပြီး သိမ်းသွားတယ်ဆိုတာ သတင်းပို့လာပါတယ်။ ဓာတ်ပုံမှတ်တမ်းမှာလည်း သူတို့ဖြုတ်ပြီး သိမ်းသွားတာ တွေ့ရပါတယ်”ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများထံ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက စက်တင်ဘာလ (၁၉)ရက်နေ့တွင် ကန့်ကွက်စာပေးပို့ထားပြီး မြေတူးဖော်ထားသည့်နေရာကို နှစ်နိုင်ငံ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နှစ်နိုင်ငံနယ်စပ်မျဉ်း၏ တစ်ဖက်တစ်ချက် (၁၀)မီတာ ( ၃၂ ပေကျော်)အတွင်း နှစ်နိုင်ငံလုံးမှ တည်ဆောက်ခြင်း၊ တူးဖော်ခြင်းအပါအဝင် မည်သည့်ဆောင်ရွက်မှုကိုမှ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Kachin News Group

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~