မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများ ကျိုင်းလပ် - တာလေသွားလမ်းပေါ်တွင် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများ ကျိုင်းလပ် - တာလေသွားလမ်းပေါ်တွင် ဖမ်းဆီးရမိ
စကျတငျဘာ 29, 2018
By Tachileik News Agency


တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု ၀မ်ယန်းကျေးရွာတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ အိုက်အွန် မောင်းလာသည့် အီတန်(ထော်လာဂျီ)အား ရပ်တန့် စစ်ဆေးရှာဖွေရာက ကဖင်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။


ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ် - တာလေသွားလမ်းပေါ် နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ထော်လာဂျီပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်သွင်း တင်ဆောင်လာပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်ယန်းကျေးရွာတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကျိုင်းလပ်မြို့ဘက်မှ တာလမြေို့ဘက်သို့ အိုက်အွန် မောင်းလာသည့် အီတန်(ထော်လာဂျီ)အား ရပ်တန့် စစ်ဆေးရှာဖွေရာက ကဖင်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်မှ ရှာဖွေတွေ့ရှိရသည်များမှာ ဆာလာအိတ်ပေါင်း (၄၀)ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် စုစုပေါင်း အလေးချိန် ကီလို(၂၀၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိပြီး ကဖင်းများနှင့်အတူ ဖမ်းဆီးရမိသည့် ယာဉ်မောင်း အိုက်အွန် နှင့် ကွင်းဆက်တရားခံဖြစ်သူ အိုက်ကျွဲတို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ် ၁၆(ခ)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း အပြင် ကွင်းဆက်များ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~