စည္းကမ္းမဲ့ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးစဥ္ ေတြ႔ရွိရသည့္ လိုင္စင္မဲ့ ကားႏွစ္စီးအား ပို႔ကုန္၊ သြင္းကုန္ ဥပေဒျဖင့္ အေရးယူ

စည္းကမ္းမဲ့ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးစဥ္ ေတြ႔ရွိရသည့္ လိုင္စင္မဲ့ ကားႏွစ္စီးအား ပို႔ကုန္၊ သြင္းကုန္ ဥပေဒျဖင့္ အေရးယူ
စက်တင်ဘာ 27, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ မင္းဘူး - ပဒါန္း ကားလမ္း၌ စည္းကမ္းမဲ့ေမာ္ေတာ္ယာဥ္မ်ား စစ္ေဆးရာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာ(၂၆)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၂)စီးကို စစ္ေဆးေတြ႔ရိွရ၍ ပို႔ကုန္၊ သြင္းကုန္ ဥပေဒျဖင့္ အေရးယူထားေၾကာင္း သိရသည္။

မင္းဘူး - ပဒါန္းကားလမ္း၌  ရဲတပ္ဖြဲ႕က စည္းကမ္းပ်က္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးျခင္း၊ ပညာေပးျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ေန႔လယ္(၃)နာရီ(၄၅)မိနစ္ဝန္းက်င္တြင္ မင္းဘူးဘက္မွ ပဒါန္းဘက္သို႔ ယာဥ္ေမာင္း ေပါက္စ ေမာင္းႏွင္လာသည့္ 3H/4808 TOYOTA CALDINA အျဖဴေရာင္ ယာဥ္ႏွင့္ ယာဥ္ေမာင္း ေနထက္ႏိုင္(ခ)စိန္ဝင္း ေမာင္းႏွင္လာသည့္ 7G/3696 HONDA CR-V အျဖဴ ေရာင္ယာဥ္တို႔မွ တရားဝင္ မွတ္ပံုတင္ထားျခင္း မရိွေသာ ယာဥ္မ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္(၂)စီး၏ပိုင္္ရွင္မ်ားကို မင္းဘူးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနရာ ေပါက္စကို (ပ)၁၁၁၉/၂၀၁၈ ျဖင့္လည္းေကာင္း၊ ေနထက္ႏိုင္(ခ)စိန္ဝင္းကို (ပ)၁၁၂၀/၂၀၁၈ ျဖင့္လည္းကာင္း ပို႔ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ ၈ ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး - ပဒါန်း ကားလမ်း၌ စည်းကမ်းမဲ့မော်တော်ယာဉ်များ စစ်ဆေးရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့ နေ့လယ်ပိုင်းတွင် လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးကို စစ်ဆေးတွေ့ရှိရ၍ ပို့ကုန်၊ သွင်းကုန် ဥပဒဖြေင့် အရေးယူထားကြောင်း သိရသည်။

မင်းဘူး - ပဒါန်းကားလမ်း၌ ရဲတပ်ဖွဲ့က စည်းကမ်းပျက်မော်တော်ယာဉ်များအား စစ်ဆေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် နေ့လယ်(၃)နာရီ(၄၅)မိနစ်ဝန်းကျင်တွင် မင်းဘူးဘက်မှ ပဒါန်းဘက်သို့ ယာဉ်မောင်း ပေါက်စ မောင်းနှင်လာသည့် 3H/4808 TOYOTA CALDINA အဖြူရောင် ယာဉ်နှင့် ယာဉ်မောင်း နေထက်နိုင်(ခ)စိန်ဝင်း မောင်းနှင်လာသည့် 7G/3696 HONDA CR-V အဖြူ ရောင်ယာဉ်တို့မှ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်(၂)စီး၏ပိုင်ရှင်များကို မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေရာ ပေါက်စကို (ပ)၁၁၁၉/၂၀၁၈ ဖြင့်လည်းကောင်း၊ နေထက်နိုင်(ခ)စိန်ဝင်းကို (ပ)၁၁၂၀/၂၀၁၈ ဖြင့်လည်းကာင်း ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~