ဘူးသီးတောင်မြို့နယ်တွင် အမျိုးသားနှစ်ဦးမှ ဆန်စက်ကို မီးရှို့ ထွက်ပြေးရာက နေအိမ်(၅)လုံးနှင့် ဆိုင်ခန်းမီးလောင်ဆုံးရှုံး

ဘူးသီးတောင်မြို့နယ်တွင် အမျိုးသားနှစ်ဦးမှ ဆန်စက်ကို မီးရှို့ ထွက်ပြေးရာက နေအိမ်(၅)လုံးနှင့် ဆိုင်ခန်းမီးလောင်ဆုံးရှုံး
စက်တင်ဘာ 18, 2018
By Tachileik News Agency





Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်မြေ(၁၀)၊ ကင်းတောင်(မြောက်)ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၁)နာရီခွဲဝန်းကျင်က ဆန်စက်အား လူ(၂)ဦးက မီးရှို့ထွက်ပြေးရာမှ ဆန်စက်(၁)လုံး၊ နေအိမ်(၅)လုံးနှင့် ဆိုင်ခန်း(၁)ခန်း မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ကင်းတောင်(မြောက်)ကျေးရွာမှ အာလာဝါဒင်၏ ၂၁ ပေ၊ ၁၃ ပေခန့် ဓနိမိုး၊ ထရံကာဆန်ထက်အား ကင်းတောင်(တောင်)ရွာမှ မာမွတ်ဒူလ္လာဆောင်းအပါအဝင် အမျိုးသား(၂)ဦးက မီးရှို့နေသည်ကို အလာဝါဒင်က တွေ့ရသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား အနီးဝန်းကျင်မှ ဝိုင်းဝန်းငြှိမ်းသတ်သော်လည်း ဆန်စက်အပြင် နေအိမ်(၅)လုံးနှင့် အခန်းလွတ် ကုန်စုံဆိုင် (၁)ခန်းတို့ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးရှို့ထွက်ပြေးသွားသည့် မာမွတ်ဒူလ္လာဆောင်း အပါအဝင် အမျိုးသား(၂)ဦးကို ညောင်ချောင်းနယ်မြေ ရဲစခန်းတွင် (ပ) ၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ (မီးရှို့မှု)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~