လိြဳင္ေကာ္ၿမိဳ႕ ေဒါတျခားရြာအနီးတြင္ ေရနစ္ေသဆုံးေနေသာ အမည္မသိ အေလာင္းေတြ႔႐ွိ

လိြဳင္ေကာ္ၿမိဳ႕ ေဒါတျခားရြာအနီးတြင္ ေရနစ္ေသဆုံးေနေသာ အမည္မသိ အေလာင္းေတြ႔႐ွိ
စက်တင်ဘာ 25, 2018
By Tachileik News Agency

ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ ခ်ိကယ္ေက်းရြာအုပ္စု ေဒါတျခား(ပအိုဝ္)ေက်းရြာအနီး ဘီလူးေခ်ာင္းစပ္တြင္ စက္တင္ဘာလ (၂၄) ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္က ေရနစ္ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္းကို ေတြ႔ရိွထားေၾကာင္း သိရသည္။

ခ်ိကယ္ေက်းရြာ အုပ္စု ၊ ေဒါတျခားရြာ အေ႐ွ႕ဖက္ ႏွစ္မိုင္ခန္႔အကြာ႐ွိ ဘီလူးေခ်ာင္းစပ္တြင္ ေရနစ္ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦး ေတြ႔ရေၾကာင္းသတင္းအရ သက္ဆိုင္ရာတာဝန္႐ွိသူမ်ားႏွင့္ ေက်းရြာရပ္ကြက္ တာဝန္႐ွိသူမ်ားမွ သြားေရာက္ ဆယ္ယူ စစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

ေသဆုံးသူမွာ အသက္ (၃၅)ႏွစ္ခန္႔ အေပၚအက်ၤ ီမပါ၊ အျပာေရာင္ ေဘာင္းဘီ႐ွည္ဝတ္ထားကာ ခႏၶာကိုယ္တြင္ ျပင္ပဒဏ္ရာ တစ္စုံတစ္ရာ မ႐ွိဘဲ  လက္ေမာင္းႏွစ္ဖက္တြင္ အေဖ ၊ ႏွင္းဆီဖူးပုံႏွင့္ ပန္းကႏုတ္ တက္တူးမ်ား၊ ယာဘက္ႏွင့္ဝဲဘက္ရင္အုံတြင္ စထဗဝ ၊ အရဟံ စသည့္ စာတက္တူးမ်ား ေရးထိုးထားသည္ကို ေတြ႔ရၿပီး  ေသဆံုးသူကို အတည္ျပဳႏုိင္ရန္ စံုစမ္းဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမည္မသိ အေလာင္းေတြ႔႐ွိျခင္းအား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ စက္တင္ဘာလ (၂၅) ရက္ေန႔၌ ေသမႈေသခင္း အမွတ္စဥ္ ၁၇/၂၀၁၈ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ဒေါတခြား(ပအိုဝ်)ကျေးရွာအနီး ဘီလူးချောင်းစပ်တွင် စက်တင်ဘာလ (၂၄) ရက်နေ့ ည(၇)နာရီခွဲအချိန်က ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိထားကြောင်း သိရသည်။

ချိကယ်ကျေးရွာ အုပ်စု၊ ဒေါတခြားရွာ အရှေ့ဖက် နှစ်မိုင်ခန့်အကွာရှိ ဘီလူးချောင်းစပ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး တွေ့ရကြောင်းသတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာရပ်ကွက် တာဝန်ရှိသူများမှ သွားရောက် ဆယ်ယူ စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့် အပေါ်အင်္ကျီမပါ၊ အပြာရောင် ဘောင်းဘီရှည်ဝတ်ထားကာ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ လက်မောင်းနှစ်ဖက်တွင် အဖေ၊ နှင်းဆီဖူးပုံနှင့် ပန်းကနုတ် တက်တူးများ၊ ယာဘက်နှင့်ဝဲဘက်ရင်အုံတွင် စထဗဝ၊ အရဟံ စသည့် စာတက်တူးများ ရေးထိုးထားသည်ကို တွေ့ရပြီး သေဆုံးသူကို အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်မသိ အလောင်းတွေ့ရှိခြင်းအား လွိုင်ကော်မြို့မရဲစခန်းတွင် စက်တင်ဘာလ (၂၅) ရက်နေ့၌ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~