မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း၍ ရေမိုင်၊ မြေပြင်ကင်းလှည့်လုပ်ငန်း ဆောင်ရွက်

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း၍ ရေမိုင်၊ မြေပြင်ကင်းလှည့်လုပ်ငန်း ဆောင်ရွက်
စကျတငျဘာ 21, 2018
By Tachileik News Agency

မြန်မာ  -  ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်ခြင်းနှင့် မြေပြင်လှည့်ကင်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့က လုပ်ဆောင်ကြကြောင်း သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ (၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲအုပ် ကျော်ဇောဦး ဦးစီးသည့် တပ်ဖွဲ့ဝင် အင်အား(၁၅)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄)နယ်ခြား စောင့်တပ် Rejuamtoli ကင်းစခန်းမှ Subedar Md. Delowar Hossain ဦးစီး(၁၅)ဦး၊ စကားပြန်(၁)ဦးတို့သည် နံနက် (၈) နာရီခွဲမှ နေ့လယ်(၁၂) နာရီ (၄၀) မိနစ်ထိ မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၉)မှ (၄၀)အထိလည်းကောင်း၊ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံး ကွပ်ကဲမှုအောက် မှတ်တိုင်(၅၁)ကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်မောင်ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား(၂၀)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ Naib Subedar Md. Salim Miah ဦးစီးသည့်(၁၅)ဦး၊ စကားပြန်/လမ်းပြ(၄)ဦးတို့သည် နံနက် (၉) နာရီ (၁၅) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်ခြင်းနှင့် မြပြေင်လှည့်ကင်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့က လုပ်ဆောင်ကြကြောင်း သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ (၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲအုပ် ကျော်ဇောဦး ဦးစီးသည့် တပ်ဖွဲ့ဝင် အင်အား(၁၅)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄)နယ်ခြား စောင့်တပ် Rejuamtoli ကင်းစခန်းမှ Subedar Md. Delowar Hossain ဦးစီး(၁၅)ဦး၊ စကားပြန်(၁)ဦးတို့သည် နံနက် (၈) နာရီခွဲမှ နေ့လယ်(၁၂) နာရီ (၄၀) မိနစ်ထိ မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၉)မှ (၄၀)အထိလည်းကောင်း၊ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံး ကွပ်ကဲမှုအောက် မှတ်တိုင်(၅၁)ကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်မောင်ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား(၂၀)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ Naib Subedar Md. Salim Miah ဦးစီးသည့်(၁၅)ဦး၊ စကားပြန်/လမ်းပြ(၄)ဦးတို့သည် နံနက် (၉) နာရီ (၁၅) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြပြေင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရေမိုင်ကင်းလှည့်ခြင်း အတွက် မောင်တောမြို့၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ် မြေရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်ရင် ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား(၈)ဦးသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝဝ၁)၊ (ဝဝ၅) ၂ စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Ab Razzak ဦးစီး (၁၁)ဦးသည် စက်တပ် ရေယာဉ်(၂)စီးဖြင့် လည်းကောင်း၊ စက်တင်ဘာလ (၂၀) ရက်နေ့ နံနက် (၁၀) နာရီကျော်တွင် မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)၌ တွေ့ဆုံပြီး ရေယာဉ်(၄)စီးဖြင့် နတ်မြစ်ကြောင်း အတိုင်း ကင်းလှည့်ခဲ့ရာ ဦးရှည်ကျချောင်းဝအနီး ရေမိုင်အမှတ် (၁၁)သို့ (၁၀) နာရီ(၃၅)မိနစ်အချိန်တွင်ရောက်ရှိပြီး ရေယာဉ်အမှတ်(ဝဝ၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်းကင်းလှည့် သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~