တာခ်ီလိတ္ၿမိဳ႕ BHS English School မွ ျမန္မာ့ရိုးရာမုန္႔ပြဲေတာ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ BHS English School မွ ျမန္မာ့ရိုးရာမုန္႔ပြဲေတာ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲ က်င္းပ
စက်တင်ဘာ 2, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School က ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ ျမန္မာ့ရိုးရာမုန္႔ပြဲေတာ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔ ေန႔လည္ပိုင္းက အဆိုပါ ေက်ာင္းဝင္းတြင္ က်င္းပရာ BHS မွ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ မိဘမ်ား ပါဝင္ဆင္ႏႊဲၾကသည္။

အဆိုပါ ပြဲေတာ္တြင္ ေက်ာင္းသား၊ေက်ာင္းသူမ်ားက တုိင္းရင္းသားရိုးရာ ဝတ္စံုမ်ားဝတ္ဆင္ ဆင္ႏႊဲၾကၿပီး ကေလးငယ္မ်ား အေနျဖင့္ ျမန္မာ့ရိုးရာမုန္႔မ်ားကို သိရိွေစရန္ႏွင့္ ေပ်ာ္စရာအမွတ္တရမ်ားရိွေစရန္ က်င္းပေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းပြဲေတာ္တြင္ ကေလးငယ္မ်ားသည္ ေရထဲမွ ငါး၊ပုစြန္၊ လိပ္ရုပ္ကေလးမ်ားအား ငါးျမႇားတံျဖင့္ ျမႇား၍ လက္ေဆာင္ ရယူျခင္း၊ ေဘာလံုးျဖင့္ ႏို႔ဆီဗူး ပစ္ကစားျခင္း၊ ေရာင္စံုေရေဘာလံုးပစ္ကစားျခင္း၊ သဲကစားျခင္း၊ ေရာင္စံုေဘာလံုးမ်ားကို ျမႇားပစ္၍ လက္ေဆာင္ရယူျခင္း၊ ကာတြန္းရုပ္ပံု၊ ရုပ္ထုမ်ားကို ေဆးေရာင္ျခယ္ျခင္း၊ မဲႏႈိက္၍ မ်က္ႏွာဖံုးလက္ေဆာင္ရယူျခင္း၊ မ်က္ႏွာအရုပ္ဆြဲေဆးျခယ္ျခင္း၊ ၾကက္ဥမဲႏိႈက္၍ အရုပ္ရယူျခင္း၊ ေရာင္စုံေဘာလံုးမ်ားကို အေပါက္ထဲပစ္ထည့္၍ လက္ေဆာင္ ရယူျခင္းစသည့္ ဂိမ္းအမ်ိဳးအစားအလိုက္ ျမန္မာ့ရိုးရာမုန္႔ဝယ္ယူၿပီး ဝင္ေရာက္ ေဆာ့ကစားၾကျခင္း ျဖစ္သည္။

BHS English School တြင္ Pre – School အျပင္ Young Learner English Speaking Class မ်ားကိုလည္း ဖြင့္လွစ္ထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ BHS English School က ကျောင်းသား ကျောင်းသူများအတွက် မြန်မာ့ရိုးရာမုန့်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ နေ့လည်ပိုင်းက အဆိုပါ ကျောင်းဝင်းတွင် ကျင်းပရာ BHS မှ ကျောင်းသား ကျောင်းသူများနှင့် မိဘများ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ပွဲတော်တွင် ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားရိုးရာ ဝတ်စုံများဝတ်ဆင် ဆင်နွှဲကြပြီး ကလေးငယ်များ အနဖြေင့် မြန်မာ့ရိုးရာမုန့်များကို သိရှိစေရန်နှင့် ပျော်စရာအမှတ်တရများရှိစေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပွဲတော်တွင် ကလေးငယ်များသည် ရေထဲမှ ငါး၊ပုစွန်၊ လိပ်ရုပ်ကလေးများအား ငါးမြှားတံဖြင့် မြှား၍ လက်ဆောင် ရယူခြင်း၊ ဘောလုံးဖြင့် နို့ဆီဗူး ပစ်ကစားခြင်း၊ ရောင်စုံရေဘောလုံးပစ်ကစားခြင်း၊ သဲကစားခြင်း၊ ရောင်စုံဘောလုံးများကို မြှားပစ်၍ လက်ဆောင်ရယူခြင်း၊ ကာတွန်းရုပ်ပုံ၊ ရုပ်ထုများကို ဆေးရောင်ခြယ်ခြင်း၊ မဲနှိုက်၍ မျက်နှာဖုံးလက်ဆောင်ရယူခြင်း၊ မျက်နှာအရုပ်ဆွဲဆေးခြယ်ခြင်း၊ ကြက်ဥမဲနှိုက်၍ အရုပ်ရယူခြင်း၊ ရောင်စုံဘောလုံးများကို အပေါက်ထဲပစ်ထည့်၍ လက်ဆောင် ရယူခြင်းစသည့် ဂိမ်းအမျိုးအစားအလိုက် မြန်မာ့ရိုးရာမုန့်ဝယ်ယူပြီး ဝင်ရောက် ဆော့ကစားကြခြင်း ဖြစ်သည်။

BHS English School တွင် Pre – School အပြင် Young Learner English Speaking Class များကိုလည်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~