(၇)လအတွင်း ခိုးဝင်ဘင်္ဂါလီ (၁၁၀)ဦးကို မင်းလှမြို့နယ်အတွင်း ဖမ်းဆီးရမိ
(၇)လအတွင်း ခိုးဝင်ဘင်္ဂါလီ (၁၁၀)ဦးကို မင်းလှမြို့နယ်အတွင်း ဖမ်းဆီးရမိ
စကျတငျဘာ 25, 2018
By Tachileik News Agency
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်း၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ရေနံမနယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းဦးစီးအဖွဲ့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် ရဲနိုင်မြင့်၊သရက်ခရိုင် မှုခင်း နှိမ်နင်ရေးအဖွဲ့မှ ဒုရဲအုပ်သိန်းမင်းဦးစီးအဖွဲ့၊ မင်းလှမြို့နယ် လဝက ဒုတိယဦးစီးမှူး ဦးအောင်ပြည်စိုး ဦးစီး အဖွဲ့၊ ရှမ်းတပ်ရဲကင်းစခန်းမှူး ရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေအောင်ဦး ဦးစီးအဖွဲ့၊ လက်ပံတခါးရဲကင်းစခန်းမှူး ရဲအုပ်မြင့်ဇော်ဦး ဦးစီးအဖွဲ့တို့က စက်တင်ဘာ(၂၄)ရက် နံနက်(၁၁) နာရီ(၅၅)မိနစ်အချိန်ခန့်တွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်စဉ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၃၉/၄ အနီး၌ မသင်္ကာဖွယ်ရာ လူ(၂)ဦးတွေ့ရှိကြောင်း သတင်းပေးချက်အရ သွားရောက်ရှာဖွေခဲ့ရာ ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်နေ မာရိုရှီး(ခ)မင်းနိုင်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ နေ နိုဟာရှင်း(ခ) ကျော်မြင့်တို့မှာ အထောက်အထားမဲ့ ရောက်ရှိလာသူများအဖြစ် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခိုးဝင်ဘင်္ဂါလီ(၂)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းသို့ တရားမဝင်ခိုးဝင်လာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၂)ဦးအား စက်တင်ဘာလ(၂၄)ရက်တွင် ဖမ်းဆီးရမိသဖြင့် (၇)လအတွင်း မင်းလှမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ(၁၁၀)ဦး ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“မသင်္ကာဖွယ်ရာ လူစိမ်းတွေ့ရှိရင် သတင်းပေးတိုင်ကြားဖို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့က ဒေသခံပြည်သူတွေကို စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်နေပါတယ်။ အထောက်အထားမဲ့ မွတ်စလင်လူမျိုးတွေ မင်းလှမြို့နယ်အတွင်း ဝင်ရောက်လာမှု မရှိစေရေးအတွက် ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေတဲ့ အကျိုးဆက်ကြောင့် မတ်လပိုင်းကနေ အခု စက်တင်ဘာ (၂၄) ရက်နေ့အထိ (၁၁၀)ဦး ကို တားဆီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ဥပဒေနဲ့အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တားဆီးသွားမှာပါ”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်း၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ရေနံမနယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းဦးစီးအဖွဲ့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် ရဲနိုင်မြင့်၊သရက်ခရိုင် မှုခင်း နှိမ်နင်ရေးအဖွဲ့မှ ဒုရဲအုပ်သိန်းမင်းဦးစီးအဖွဲ့၊ မင်းလှမြို့နယ် လဝက ဒုတိယဦးစီးမှူး ဦးအောင်ပြည်စိုး ဦးစီး အဖွဲ့၊ ရှမ်းတပ်ရဲကင်းစခန်းမှူး ရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေအောင်ဦး ဦးစီးအဖွဲ့၊ လက်ပံတခါးရဲကင်းစခန်းမှူး ရဲအုပ်မြင့်ဇော်ဦး ဦးစီးအဖွဲ့တို့က စက်တင်ဘာ(၂၄)ရက် နံနက်(၁၁) နာရီ(၅၅)မိနစ်အချိန်ခန့်တွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်စဉ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၃၉/၄ အနီး၌ မသင်္ကာဖွယ်ရာ လူ(၂)ဦးတွေ့ရှိကြောင်း သတင်းပေးချက်အရ သွားရောက်ရှာဖွေခဲ့ရာ ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်နေ မာရိုရှီး(ခ)မင်းနိုင်နှင့် ရခိုင်ပြည်နယ် စစ်တွမြေို့ နေ နိုဟာရှင်း(ခ) ကျော်မြင့်တို့မှာ အထောက်အထားမဲ့ ရောက်ရှိလာသူများအဖြစ် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခိုးဝင်ဘင်္ဂါလီ(၂)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အမှုဖွင့်တရားစွဲနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~