အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင်ကုမ္ပဏီက အထက(တာချီလိတ်)တွင် ကျောင်းတက်ခဲ့ဖူးသည့် ကျောင်းသားဟောင်းများ နှင့် ဆရာ/မများကို နိုဝင်ဘာလကုန်အထိ အစုရှယ်(၄၀၀၀)ရောင်းချပေးသွားမည်

အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင်ကုမ္ပဏီက အထက(တာချီလိတ်)တွင် ကျောင်းတက်ခဲ့ဖူးသည့် ကျောင်းသားဟောင်းများ နှင့် ဆရာ/မများကို နိုဝင်ဘာလကုန်အထိ အစုရှယ်(၄၀၀၀)ရောင်းချပေးသွားမည်
စကျတငျဘာ 20, 2018
By Tachileik News Agency



ကုမ္ပဏီအနေဖြင့် အမြတ်ငွေ၏ (၁၀)ရာခိုင်နှုန်းကို ကုမ္ပဏီအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်း၊ (၁၀)ရာခိုင်နှုန်းကို ကျောင်းသူကျောင်းသား ပင်စင်စားဆရာဆရာမများ၊ တာချီလိတ်မြို့နယ်တွင်း ပညာရေးအတွက် ကျောင်းများတွင် ကျောင်းသူကျောင်းသားများ၏ တိုက်ရိုက် လိုအပ်ချက်များအတွက် အသုံးပြုခြင်း၊ ကျန်ငွေ (၈၀)ရာခိုင်နှုန်းကို အစုရှယ်ယာရှင်များထံ အစုရှယ်ယာအမြတ်ငွေအဖြစ် ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



အစုရှယ်ယာများကို ကျောင်းသား ကျောင်းသူဟောင်းများထံ ပြန်လည်မရောင်းချလိုဘဲ ကုမ္ပဏီသို့ ပြန်လည်ရောင်းချလိုပါက  ကုမ္ပဏီသက်တမ်း (၃)နှစ်ကျော်ပါက အစုရှယ်ယာများ ပြန်လည်ဝယ်ယူခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ကာ ကုမ္ပဏီနှင့်ပတ်သက်၍ အစုရှယ်ယာရှင်တိုင်းက အကြံဥာဏ်များပေးနိုင်ပြီး လုပ်ငန်းဆုံးဖြတ်ချက်များကို အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ လုပ်ငန်းစဉ်နှင့်အစုရှယ်ယာကိစ္စနှင့် ပတ်သက်၍ သိရှိလိုပါက အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင် ကုမ္ပဏီ၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်း၏ ဖုန်း 095241244 သို့ ဆက်သွယ်၍ ဖြစ်စေ၊ တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ J My King ဟိုတယ်၏ ကော်ဖီဆိုင်သို့ လာရောက်၍ စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင်ကုမ္ပဏီက အစုရှယ်ယာတစ်စုလျှင် ကျပ်ငွေ (၅) သိန်းဖြင့် အစုရှယ်ယာ(၄,ဝဝဝ)ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မြို့အထက ကျောင်းသူကျောင်းသားဟောင်းများ အကျိုး၊ တာချီလိတ်မြို့နယ် အကျိုးအတွက် ရည်ရွယ်ပြီး အများပိုင်ကုမ္ပဏီကို ဖွဲ့စည်း တည်ထောင်ခြင်းဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ငန်းအနေနဲ့ အဓိကတော့ တာချီလိတ်မြို့နယ်အတွင်းလုပ်ငန်းတွေကို ကန်ထရိုက်ဆွဲ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုထားတဲ့ တရားဝင်လုပ်ငန်းအားလုံးကို အဆင်ပြေသလို လုပ်ကိုင်သွားမှာပါ”ဟု အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဖြစ်သူ အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင် ကုမ္ပဏီ၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုမ္ပဏီအနဖြေင့် အမြတ်ငွေ၏ (၁၀)ရာခိုင်နှုန်းကို ကုမ္ပဏီအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်း၊ (၁၀)ရာခိုင်နှုန်းကို ကျောင်းသူကျောင်းသား ပင်စင်စားဆရာဆရာမများ၊ တာချီလိတ်မြို့နယ်တွင်း ပညာရေးအတွက် ကျောင်းများတွင် ကျောင်းသူကျောင်းသားများ၏ တိုက်ရိုက် လိုအပ်ချက်များအတွက် အသုံးပြုခြင်း၊ ကျန်ငွေ (၈၀)ရာခိုင်နှုန်းကို အစုရှယ်ယာရှင်များထံ အစုရှယ်ယာအမြတ်ငွေအဖြစ် ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစုရှယ်ယာများကို (အထက)တာချီလိတ်တွင် ၁၉၆၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တက်ရောက်ခဲ့သည့် ကျောင်းသူကျောင်းသားဟောင်းများနှင့် အထက - တာချီလိတ်တွင် ပညာသင်ကြားပေးခဲ့သည့် ပင်စင်စား ဆရာ/ဆရာမဟောင်းများကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အစုရှယ်ယာများကို ကျောင်းသားကျောင်းသူဟောင်းများ၏ မိသားစုများ သားစဉ်မြေးဆက် ခံစားခွင့်ရှိပြီး အစုရှယ်ယာပြန်လည်ရောင်းချလိုပါက ကျောင်းသား ကျောင်းသူဟောင်းများကိုသာ ပြန်လည်ရောင်းချခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

အစုရှယ်ယာများကို ကျောင်းသား ကျောင်းသူဟောင်းများထံ ပြန်လည်မရောင်းချလိုဘဲ ကုမ္ပဏီသို့ ပြန်လည်ရောင်းချလိုပါက ကုမ္ပဏီသက်တမ်း (၃)နှစ်ကျော်ပါက အစုရှယ်ယာများ ပြန်လည်ဝယ်ယူခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ကာ ကုမ္ပဏီနှင့်ပတ်သက်၍ အစုရှယ်ယာရှင်တိုင်းက အကြံဉာဏ်များပေးနိုင်ပြီး လုပ်ငန်းဆုံးဖြတ်ချက်များကို အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ လုပ်ငန်းစဉ်နှင့်အစုရှယ်ယာကိစ္စနှင့် ပတ်သက်၍ သိရှိလိုပါက အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများ အများပိုင် ကုမ္ပဏီ၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်း၏ ဖုန်း 095241244 သို့ ဆက်သွယ်၍ ဖြစ်စေ၊ တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ J My King ဟိုတယ်၏ ကော်ဖီဆို်င်သို့ လာရောက်၍ စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~