ဖ႐ူဆိုၿမိဳ႕နယ္ရိွ စစ္ေလ့က်င့္ေရးေက်ာင္းမွ ေလ့က်င့္ပစ္ခတ္မႈအၿပီး ၈ ရက္ေျမာက္ေန႔တြင္ အနီးရိွ ေတာင္ယာ၌ မေပါက္ကြဲေသးသည့္ ဗံုးသီး(၂)လံုးေတြ႔ရိွ

ဖ႐ူဆိုၿမိဳ႕နယ္ရိွ စစ္ေလ့က်င့္ေရးေက်ာင္းမွ ေလ့က်င့္ပစ္ခတ္မႈအၿပီး ၈ ရက္ေျမာက္ေန႔တြင္ အနီးရိွ ေတာင္ယာ၌ မေပါက္ကြဲေသးသည့္ ဗံုးသီး(၂)လံုးေတြ႔ရိွ
စက်တင်ဘာ 24, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္ရိွ အမွတ္ (၁၄ ) စစ္ေလ့က်င့္ေရးေက်ာင္းက အနီးဝန္းက်င္အား ႀကိဳတင္ အသိေပးမႈမရိွဘဲ ေလ့က်င့္ပစ္ခတ္မႈျပဳလုပ္ၿပီး (၈)ရက္ေျမာက္ေန႔ျဖစ္သည့္  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃) ရက္ေန႔ ေန႔လယ္ပိုင္းတြင္  ေလာဂ်ာေက်းရြာအနီး ေတာင္ယာခင္း၌ ေပါက္ကြဲျခင္း မ႐ွိေသးသည့္ လက္နက္ႀကီးက်ည္ဗုံးသီး(၂)လုံးအား ႏြားေက်ာင္းသည့္ ကေလးမ်ားက ေတြ႔႐ွိရေၾကာင္း သိရသည္။

"ဗုံးသီးေတြေပါ့ေနာ္။ မေန႔ကေက်ာင္းသားကေလးေတြ ေက်ာင္းပိတ္ေတာ့ ႏြားေက်ာင္းၾကတယ္။ ႏြားသြားေက်ာင္းၿပီးေတာ့ သူတို႔ ဗုံးသီးေတြ၊ လက္က်န္ပစၥည္းေတြ ေတြ႔ခဲ့တယ္ေပါ့ေနာ္ အေၾကာင္းၾကားတယ္။ ဒီမနက္မွ သြားၾကည့္ရတာေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ဘာသာ အမွတ္အသားေတြ လုပ္ၿပီးထားထားတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္ကေတာ့ သူတို႔ စစ္ေလ့က်င့္ေရး ပစ္တာေတြလုပ္တယ္။ မေပါက္ကြဲေသးဘူးပါ့။ အဲဒါကို ဒီေန႔ အုပ္စု တာဝန္႐ွိသူေတြက တစ္ဆင့္ အေၾကာင္းၾကားဖို႔ လုပ္ထားတယ္ "ဟု ေလာဂ်ာေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၂၄)ရက္ေန႔တြင္ ေျပာသည္။

အမွတ္(၁၄)တန္းျမင့္ စစ္ေလ့က်င့္ေရးေက်ာင္းက ေလ့က်င့္မႈမ်ားျပဳလုပ္မည္ဆိုပါက အနီးဝန္းက်င္ ေက်းရြာမ်ားသို႔ ႀကိဳတင္ အသိေပးထားေလ့ရိွၿပီး ေလ့က်င့္ပစ္ခတ္မႈမ်ား မေပါက္ကြဲေသးသည့္ ဗုံးသီးမ်ားေတြ႔႐ွိပါက လာေရာက္ အေၾကာင္းၾကားေပးရန္ အသိေပးထားေၾကာင္း သိရသည္။

"ဒီလို မေပါက္ကြဲေသးတဲ့ ဗုံးသီးေတြက ခနခန ေတြ႔တယ္။ တကယ္ဆို ဒီမွာက ေတာင္ယာသြားတဲ့သူေတြ၊ ႏြားေက်ာင္းထြက္တဲ့သူေတြ အၿမဲ ႐ွိေနတတ္တဲ့ေနရာမွာျဖစ္ေနေတာ့ မေကာင္းဘူးေပါ့ေနာ္။ လူမေနဘူး၊ လူေတြနဲ႔ေဝးတဲ့ ေနရာေတြမွာ သြားလုပ္ရင္ေတာ့ ေကာင္းတာေပါ့"ဟု ဖ႐ူဆိုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသဲရယ္က ေျပာသည္။

အမွတ္(၁၄)တန္းျမင့္ စစ္ေလ့က်င့္ေရးေက်ာင္းကို ၂၀၁၂ ခုႏွစ္တြင္ ဖ႐ူဆိုၿမိဳ႕နယ္ ၊ ေလာဂ်ာေက်းရြာ အနီးတြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ တပ္အနီးတြင္ မာခေရာ႐ွည္ ေက်းရြာ ၊ ေလာဂ်ာေက်းရြာ ၊ ေဒါေလာခူေက်းရြာ မ်ား႐ွိေနျခင္းျဖစ္သည္။

ေလ့က်င့္ေရးေက်ာင္းအေနျဖင့္ ေလ့က်င့္ပစ္ခတ္မႈမ်ား ျပဳလုပ္မည္ဆိုပါက အနီးဝန္းက်င္သို႔ ႀကိဳတင္အသိေပးထားေလ့ရိွေသာ္လည္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔ နံနက္ပိုင္းက ပစ္ခတ္မႈကို ႀကိဳတင္အသိေပးခဲ့ျခင္းမရိွေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄ ) စစ်လေ့ကျင့်ရေးကျောင်းက အနီးဝန်းကျင်အား ကြိုတင် အသိပေးမှုမရှိဘဲ လေ့ကျင့်ပစ်ခတ်မှုပြုလုပ်ပြီး (၈)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် လောဂျာကျေးရွာအနီး တောင်ယာခင်း၌ ပေါက်ကွဲခြင်း မရှိသေးသည့် လက်နက်ကြီးကျည်ဗုံးသီး(၂)လုံးအား နွားကျောင်းသည့် ကလေးများက တွေ့ရှိရကြောင်း သိရသည်။

"ဗုံးသီးတွေပေါ့နော်။ မနေ့ကကျောင်းသားကလေးတွေ ကျောင်းပိတ်တော့ နွားကျောင်းကြတယ်။ နွားသွားကျောင်းပြီးတော့ သူတို့ ဗုံးသီးတွေ၊ လက်ကျန်ပစ္စည်းတွေ တွေ့ခဲ့တယ်ပေါ့နော် အကြောင်းကြားတယ်။ ဒီမနက်မှ သွားကြည့်ရတာပေါ့။ ပြီးတော့ ကျွန်တော်တို့ဘာသာ အမှတ်အသားတွေ လုပ်ပြီးထားထားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ သူတို့ စစ်လေ့ကျင့်ရေး ပစ်တာတွေလုပ်တယ်။ မပေါက်ကွဲသေးဘူးပါ့။ အဲဒါကို ဒီနေ့ အုပ်စု တာဝန်ရှိသူတွေက တစ်ဆင့် အကြောင်းကြားဖို့ လုပ်ထားတယ် "ဟု လောဂျာကျေးရွာအုပ်ချုပ်ရေးမှူး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပြောသည်။

အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းက လေ့ကျင့်မှုများပြုလုပ်မည်ဆိုပါက အနီးဝန်းကျင် ကျေးရွာများသို့ ကြိုတင် အသိပေးထားလေ့ရှိပြီး လေ့ကျင့်ပစ်ခတ်မှုများ မပေါက်ကွဲသေးသည့် ဗုံးသီးများတွေ့ရှိပါက လာရောက် အကြောင်းကြားပေးရန် အသိပေးထားကြောင်း သိရသည်။

"ဒီလို မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေက ခနခန တွေ့တယ်။ တကယ်ဆို ဒီမှာက တောင်ယာသွားတဲ့သူတွေ၊ နွားကျောင်းထွက်တဲ့သူတွေ အမြဲ ရှိနေတတ်တဲ့နေရာမှာဖြစ်နေတော့ မကောင်းဘူးပေါ့နော်။ လူမနေဘူး၊ လူတွေနဲ့ဝေးတဲ့ နေရာတွေမှာ သွားလုပ်ရင်တော့ ကောင်းတာပေါ့"ဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကို ၂၀၁၂ ခုနှစ်တွင် ဖရူဆိုမြို့နယ်၊ လောဂျာကျေးရွာ အနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်အနီးတွင် မာခရောရှည် ကျေးရွာ၊ လောဂျာကျေးရွာ၊ ဒေါလောခူကျေးရွာ များရှိနခြေင်းဖြစ်သည်။

လေ့ကျင့်ရေးကျောင်းအနဖြေင့် လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်မည်ဆိုပါက အနီးဝန်းကျင်သို့ ကြိုတင်အသိပေးထားလေ့ရှိသော်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုကို ကြိုတင်အသိပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~