မိုင္းဆတ္ၿမိဳ႕ က်တီေက်းရြာအုပ္စုအတြင္း ဘိန္းစိမ္း (၃၅)ဂရမ္ႏွင့္အတူ အမ်ဳိးသားတစ္ဦးကို ဖမ္းမိ

မိုင္းဆတ္ၿမိဳ႕ က်တီေက်းရြာအုပ္စုအတြင္း ဘိန္းစိမ္း (၃၅)ဂရမ္ႏွင့္အတူ အမ်ဳိးသားတစ္ဦးကို ဖမ္းမိ
စက်တင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္ က်တီေက်းရြာအုပ္စု၊ နားယန္း(ရြာသစ္)ရွိ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ရွာေဖြရာက အေလးခ်ိန္(၃၅)ဂရမ္ရွိသည့္ ဘိန္းစိမ္းကို ေတြ႔ရွိသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၂၉)မိုင္းဆတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၈ခုႏွစ္ စက္တင္ဘာလ (၂)ရက္ေန႔ နံနက္(၁၀း၄၅)နာရီ ၀န္းက်င္အခ်ိန္က က်တီေက်းရြာအုပ္စု၊ နားယန္း(ရြာသစ္) ရွိ  ေမာလယ္၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေနအိမ္၏ အိမ္ယာေဘးတြင္ ေမာလယ္အား ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာ အေလးခ်ိန္ (၃၅)ဂရမ္ရွိသည့္ ဘိန္းစိမ္းအား ေတြ႔ရွိရေၾကာင္း သိရသည္။

ဘိန္းစိမ္းႏွင့္အတူ ေတြ႔ရွိရသည့္ အသက္(၅၃)ႏွစ္ ၀န္းက်င္ရွိ ေမာလယ္ အား မိုင္းဆတ္ၿမိဳ႕မရဲစခန္းဆြင္ မယ(ပ)၂၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္ အမငဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ကျတီကျေးရွာအုပ်စု၊ နားယန်း(ရွာသစ်)ရှိ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာက အလေးချိန်(၃၅)ဂရမ်ရှိသည့် ဘိန်းစိမ်းကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့ နံနက်(၁၀း၄၅)နာရီ ဝန်းကျင်အချိန်က ကျတီကျေးရွာအုပ်စု၊ နားယန်း(ရွာသစ်) ရှိ မောလယ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်၏ အိမ်ယာဘေးတွင် မောလယ်အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အလေးချိန် (၃၅)ဂရမ်ရှိသည့် ဘိန်းစိမ်းအား တွေ့ရှိရကြောင်း သိရသည်။

ဘိန်းစိမ်းနှင့်အတူ တွေ့ရှိရသည့် အသက်(၅၃)နှစ် ဝန်းကျင်ရှိ မောလယ် အား မိုင်းဆတ်မြို့မရဲစခန်းဆွင် မယ(ပ)၂၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမငဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~