ျပည္တြင္းေလေၾကာင္းလိုင္း ဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ ပထမဆံုးတိုင္ၾကားမႈကို ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန ေျဖရွင္းေန

ျပည္တြင္းေလေၾကာင္းလိုင္း ဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ ပထမဆံုးတိုင္ၾကားမႈကို ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန ေျဖရွင္းေန
စက်တင်ဘာ 1, 2018
By Tachileik News Agency

ျပည္တြင္းေလေၾကာင္း ခရီးစဥ္ တစ္ခုတြင္ လက္မွတ္ေရာင္းခ်ထားသည့္ ေလေၾကာင္းလုိင္းႏွင့္ စီးနင္းရသည့္ ေလေၾကာင္းလုိင္း ကြဲလြဲေနသည့္ အတြက္ စားသံုးသူအခြင့္အေရး ခ်ိဳးေဖါက္ခံရျခင္းအား ေျဖရွင္းေပးရန္ စားသံုးသူေရးရာဦးစီးဌာနသို႔ ၾသဂုတ္လအတြင္း တုိင္ၾကားလာသျဖင့္ ေလေၾကာင္းလုိင္း ဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ ပထမဆံုးတုိင္ၾကားမႈကို လက္ခံရရိွျခင္းျဖစ္ေၾကာင္း ႏွင့္ ေလေၾကာင္းလိုင္းႏွင့္ ပတ္သက္၍ အမည္ထုတ္ေဖာ္ေျပာျခင္း မရွိေသးေၾကာင္း သိရသည္။

“ေလေၾကာင္းဝန္ေဆာင္မႈနဲ႔ ပတ္သက္လို႔ေတာ့ စားသံုးသူေရးရာဦးစီးဌာကို ပထမဆံုး တုိင္ၾကားျခင္းပါ။ ဒီတုိင္ၾကားမႈကို စားသံုးသူအကာအကြယ္ေပးေရး ဥပေဒအရ ေျဖရွင္းေပးဖို႔ ကၽြန္ေတာ္တုိ႔ ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနကို လႊဲေျပာင္းေပးထားတဲ့အတြက္ သက္ဆုိင္ရာ ေလေၾကာင္းလုိင္းေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ေနပါၿပီ”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က  တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ေလေၾကာင္းခရီးစဥ္ အတြက္ လက္မွတ္ေရာင္းခ်ေပးထားစဥ္က ေလေၾကာင္းလုိင္း ေျပာင္းလဲ စီးနင္းရမည္ကို အသိေပးထားျခင္း မရိွဘဲ ေရာင္းခ်ထားျခင္းျဖစ္သျဖင့္ စားသုံုးသူအား ဝန္ေဆာင္မွဳဆိုင္ရာ မမွန္မကန္ ေဆာင္ရြက္မႈျဖင့္ ဆက္သြယ္တိုင္ၾကားထားျခင္း ျဖစ္သျဖင့္ ျပည္နယ္တုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး လုပ္ငန္း ေကာ္မတီျဖင့္ ၾကားနာစစ္ေဆးထားေၾကာင္း သိရသည္။

ခရီးသြားျပည္သူမ်ား အေနျဖင့္ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းမ်ားက ဝန္ေဆာင္မႈေပးရာတြင္ စားသုံုးသူေရးရာ အခြင့္အေရး ခ်ိဳးေဖါက္ခံရမႈ၊ နစ္နာမႈမ်ားရိွပါက နီးစပ္ရာ စားသံုးသူေရးရာဦးစီးဌာန၊ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးစင္တာမ်ားသို႔ ဆက္သြယ္တိုင္ၾကားႏုိင္ေၾကာင္း သိရၿပီး တုိင္ၾကားသူ၏ သတင္းအခ်က္အလက္ဆိုင္ရာကို ဌာနအေနျဖင့္ ကာကြယ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်တွင်းလေကြောင်း ခရီးစဉ် တစ်ခုတွင် လက်မှတ်ရောင်းချထားသည့် လေကြောင်းလိုင်းနှင့် စီးနင်းရသည့် လေကြောင်းလိုင်း ကွဲလွဲနေသည့် အတွက် စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရခြင်းအား ဖြေရှင်းပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ သြဂုတ်လအတွင်း တိုင်ကြားလာသဖြင့် လေကြောင်းလိုင်း ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပထမဆုံးတိုင်ကြားမှုကို လက်ခံရရှိခြင်းဖြစ်ကြောင်း နှင့် လေကြောင်းလိုင်းနှင့် ပတ်သက်၍ အမည်ထုတ်ဖော်ပြောခြင်း မရှိသေးကြောင်း သိရသည်။

“လေကြောင်းဝန်ဆောင်မှုနဲ့ ပတ်သက်လို့တော့ စားသုံးသူရေးရာဦးစီးဌာကို ပထမဆုံး တိုင်ကြားခြင်းပါ။ ဒီတိုင်ကြားမှုကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနကို လွှဲပြောင်းပေးထားတဲ့အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပါပြီ”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းခရီးစဉ် အတွက် လက်မှတ်ရောင်းချပေးထားစဉ်က လေကြောင်းလိုင်း ပြောင်းလဲ စီးနင်းရမည်ကို အသိပေးထားခြင်း မရှိဘဲ ရောင်းချထားခြင်းဖြစ်သဖြင့် စားသုံးသူအား ဝန်ဆောင်မှုဆိုင်ရာ မမှန်မကန် ဆောင်ရွက်မှုဖြင့် ဆက်သွယ်တိုင်ကြားထားခြင်း ဖြစ်သဖြင့် ပြည်နယ်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဖြင့် ကြားနာစစ်ဆေးထားကြောင်း သိရသည်။

ခရီးသွားပြည်သူများ အနဖြေင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက ဝန်ဆောင်မှုပေးရာတွင် စားသုံးသူရေးရာ အခွင့်အရေး ချိုးဖောက်ခံရမှု၊ နစ်နာမှုများရှိပါက နီးစပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစင်တာများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရပြီး တိုင်ကြားသူ၏ သတင်းအချက်အလက်ဆိုင်ရာကို ဌာနအနဖြေင့် ကာကွယ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~