နိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ စာစီကံုးႏွင့္ ကဗ်ာရြတ္ဆိုၿပိဳင္ပဲြမ်ားမွ ဆုရသူမ်ားကို ၿငိမ္းခ်မ္းေရးစီမံခ်က္ (ရွမ္း/ေရွ႕)က တာခ်ီလိတ္တြင္ က်င္းပကာ ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္

နိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ စာစီကံုးႏွင့္ ကဗ်ာရြတ္ဆိုၿပိဳင္ပဲြမ်ားမွ ဆုရသူမ်ားကို ၿငိမ္းခ်မ္းေရးစီမံခ်က္ (ရွမ္း/ေရွ႕)က တာခ်ီလိတ္တြင္ က်င္းပကာ ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္
စက်တင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔က နိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ စာစီကံုးႏွင့္ ကဗ်ာရြတ္ဆိုၿပိဳင္ပဲြမ်ားမွ ဆုရရိွသူ (၄၃)ဦးကို ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း၌ ၿငိမ္းခ်မ္းေရးစီမံခ်က္(ရွမ္း/ေရွ႕)က ခ်ီးျမႇင့္ေငြႏွင့္ ဂုဏ္ျပဳလက္မွတ္မ်ား ခ်ီးျမႇင့္ေပးအပ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ တစ္ႏုိင္ငံလံုးမွာ လုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးဆိုတာ သူတို႔နဲ႔ဆိုင္တယ္ဆိုတာ သိေစခ်င္တာပါ။ ျပည္တြင္းစစ္ ႏွစ္ေပါင္း (၇၀)ျဖစ္ရတဲ့ အေၾကာင္းရင္း (၃)ခ်က္ ကြဲျပားျခင္း၊ ခြဲျခားျခင္း၊ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္မႈစနစ္ မရိွျခင္း မရိွခဲ့တာေတြကို ဒါကို အစိုးရက အခု လုပ္ေနတယ္ဆိုတဲ့ အေၾကာင္းကို အဲဒီ အေၾကာင္းအရာေလးေတြ ေပးထားတယ္။ ေနာက္ေတာ့မွ လူငယ္ေတြကို ဘာလုပ္ရမလဲေပါ့။ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၅)ရက္ေန႔ ဒီမိုကေရစီေန႔ေဆာင္ပုဒ္ ဝိုင္းဝန္းလုပ္ၾကဖို႔။ ေနာက္ ဖက္ဒရယ္ကို ေလ့လာဖို႔၊ ႏိုင္ငံေရးဆိုတာ လူငယ္ေရာ လူႀကီးေရာ သက္ဆိုင္တယ္ဆိုတာေလးေတြ ပါဖို႔ေပါ့ေနာ္။ ေဟာေျပာပြဲေတြလည္း ႀကိဳတင္လုပ္ေပးပါတယ္”ဟု ၿငိမ္းခ်မ္းေရးစီမံခ်က္ (ရွမ္း/ေရွ႕) စီမံကိန္းဒါရိုက္တာ၊ ASG ဒါရိုက္တာ ေဒါက္တာျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ စာစီစာကံုးႏွင့္ ကဗ်ာၿပိဳင္ပြဲမ်ားကို အထက္တန္း၊ အလယ္တန္း အလြတ္တန္း အဆင့္ခြဲ၍ က်င္းပခဲ့ရာ ေက်ာင္းသား၊ ေက်ာင္းသူ၊ ဆရာ၊ဆရာမစုစုေပါင္း (၇၉) ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲမွ ပထမဆု ရရိွသူမ်ားကို က်ပ္တစ္သိန္း၊ ဒုတိယဆုရရိွသူမ်ားကို က်ပ္တစ္သိန္းခြဲ၊ တတိယဆု ရရိွသူမ်ားကို က်ပ္(၇၅,၀၀၀)ႏွင့္ အထူးဆုရရိွသူမ်ားကို က်ပ္(၂၅,၀၀၀)စီ အသီးသီးခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့က နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စာစီကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများမှ ဆုရရှိသူ (၄၃)ဦးကို ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ငြိမ်းချမ်းရေးစီမံချက်(ရှမ်း/ရှေ့)က ချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

“အဓိက ကတော့ တစ်နိုင်ငံလုံးမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ သူတို့နဲ့ဆိုင်တယ်ဆိုတာ သိစေချင်တာပါ။ ပြည်တွင်းစစ် နှစ်ပေါင်း (၇၀)ဖြစ်ရတဲ့ အကြောင်းရင်း (၃)ချက် ကွဲပြားခြင်း၊ ခွဲခြားခြင်း၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် မရှိခြင်း မရှိခဲ့တာတွေကို ဒါကို အစိုးရက အခု လုပ်နေတယ်ဆိုတဲ့ အကြောင်းကို အဲဒီ အကြောင်းအရာလေးတွေ ပေးထားတယ်။ နောက်တော့မှ လူငယ်တွေကို ဘာလုပ်ရမလဲပေါ့။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ ဒီမိုကရေစီနေ့ဆောင်ပုဒ် ဝိုင်းဝန်းလုပ်ကြဖို့။ နောက် ဖက်ဒရယ်ကို လေ့လာဖို့၊ နိုင်ငံရေးဆိုတာ လူငယ်ရော လူကြီးရော သက်ဆိုင်တယ်ဆိုတာလေးတွေ ပါဖို့ပေါ့နော်။ ဟောပြောပွဲတွေလည်း ကြိုတင်လုပ်ပေးပါတယ်”ဟု ငြိမ်းချမ်းရေးစီမံချက် (ရှမ်း/ရှေ့) စီမံကိန်းဒါရိုက်တာ၊ ASG ဒါရိုက်တာ ဒေါက်တာမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို အထက်တန်း၊ အလယ်တန်း အလွတ်တန်း အဆင့်ခွဲ၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမစုစုပေါင်း (၇၉) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲမှ ပထမဆု ရရှိသူများကို ကျပ်တစ်သိန်း၊ ဒုတိယဆုရရှိသူများကို ကျပ်တစ်သိန်းခွဲ၊ တတိယဆု ရရှိသူများကို ကျပ်(၇၅,ဝဝဝ)နှင့် အထူးဆုရရှိသူများကို ကျပ်(၂၅,ဝဝဝ)စီ အသီးသီးချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~