ေတာရေဆာက္တည္ေနသည့္ အသက္(၈၀)ေက်ာ္ရွိ ဖခင္ ရဟန္းအား သားျဖစ္သူမွ ဓါးျဖင့္ ခုတ္သတ္

ေတာရေဆာက္တည္ေနသည့္ အသက္(၈၀)ေက်ာ္ရွိ ဖခင္ ရဟန္းအား သားျဖစ္သူမွ ဓါးျဖင့္ ခုတ္သတ္
စက်တင်ဘာ 22, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေစတုတၱရာၿမိဳ႕နယ္၊ ဖိုဝင္ရြာအနီး ေက်ာက္ခေမာက္ဘုရားပဲြျပဳလုပ္သည့္ေနရာရိွ ဓမၼာရံုတြင္ ဘုန္းေတာ္ႀကီးဝတ္၍ ေတာရေဆာက္တည္ေနသည့္ဖခင္ကို ဓားျဖင့္ခုတ္သည့္ သားျဖစ္သူကို ေစတုတၳရာရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

“ေတာရေဆာက္တည္ေနတဲ့ ဆရာေတာ္တစ္ပါး ေက်ာင္းေပၚမွာ ဓားဒဏ္ရာေတြနဲ႔ ပ်ံလြန္ေတာ္ မူေနေၾကာင္း သတင္းအရ သြားေရာက္ စစ္ေဆးခဲ့တာပါ။ တရားခံကိုလည္း စံုစမ္းၿပီး ဖမ္းဆီးရမိထားပါၿပီ။ ဆရာေတာ္ႀကီးရဲ႕ သားေတာ္စပ္သူပါ။ ဆြမ္းဘုဥ္းေပးေနတုန္း စကားမ်ားၿပီး စိတ္မထိန္းႏိုင္တာနဲ႔ ဓားနဲ႔ ခုတ္သတ္ခဲ့တာလို႔ ကနဦး သိရပါေသးတယ္။ ေလာေလာဆယ္ေတာ့ စစ္ေဆးေနတုန္းပဲ ရိွပါေသးတယ္”ဟု ေစတုတၱရာၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးသန္းေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ေတာ္(၈၀)ေက်ာ္ ရိွေနၿပီျဖစ္သည့္ ဆရာေတာ္မွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၁)ရက္ေန႔က ဆြမ္းဘုဥ္းရင္း ဓါးျဖင့္ခုတ္ခံရ၍ ပ်ံလြန္ေတာ္မူသြားၿပီး အသက္(၄၀)ေက်ာ္ရိွ  သားျဖစ္သူမွာ စိတ္ အေျခအေနမွာ ပံုမွန္ မဟုတ္သူျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆရာေတာ္ႀကီးကို ဓားႏွင့္ခုတ္သတ္သူ သန္းထြန္းအား ေစတုတၱရာၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၂၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္ စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ဖိုဝင်ရွာအနီး ကျောက်ခမောက်ဘုရားပွဲပြုလုပ်သည့်နေရာရှိ ဓမ္မာရုံတွင် ဘုန်းတော်ကြီးဝတ်၍ တောရဆောက်တည်နေသည့်ဖခင်ကို ဓားဖြင့်ခုတ်သည့် သားဖြစ်သူကို စေတုတ္ထရာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါး ကျောင်းပေါ်မှာ ဓားဒဏ်ရာတွေနဲ့ ပျံလွန်တော် မူနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့တာပါ။ တရားခံကိုလည်း စုံစမ်းပြီး ဖမ်းဆီးရမိထားပါပြီ။ ဆရာတော်ကြီးရဲ့ သားတော်စပ်သူပါ။ ဆွမ်းဘုဉ်းပေးနေတုန်း စကားများပြီး စိတ်မထိန်းနိုင်တာနဲ့ ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ကနဦး သိရပါသေးတယ်။ လောလောဆယ်တော့ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်”ဟု စေတုတ္တရာမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်တော်(၈၀)ကျော် ရှိနပြေီဖြစ်သည့် ဆရာတော်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့က ဆွမ်းဘုဉ်းရင်း ဓားဖြင့်ခုတ်ခံရ၍ ပျံလွန်တော်မူသွားပြီး အသက်(၄၀)ကျော်ရှိ သားဖြစ်သူမှာ စိတ် အခြေအနေမှာ ပုံမှန် မဟုတ်သူဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်ကြီးကို ဓားနှင့်ခုတ်သတ်သူ သန်းထွန်းအား စေတုတ္တရာမြို့မ ရဲစခန်းတွင် (ပ)၁၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~