သုံးစွဲခွင့်ပိတ်ထားသည့် ပိုးသတ်ဆေး(၄၁)မျိုးကို ရှမ်းပြည်နယ်တွင်း ရောင်းချ၊ သုံးစွဲမှု မရှိစေရန် ကွင်းဆင်း စစ်ဆေးမည်
သုံးစွဲခွင့်ပိတ်ထားသည့် ပိုးသတ်ဆေး(၄၁)မျိုးကို ရှမ်းပြည်နယ်တွင်း ရောင်းချ၊ သုံးစွဲမှု မရှိစေရန် ကွင်းဆင်း စစ်ဆေးမည်
စကျတငျဘာ 9, 2018
By Tachileik News Agency
လူ၊ တိရိစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ်မြင့်မားစေနိုင်ပြီး အဆိပ်အတောက် ပြင်းထန်သည့် အတွက် သုံးစွဲမှု ပိတ်ပင်ထားသည့် ပိုးသတ်ဆေး(၄၁)မျိုးကို ရှမ်းပြည်နယ်အတွင်း ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရန် မြေသြဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်သူများအား သတိပေးထားပြီး ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးများအား ဈေးကွက်တွင် ရောင်းချခြင်းမရှိစေရန် သက်ဆိုင်ရာမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည့်အပြင် ရောင်းချသုံးစွဲသည်ကို တွေ့ရပါက ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ဖုဖုန်း ၀၈၁ -၂၀၆၈၀၄ နှင့် ၀၈၁ - ၂၁၂၁၆၁၅ တို့သို့ ဆက်သွယ်ကြောင်းကြား သတင်းပေးကြရန်ကိုလည်း တိုက်တွန်း ထားသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
လူ၊ တိရိစာ္ဆန်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ်မြင့်မားစေနိုင်ပြီး အဆိပ်အတောက် ပြင်းထန်သည့် အတွက် သုံးစွဲမှု ပိတ်ပင်ထားသည့် ပိုးသတ်ဆေး(၄၁)မျိုးကို ရှမ်းပြည်နယ်အတွင်း ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရန် မြသြေဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်သူများအား သတိပေးထားပြီး ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ရောင်းချခွင့်ရော သုံးစွဲခွင့်တွေ အကုန်လုံးကို ပိတ်ပါတယ်။ တောင်ကြီးမှာ လောလောဆယ်တော့ ဒီ်အမျိုးစားတွေရှိ၊ မရှိဆိုတာ အတည်ပြုလို့ မရသေးပါဘူး။ တကယ်လို့များ ရောင်းချသုံးစွဲနေတာကို တွေ့ရှိတယ်ဆိုရင် လာရောက် ကြောင်းကြားလို့ ရပါတယ်။ ကွင်းဆင်းစစ်ဆေးဖို့လည်း ရှိပါတယ်။ ဒီ (၄၁)မျိုး တင်မကဘူး အန္တရာယ်ရှိနိုင်တဲ့ ပိုးသတ်ဆေးမှန်သမျှ ရောင်းချခွင့်မရှိပါဘူး။ ဥပဒေနဲ့မညီတာတွေကို် ဖြန့်ဖြူး ရောင်းချခြင်းမလုပ်ဖို့ သြဂုတ်လ (၁) ရက်နေ့ကနေ အောက်တိုဘာလ (၃၁) ရက်နေ့အထိကို ပညာပေးကာလအနေနဲ့ သတ်မှတ်ပေးထားတယ်။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ရောင်းချရင်တော့ သက်ဆိုင်ရာဥပဒေနဲ့ ဆောင်ရွက်သွားမယ်လို့ မြသြေဇာလုပ်ငန်းရှင်တွေကိုအကြောင်းကြားထားပါတယ်” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တားမြစ် ပိတ်ပင်ထားသည့် ပိုးသတ်ဆေးများကို နိုင်ငံအတွင်း မည်သည့် အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကမျှ မည်သည့် အကြောင်းနှင့်မျှ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ ဖော်စပ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရဟု မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
 “ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကတော့ ၆/၂၀၁၈ နဲ့ သြဂုတ်လ(၉)ရက်နေ့က ထုတ်ပြန်ထားပြီးတော့ စားသုံးသူရေးရာဦးစီးဌာနကနေ ထပ်ဆင့်အသိပေးပို့ညွှန်ကြားတာက စက်တင်ဘာလ (၆)ရက်နေ့ကပါ။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကနေ သက်ဆိုင်တဲ့ဌာနကို ထပ်ပြီး ညွှန်ကြားတာပေါ့နော်။ ကျွန်တော်တို့နဲ့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဌာနချင်း ပူးပေါင်း ဆောင်ရွက်တာလည်း ရှိပါတယ်။ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ ထုတ်ကုန် လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီ အနေနဲ့လည်း စစ်ဆေးဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
အဆိုပါ ပိုးသတ်ဆေးများအား ဈေးကွက်တွင် ရောင်းချခြင်းမရှိစေရန် သက်ဆိုင်ရာမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည့်အပြင် ရောင်းချသုံးစွဲသည်ကို တွေ့ရပါက ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ဖုန်း ၀၈၁ -၂၀၆၈၀၄ နှင့် ၀၈၁ - ၂၁၂၁၆၁၅ တို့သို့  ဆက်သွယ်ကြောင်းကြား သတင်းပေးကြရန်ကိုလည်း တိုက်တွန်း ထားသည်။
မြန်မာနိုင်ငံအတွင်း သုံးစွဲမှု၊ ရောင်းချမှုပိတ်ပင်လိုက်သည့် ပိုးသတ်ဆေးများမှာ Aldrin insecticide၊ Aldicarb၊ Alachlor၊ Alpha Hexachlorocyclohexane၊ Arsenic Compound၊ Beta Hexachlorocyclohexane (BHC)၊ Binapacryl၊ Captafol၊ Chlordimeform၊ Chlordane၊ Chlordecone၊ Chlorobenzilate၊ Cyhexatin၊ Dieldrin၊ Dinoseb၊ DNOC၊ Ethylene Dibromide (EDB)၊ Ethylene Dichloride၊ Endosulfan၊ Endrin၊ EPN၊ Ethylene Oxide၊ Fluoroacetamide၊ Hexachlorobenzene (HCB)၊ Heptachlor၊ Lindane (Gama Hexachlorocyclohexane)၊ Methomyl၊ Mercury Compounds၊ Methamidophos၊ Methyl Parathion၊ Monocrotophos၊ Mirex၊ Parathion Ethyl၊ Pentachlorophenol(PCP)၊ Phosphamidon၊ Strobane(Polychloroterpenes)၊ 2,4,5 – T and 2,4,5 – TP၊ Toxaphene၊ Tributyltin၊ Trichlorfon၊ D.D.T(Dichloro-diphenyl-trichloroethane) တို့ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~