3MDG ရန္ပံုေငြအဖြဲ႔က လားရိႈးေထာင္တြင္း က်န္းမာေရးေဆးခန္း(၂)ခု ေဆာက္လုပ္လွဴဒါန္း

3MDG ရန္ပံုေငြအဖြဲ႔က လားရိႈးေထာင္တြင္း က်န္းမာေရးေဆးခန္း(၂)ခု ေဆာက္လုပ္လွဴဒါန္း
စက်တင်ဘာ 16, 2018
By 🌸
3MDG ရန္ပံုေငြအဖြဲ႔က ဒုတိယေျမာက္ေဆာက္လုပ္ေပးထားသည့္ ေထာင္အတြင္း က်န္းမာေရး အေဆာက္အဦးတစ္ခုကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ အက်ဥ္းဦးစီးဌာနတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔က ျပည္ထဲေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးအပ္လုိက္ေၾကာင္း သိရသည္။

အက်ဥ္းေထာင္အတြင္း ပိုမိုေကာင္းမြန္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးႏိုင္ရန္ရည္ရြယ္၍ 3MDG ရန္ပံုေငြအဖြဲ႔၏ အဓိကအလွဴရွင္မ်ားျဖစ္ၾကာသည့္ ဆြီဒင္၊ ဆြစ္ဇာလန္၊ ၿဗိတိန္ႏွင့္ အေမရိကန္ျပည္ေထာင္စု တို႔မွ  ရန္ပံုေငြမ်ားေထာက္ပံ့မႈျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕ရွိ အက်ဥ္းဦးစီးဌာနတြင္ က်န္းမာေရးေဆးခန္းအေဆာက္အဦး(၂)ခုကို ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ေဒၚလာ (၁၃၂၀၀၀) ကုန္က်ခဲ့သည့္ အဆိုပါ အမ်ိဳးသားက်န္းမာေရးေဆးခန္းႏွင့္ အမ်ိဳးသမီး က်န္းမာေရးေဆးခန္းတို႔တြင္ ေထာင္တြင္းရွိ အက်ဥ္းသူ/ သားမ်ားအတြက္ အေျခခံက်န္းမာေရး ေစာင့္ေရွာက္ေပးျခင္းအျပင္ တီဘီ၊ HIV ႏွင့္ အျခားကူးစက္ေရာဂါမ်ား ကုသေပးသြားနုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အဖြဲ႔၏ အစီရင္ခံစာအရ လားရိႈးအက်ဥ္းေထာင္အပါအဝင္ ျမန္မာတစ္ႏိုင္ငံလံုးရွိအက်ဥ္းေထာင္မ်ားတြင္ အက်ဥ္းသားဦးေရမွာ ဝင္ဆံ့ႏိုင္သည့္ပမာဏထက္ ပိုမိုမ်ားျပား ေနရာ တီဘီေရာဂါ၊ အိတ္ခ်္အိုင္ဗြီေရာဂါ၊ အသည္းေရာင္ အသားဝါႏွင့္ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါမ်ား ကူးစက္ႏိုင္ေခ်မ်ားျပားႏိုင္သည့္အတြက္ အက်ဥ္းေထာင္တြင္း က်န္းမာေရးေစာင့္ေရွာက္မႈေဆးခန္းမ်ားကို ေဆာက္လုပ္လွဴဒါန္းမႈမ်ား လုပ္ေဆာင္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ပထမဦးဆံုး အက်ဥ္းေထာင္တြင္း က်န္းမာေရးအေဆာက္အဦးအျဖစ္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အက်ဥ္းေထာင္တြင္ ပထမဦးဆံုးအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္က ေဆာက္လုပ္ေပးခဲ့ေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနတို႔၏ ဦးေဆာင္မႈျဖင့္ အက်ဥ္းေထာင္မ်ားႏွင့္  ကုန္ထုတ္စခန္းမ်ားတြင္ ပိုမိုေကာင္းမြန္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးႏိုင္ရန္ရည္ရြယ္၍ UNODC ၊ UNAIDS ၊ WHO တို႔ျဖင့္ ပူးေပါင္းေဆာင္ရြက္သည့္ အက်ဥ္းေထာင္က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ စံလုပ္ထံုးလုပ္နည္းမ်ား ေရးဆြဲသည့္လုပ္ငန္းကို 3MDG က ရန္ပံုေငြအေထာက္အပံ့ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသား တီဘီေရာဂါတိုက္ဖ်က္ေရး စီမံခ်က္အေနျဖင့္ အက်ဥ္းေထာင္ (၄၃)ခု ႏွင့္ ကုန္ထုတ္စခန္း(၁၈) ခုတို႔ တြင္ 3MDG အဖြဲ႔မွ ၂၀၁၄ ခုႏွစ္က စတင္၍ ရန္ပံုေငြေထာက္ပံ့ကူညီခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္အတြင္း အက်ဥ္း ေထာင္ႏွင့္ကုန္ထုတ္စခန္းမ်ားသို႔ (၄၃)ႀကိမ္ သြားေရာက္စစ္ေဆးေပးခဲ့ကာ တီဘီေရာဂါလူနာ(၅၁၆) ဦးတို႔ကို ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ အင္းစိန္အက်ဥ္းေထာင္အတြင္း ေဆာက္လုပ္ခဲ့ၿပီး မလႊဲအပ္ရေသး သည့္ ေဆးခန္းမ်ားႏွင့္ မႏၱေလးအက်ဥ္းေထာင္အတြင္းရွိ ေဆးခန္းမ်ားအတြက္ အေမရိကန္ေဒၚလာ (၁.၂ ) သန္းကို အသံုးျပဳထားကာ ၂၀၁၈ ခုႏွစ္အတြင္း လႊဲေျပာင္းေပးအပ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း 3MDG ရန္ပံုေငြ အဖြဲ႔ထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -3MDG

~~~~~~~~⊰❂ unicode ~~~~~~~~
3MDG ရန်ပုံငွေအဖွဲ့က လားရှိုးထောင်တွင်း ကျန်းမာရေးဆေးခန်း(၂)ခု ဆောက်လုပ်လှူဒါန်း
***************
3MDG ရန်ပုံငွေအဖွဲ့က ဒုတိယမြောက်ဆောက်လုပ်ပေးထားသည့် ထောင်အတွင်း ကျန်းမာရေး အဆောက်အဦးတစ်ခုကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အကျဉ်းဦးစီးဌာနတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ 3MDG ရန်ပုံငွေအဖွဲ့၏ အဓိကအလှူရှင်များဖြစ်ကြာသည့် ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့မှ  ရန်ပုံငွေများထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ အကျဉ်းဦးစီးဌာနတွင် ကျန်းမာရေးဆေးခန်းအဆောက်အဦး(၂)ခုကို ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ (၁၃၂၀၀၀) ကုန်ကျခဲ့သည့် အဆိုပါ အမျိုးသားကျန်းမာရေးဆေးခန်းနှင့် အမျိုးသမီး ကျန်းမာရေးဆေးခန်းတို့တွင် ထောင်တွင်းရှိ အကျဉ်းသူ/ သားများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်ပေးခြင်းအပြင် တီဘီ၊ HIV နှင့် အခြားကူးစက်ရောဂါများ ကုသပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာအရ လားရှိုးအကျဉ်းထောင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်များတွင် အကျဉ်းသားဦးရေမှာ ဝင်ဆံ့နိုင်သည့်ပမာဏထက် ပိုမိုများပြား နေရာ တီဘီရောဂါ၊ အိတ်ချ်အိုင်ဗွီရောဂါ၊ အသည်းရောင် အသားဝါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ကူးစက်နိုင်ချေများပြားနိုင်သည့်အတွက် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများကို ဆောက်လုပ်လှူဒါန်းမှုများ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

ပထမဦးဆုံး အကျဉ်းထောင်တွင်း ကျန်းမာရေးအဆောက်အဦးအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်က ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် အကျဉ်းထောင်များနှင့်  ကုန်ထုတ်စခန်းများတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ UNODC ၊ UNAIDS ၊ WHO တို့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲသည့်လုပ်ငန်းကို 3MDG က ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် အကျဉ်းထောင် (၄၃)ခု နှင့် ကုန်ထုတ်စခန်း(၁၈) ခုတို့ တွင် 3MDG အဖွဲ့မှ ၂၀၁၄ ခုနှစ်က စတင်၍ ရန်ပုံငွေထောက်ပံ့ကူညီခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း အကျဉ်း ထောင်နှင့်ကုန်ထုတ်စခန်းများသို့ (၄၃)ကြိမ် သွားရောက်စစ်ဆေးပေးခဲ့ကာ တီဘီရောဂါလူနာ(၅၁၆) ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်အကျဉ်းထောင်အတွင်း ဆောက်လုပ်ခဲ့ပြီး မလွှဲအပ်ရသေး သည့် ဆေးခန်းများနှင့် မန္တလေးအကျဉ်းထောင်အတွင်းရှိ ဆေးခန်းများအတွက် အမေရိကန်ဒေါ်လာ (၁.၂ ) သန်းကို အသုံးပြုထားကာ ၂၀၁၈ ခုနှစ်အတွင်း လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း 3MDG ရန်ပုံငွေ အဖွဲ့ထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -3MDG

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~