ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ ျမန္မာလုပ္သား (၂၈)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ ျမန္မာလုပ္သား (၂၈)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
စက်တင်ဘာ 28, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ ေနထုိင္ျခင္းမ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၈)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အမွတ္(၂)ခ်စ္ၾကည္ေရး တံတားသို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔ ေန႔လည္ပိုင္းက လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား(၂၀)ဦးႏွင့္ အမ်ိဳးသမီး(၈)ဦး စုစုေပါင္း(၂၈)ဦးအား  ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ား အဖြဲ႕က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းတြင္ လာေရာက္ လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊  ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္  ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC )တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲ ေပးေလ့ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလမွ စ၍ ယေန႔ စတင္ဘာလ(၂၈)ရက္ေန႔အထိ  အမ်ဳိးသား(၆၀၅)ဦး ႏွင့္ အမ်ဳိးသမီး (၂၇၂)ဦး အပါအ၀င္ ကေလးငယ္(၃၁)ဦး စုစုေပါင္း (၉၀၈)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာခ်ီလိတ္သို႔ ယခုလို လာေရာက္လႊဲေျပာင္းလာသည့္အခါမ်ဳိးတြင္ ျမန္မာႏိုင္ငံသားမ်ားမဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ေရာေႏွာ ပါ၀င္လာျခင္း ရွိမရွိကို စစ္ေဆးၿပီး ပါ၀င္လာပါက ခ်က္ျခင္း ျပန္လည္၍ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော် နေထိုင်ခြင်းများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၈)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေး တံတားသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၂၀)ဦးနှင့် အမျိုးသမီး(၈)ဦး စုစုပေါင်း(၂၈)ဦးအား ထိုင်းနိုင်ငံ တာဝန်ရှိသူများ အဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းတွင် လာရောက် လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲ ပေးလေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စ၍ ယနေ့ စတင်ဘာလ(၂၈)ရက်နေ့အထိ အမျိုးသား(၆၀၅)ဦး နှင့် အမျိုးသမီး (၂၇၂)ဦး အပါအဝင် ကလေးငယ်(၃၁)ဦး စုစုပေါင်း (၉၀၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာချီလိတ်သို့ ယခုလို လာရောက်လွှဲပြောင်းလာသည့်အခါမျိုးတွင် မြန်မာနိုင်ငံသားများမဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှော ပါဝင်လာခြင်း ရှိမရှိကို စစ်ဆေးပြီး ပါဝင်လာပါက ချက်ခြင်း ပြန်လည်၍ လွှဲပြောင်းပေးကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~