စာသင်ချိန်တွင် ကျောင်းသား(၂)ဦးကို ဆိုင်ကယ်ဖြင့် အပြင်သို့ စေလွှတ်ရာမှ ယာဉ်တိုက်မှုဖြစ်ကာ ကျောင်းသား(၂)ဦး အပါအ၀င် (၄)ဦး သေဆုံး
စာသင်ချိန်တွင် ကျောင်းသား(၂)ဦးကို ဆိုင်ကယ်ဖြင့် အပြင်သို့ စေလွှတ်ရာမှ ယာဉ်တိုက်မှုဖြစ်ကာ ကျောင်းသား(၂)ဦး အပါအ၀င် (၄)ဦး သေဆုံး
စကျတငျဘာ 22, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ရွှေဘိုကျေးရွာ အလယ်တန်းကျောင်း တာဝန်ခံကျောင်းအုပ်က ကျောင်းချိန်အတွင်း ကျောင်းသား(၂)ဦးကို ဆိုင်ကယ်ဖြင့် အပြင်သို့ စေလွှတ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျောင်းသား(၂)ဦးသေဆုံးမှုအတွက် ကျောင်းအုပ်အား ပညာရေးဌာနအနေဖြင့် အရေးယူမှု ဆောင်ရွက်သင့်သည်ဟု ကျောင်းသားမိဘများက ဆိုသည်။
သေဆုံးသူ ကျောင်းသားနှစ်ဦး၏ မိသားစုများအား စက်တင်ဘာလ(၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ပညာရေးမှူး ဦးဆောင်၍ ပညာရေးမိသားစုရုံးအဖွဲ့၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ စုပေါင်း၍ ဂရုဏာ သဒ္ဒါကြေးအဖြစ် ကလေးတစ်ဦးလျှင် ကျပ်(၁,၀၃၀,၃၀၀)စီ ထောက်ပံ့ပေးအပ်ခြင်း၊ မိဘများအားနှစ်သိမ့်အားပေးခြင်း၊ ကျောင်းတွင်းအန္တရာယ်ကင်းတရားနာခြင်း၊ ကွယ်လွန်သူကလေးနှစ်ဦးကိုရည်စူး၍ အမျှအတန်း ပေးဝေခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း သိသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ရွှေဘိုကျေးရွာ အလယ်တန်းကျောင်း တာဝန်ခံကျောင်းအုပ်က ကျောင်းချိန်အတွင်း ကျောင်းသား(၂)ဦးကို ဆိုင်ကယ်ဖြင့် အပြင်သို့ စေလွှတ်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး ကျောင်းသား(၂)ဦးသေဆုံးမှုအတွက် ကျောင်းအုပ်အား ပညာရေးဌာနအနဖြေင့် အရေးယူမှု ဆောင်ရွက်သင့်သည်ဟု ကျောင်းသားမိဘများက ဆိုသည်။
“ကျောင်းတက်နေတဲ့ အချိန်ကြီး ဆိုင်ကယ်ချင်းတိုက်လို့ သပြေီဆိုတဲ့ သတင်းကြားရတော့ ယုံတောင် မယုံခဲ့ဘူး။ နောက်တော့မှ ဆရာမကြီးကခိုင်းလို့ သွားတာမှာ ဖြစ်သွားတာလို့ သိရတယ်။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ ကလေးတွေမှန်း သိရဲ့နဲ့ ကျောင်းချိန်အတွင်း ဆိုင်ကယ်နဲ့ မခိုင်းသင့်ဘဲ ခိုင်းခဲ့တဲ့ ဆရာမကြီးကို အရေးယူမှု တစ်စုံတစ်ရာ မလုပ်ဘူးဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာတွေဆီ တိုင်တန်းမှာပါ”ဟု ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကျောင်းသားတစ်ဦးဖြစ်သူ မောင်လှမင်းထွေး၏ ဖခင် ဦးသိန်းဆိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွှေဘိုကျေးရွာ အလယ်တန်းကျောင်းမှ သတ္တမတန်းကျောင်းသားများဖြစ်ကြသည့် မောင်လှမင်းထွေးနှင့် မောင်ဝဏ္ဏတို့နှစ်ဦးကို တာဝန်ခံကျောင်းအုပ်ဆရာမကြီးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့က ကျောင်းချိန်အတွင်း သူမ၏ဆိုင်ကယ်ဖြင့်  ဈေးအဝယ်ခိုင်းခဲ့ရာမှ လူ(၂)ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိကာ ဆိုင်ကယ်(၂)စီးမှ လူ(၄)ဦးလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ကျောင်းသားနှစ်ဦး၏ မိသားစုများအား စက်တင်ဘာလ(၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ပညာရေးမှူး ဦးဆောင်၍ ပညာရေးမိသားစုရုံးအဖွဲ့၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ စုပေါင်း၍ ဂရုဏာ သဒ္ဒါကြေးအဖြစ် ကလေးတစ်ဦးလျှင် ကျပ်(၁,ဝ၃၀,၃၀၀)စီ ထောက်ပံ့ပေးအပ်ခြင်း၊ မိဘများအားနှစ်သိမ့်အားပေးခြင်း၊ ကျောင်းတွင်းအန္တရာယ်ကင်းတရားနာခြင်း၊ ကွယ်လွန်သူကလေးနှစ်ဦးကိုရည်စူး၍ အမျှအတန်း ပေးဝခြေင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း သိသည်။
အဆိုပါကျောင်းသား(၂)ဦးမှာ မြို့သစ်မြို့နယ်၊ ပင်းစုကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃/၁ နှင့် ၄၃/၂ အကြားတွင် စက်တင်ဘာလ (၅) ရက် နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် မျက်နှာချင်းဆိုင်မှ လူနှစ်ဦးစီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တိုက်မိ၍ ဆိုင်ကယ်တွင် လိုက်ပါလာသူ (၄)ဦးလုံး သေဆုံးသွားသဖြင့် မြို့သစ်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~