မေလးရွားတြင္ အရက္တု ေသာက္မိသျဖင့္ ျမန္မာႏုိင္ငံသား (၁၃)ဦး ေသဆံုး

မေလးရွားတြင္ အရက္တု ေသာက္မိသျဖင့္ ျမန္မာႏုိင္ငံသား (၁၃)ဦး ေသဆံုး
စက်တင်ဘာ 18, 2018
By Tachileik News Agency

မေလးရွားႏုိင္ငံတြင္ ျမန္မာႏုိင္ငံသားမ်ား အရက္တုေသာက္သံုးမိသျဖင့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၈) ရက္ေန႔ အထိ ေသဆံုးသူ(၁၃)ဦး ရိွၿပီျဖစ္ေၾကာင္း ကပုန္း(၇)ရက္သားသမီးနာေရးကူညီမူအသင္း(မေလးရွား)၏ ေဖၚျပခ်က္အရ သိရသည္။

မေလးရွားႏုိင္ငံ စမံုညႇင္းၿမိဳ႕နယ္၊ ကပူးၿမိဳ႕နယ္၊ ဂ်ိဳဟိုးျပည္နယ္ မႊားၿမိဳ႕၊ ကြာလာလမ္ပူၿမိဳ႕တို႔တြင္ ျမန္မာႏုိင္ငံသားမ်ား အရက္တုေသာက္သံုးမိသျဖင့္  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔မွစ၍ ေသဆံုးသူ (၁၁)ဦးရိွခဲ့ၿပီး ဆာလရန္းေဆးရံုႏွင့္ ကာခ်မ္းေဆးရံုတုိ႔တြင္ အတြင္းလူနာ အျဖစ္ ကုသမႈခံယူေနသူ (၄)ဦးအနက္ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ (၂)ဦး ထပ္မံ ေသဆံုး သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အရက္တုေသာက္မိသူမ်ားသည္ အရက္ေသာက္သံုးၿပီးေနာက္ ပါးစပ္မွ အျမဳပ္မ်ားထြက္ကာ ေသဆံုးျခင္း ျဖစ္ေၾကာင္း သိရသည္။

မေလးရွားေရာက္ ျမန္မာႏုိင္ငံသားမ်ား အရက္တုေသာက္မိ၍ ေသဆံုးမႈမ်ားျဖစ္ပြားေနသျဖင့္ ျမန္မာသံရံုး (မေလးရွား)မွ အလုပ္သမားေရးရာ သံအရာရွိႏွင့္ ကပုန္း(၇)ရက္သားသမီးနာေရး ကူညီမႈအသင္းတို႔က လိုအပ္သည္မ်ား ကူညီေပးေနေၾကာင္း သိရသည္။

ကပုန္း(၇)ရက္ သားသမီးနာေရးကူညီမူအသင္း(မေလးရွား)သည္ မေလးရွားတြင္ ေရာက္ရွိေနေသာ ျမန္မာႏုိင္ငံသားမ်ားကို လူမ်ိဳးဘာသာမေရြး၏ နာေရးကိစၥမ်ားကို ကူညီေဆာင္ရြက္ေပးေနသည့္ လူမႈကူညီေရးအသင္းျဖစ္ၿပီး အဆိုပါအသင္း၏ နာယကအျဖစ္ ဦးေက်ာ္သူႏွင့္ ေဒၚေရႊဇီးကြက္တုိ႔က ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

မေလးရွားႏုိင္ငံတြင္ ၂၀၁၂ ခုႏွစ္ကလည္း အရက္တုေသာက္မိသျဖင့္ ေသဆံုးမႈမ်ား ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျမန္မာလူမွုကူညီေရးအသင္း မေလးရွား


~~~~~~~~⊰❂ unicode ~~~~~~~~

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အရက်တုသောက်သုံးမိသဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ အထိ သေဆုံးသူ(၁၃)ဦး ရှိပြီဖြစ်ကြောင်း ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)၏ ဖော်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံ စမုံညှင်းမြို့နယ်၊ ကပူးမြို့နယ်၊ ဂျိုဟိုးပြည်နယ် မွှားမြို့၊ ကွာလာလမ်ပူမြို့တို့တွင် မြန်မာနိုင်ငံသားများ အရက်တုသောက်သုံးမိသဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ သေဆုံးသူ (၁၁)ဦးရှိခဲ့ပြီး ဆာလရန်းဆေးရုံနှင့် ကာချမ်းဆေးရုံတို့တွင် အတွင်းလူနာ အဖြစ် ကုသမှုခံယူနေသူ (၄)ဦးအနက် စက်တင်ဘာလ(၁၈)ရက်နေ့တွင် (၂)ဦး ထပ်မံ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရက်တုသောက်မိသူများသည် အရက်သောက်သုံးပြီးနောက် ပါးစပ်မှ အမြုပ်များထွက်ကာ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အရက်တုသောက်မိ၍ သေဆုံးမှုများဖြစ်ပွားနေသဖြင့် မြန်မာသံရုံး (မလေးရှား)မှ အလုပ်သမားရေးရာ သံအရာရှိနှင့် ကပုန်း(၇)ရက်သားသမီးနာရေး ကူညီမှုအသင်းတို့က လိုအပ်သည်များ ကူညီပေးနေကြောင်း သိရသည်။

ကပုန်း(၇)ရက် သားသမီးနာရေးကူညီမူအသင်း(မလေးရှား)သည် မလေးရှားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို လူမျိုးဘာသာမရွေး၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းဖြစ်ပြီး အဆိုပါအသင်း၏ နာယကအဖြစ် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့က ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကလည်း အရက်တုသောက်မိသဖြင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း မလေးရှား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~