တာေလတြင္ လူငယ္တစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုးသြား၍ ယခုႏွစ္အတြင္း ပထမဆံုး ႀကိဳးဆြဲခ်မႈျဖစ္ပြား

တာေလတြင္ လူငယ္တစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုးသြား၍ ယခုႏွစ္အတြင္း ပထမဆံုး ႀကိဳးဆြဲခ်မႈျဖစ္ပြား
သြဂုတ် 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕တြင္ ၾသဂုတ္လ(၁၅)ရက္ေန႔က လူငယ္တစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ် ေသဆံုးမႈျဖစ္ပြားၿပီး အဆိုပါေသဆံုးမႈမွာ ၂၀၁၈ ခုႏွစ္အတြင္း ပထမဆံုး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ေၾကာင္း သိရသည္။

“ေန႔လယ္ (၁၂) နာရီေလာက္က သူ႔အစ္မက အျပင္ကေန ျပန္ေရာက္ေတာ့ အခန္းထဲမွာ ေဘာင္းဘီတိုေရစိုနဲ႔ မတ္တပ္ႀကီးျဖစ္ေနတဲ့ သူ႔ေမာင္ကိုေတြ႔ေတာ့ ဘာလို႔ မတ္တပ္ႀကီးရပ္ေနလဲေပါ့။ သူသြားၾကည့္ေတာ့မွ ႀကိဳးဆြဲခ်ေသတာျဖစ္ေနတယ္။ ဒါနဲ႔ သူ႔အေမကိုသြားေခၚ ႀကိဳးကေနျဖဳတ္ၿပီး ေရွးဦးသူနာျပဳေတြနဲ႔ ရလိုရျငား ႀကိဳးစားထားၾကတယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးက ကၽြန္ေတာ္တုိ႔ရဲတပ္ဖြဲ႕ကိုအေၾကာင္းလာၾကားတာက ေန႔လယ္ (၁)နာရီခြဲမွ အေၾကာင္းၾကားေတာ့ ခ်က္ခ်င္းလုိက္သြားပါတယ္”ဟု တာေလနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္စန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာေလၿမိဳ႕၊ အမွတ္ (၁)ရပ္ကြက္တြင္ အသက္(၁၈)ႏွစ္အရြယ္ လူငယ္တစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေန႔လယ္(၁၂)နာရီဝန္းက်င္တြင္ ေတြ႔ရျခင္းျဖစ္ကာ ေန႔လယ္(၁)နာရီခြဲဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ တာေလၿမိဳ ့ ေလာကပါလ ပရဟိတ (အခမဲ့)လူမႈကူညီေရးအသင္းက အေလာင္းအား တာေလျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈအား တာေလနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁/၂၀၁၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - Nyein Thung

~~~~~~~~⊰❂ unicode ~~~~~~~~
တာလေတွင် လူငယ်တစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံးသွား၍ ယခုနှစ်အတွင်း ပထမဆုံး ကြိုးဆွဲချမှုဖြစ်ပွား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် သြဂုတ်လ(၁၅)ရက်နေ့က လူငယ်တစ်ဦး နေအိမ်တွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားပြီး အဆိုပါသေဆုံးမှုမှာ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံး ကြိုးဆွဲချသေဆုံးမှုဖြစ်ကြောင်း သိရသည်။

“နေ့လယ် (၁၂) နာရီလောက်က သူ့အစ်မက အပြင်ကနေ ပြန်ရောက်တော့ အခန်းထဲမှာ ဘောင်းဘီတိုရေစိုနဲ့ မတ်တပ်ကြီးဖြစ်နေတဲ့ သူ့မောင်ကိုတွေ့တော့ ဘာလို့ မတ်တပ်ကြီးရပ်နေလဲပေါ့။ သူသွားကြည့်တော့မှ ကြိုးဆွဲချသေတာဖြစ်နေတယ်။ ဒါနဲ့ သူ့အမေကိုသွားခေါ် ကြိုးကနေဖြုတ်ပြီး ရှေးဦးသူနာပြုတွေနဲ့ ရလိုရငြား ကြိုးစားထားကြတယ်။ ရပ်ကွက်အုပ်ချုပ်ရေးက ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုအကြောင်းလာကြားတာက နေ့လယ် (၁)နာရီခွဲမှ အကြောင်းကြားတော့ ချက်ချင်းလိုက်သွားပါတယ်”ဟု တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့၊ အမှတ် (၁)ရပ်ကွက်တွင် အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို နေ့လယ်(၁၂)နာရီဝန်းကျင်တွင် တွေ့ရခြင်းဖြစ်ကာ နေ့လယ်(၁)နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် တာလေမြို့ လောကပါလ ပရဟိတ (အခမဲ့)လူမှုကူညီရေးအသင်းက အလောင်းအား တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား တာလေနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - Nyein Thung

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~