တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ် သွားလမ်း မိုးရာသီကာလ အခြေအနေ

တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ် သွားလမ်း မိုးရာသီကာလ အခြေအနေ
သွဂုတျ 17, 2018
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် - မိုင်းဆတ်ခရိုင်ချင်းဆက်လမ်း၏ (၃)မိုင် (၅)ဖာလုံခန့်မှာ မြေသားလမ်းဖြစ်နေသဖြင့် မိုးရာသီတွင် ရွှံ့ထူထပ်သည့်လမ်းဖြစ်နေသည်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့က တွေ့ရသည့် အခြေအနေဖြစ်ပါသည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖေါက်လုပ်ခဲ့ကာ အဆိုပါ လမ်းပိုင်းတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံသော်လည်း လမ်းပိုင်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်းမရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးထားခြင်းဖြစ်သည်။

UWSA “ဝ” အထူးဒေသ(၂)က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါ လမ်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ အပ်နှံခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ခံပြုပြင်ပေးနိုင်ကြောင်း သဘောထားမှတ်ချက်ပေးထားကာ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံမှ သဘောထား မှတ်ချက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းမှာ အကျယ် ပေ (၂၀)၊ အရှည် မိုင် (၆၀)ရှိပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပြုပြင်မည့်အချိန်အားသိရှိလိုကြောင်းကို ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါမေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါလမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


Tachileik News Agency
ဓါတ်ပုံ - ကိုဇောင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် - မိုင်းဆတ်ခရိုင်ချင်းဆက်လမ်း၏ (၃)မိုင် (၅)ဖာလုံခန့်မှာ မြေသားလမ်းဖြစ်နေသဖြင့် မိုးရာသီတွင် ရွှံ့ထူထပ်သည့်လမ်းဖြစ်နေသည်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့က တွေ့ရသည့် အခြေအနဖြေစ်ပါသည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖောက်လုပ်ခဲ့ကာ အဆိုပါ လမ်းပိုင်းတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံသော်လည်း လမ်းပို်င်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်းမရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးထားခြင်းဖြစ်သည်။

UWSA “ဝ” အထူးဒေသ(၂)က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါ လမ်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ အပ်နှံခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အနဖြေင့် လက်ခံပြုပြင်ပေးနိုင်ကြောင်း သဘောထားမှတ်ချက်ပေးထားကာ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံမှ သဘောထား မှတ်ချက် စောင့်ဆိုင်းနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းမှာ အကျယ် ပေ (၂၀)၊ အရှည် မိုင် (၆၀)ရှိပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပြုပြင်မည့်အချိန်အားသိရှိလိုကြောင်းကို ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါမေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါလမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မှ မိုင်းတွမ်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ နေ့စဉ်ကူးသန်းသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ အတွက် အဆိုပါလမ်းပိုင်းကို အဓိက အသုံးပြုနေရပြီး နေ့စဉ်ယာဉ်အစီးရေများစွာ ဖြတ်သန်း သွားလာနေသည့် လမ်းပိုင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~