မူးယစ္ေဆးသံုးစြဲေရာင္းခ်မႈမ်ားရိွေနေၾကာင္း သတင္းထြက္ေနသည့္ တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ မွီခိုေနသူမ်ားအား ရွင္းလင္းဖယ္ရွားမည္

မူးယစ္ေဆးသံုးစြဲေရာင္းခ်မႈမ်ားရိွေနေၾကာင္း သတင္းထြက္ေနသည့္ တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ မွီခိုေနသူမ်ားအား ရွင္းလင္းဖယ္ရွားမည္
သြဂုတ် 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ အိမ္ေျခမဲ့ေနထိုင္သူမ်ားရိွေနၿပီး မူးယစ္ေဆး သံုးစြဲသူမ်ား ခိုေအာင္းေလ့ရိွေၾကာင္းသတင္းအရ ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕ႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ပူးေပါင္းၿပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔က ေနရပ္ျပန္လိုသည့္အိမ္ေျခမဲ့မ်ားႏွင့္ မူးယစ္ေဆးျဖတ္လိုသူမ်ား စာရင္းေကာက္ျခင္းကို ေဆာင္ရြက္သည္။

“တကယ္လုိ႔ ေဆးျဖတ္ခ်င္သူရိွရင္ ေဆးျဖတ္ေပးမယ္။ ေနရပ္ျပန္ခ်င္သူရိွရင္ေတာ့ ေတာင္ႀကီးအထိ ကိုယ္တုိင္လုိက္ပို႔ၿပီး  ကိုယ့္ေနရပ္အသီးသီးကို ျပန္တဲ့အထိစရိတ္ေပးလုိက္မယ္ေပါ့။ ျမစ္ႀကီးနားတုိ႔၊ လားရိႈးတို႔သြားရမယ့္သူေတြ ေတာင္ႀကီးကေန အဲဒီကားဂိတ္အသီးသီးထိ ပို႔ေပးမွာေပါ့။ သူတို႔ဆႏၵနဲ႔ျပန္ခ်င္တဲ့သူေတြကို ျပန္ပို႔ေပးမွာေပါ့။ အခုကေတာ့ ျပန္ခ်င္တဲ့သူေတြကို စာရင္းေကာက္လာတာ။ ကားေတြဘာေတြ စီစဥ္လုိ႔ရေအာင္လုိ႔ေပါ့။ ဒီတာခ်ီလိတ္နယ္ထဲကေန ေရာက္လာေနတဲ့သူေတြစာရင္းကိုေတာ့ မေကာက္ထားဘူး”ဟု ေနရပ္ျပန္လုိသည့္ အိမ္ေျခမဲ့စာရင္းေကာက္ယူခဲ့သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ယေန႔ေကာက္ယူရရိွသည့္ စာရင္းအရ ေနရပ္ျပန္ရန္အခက္အခဲျဖစ္ေနသည့္ အိမ္ေျခမဲ့ေနထုိင္သူ အမ်ိဳးသား(၁၂)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း (၁၆)ဦးစာရင္းရရိွထားၿပီး ၾသဂုတ္လ(၁၇)ရက္ေန႔တြင္လည္း စာရင္းထပ္မံေကာက္ယူမည္ျဖစ္ေၾကာင္း သိရသည္။

သုႆန္အတြင္း မူးယစ္ေဆးသံုးစြဲသူမ်ား၊ ေရာင္းခ်သူမ်ားရိွေနေၾကာင္းသတင္းမ်ားထြက္ေပၚေနသျဖင့္ သုႆန္အတြင္း တဲထုိး၍ေနထိုင္သည့္ အိမ္ေျခမဲ့မ်ားအား ၎တို႔၏ ဆႏၵအရ ေနရပ္ျပန္လိုပါက ေနရပ္ျပန္ပို႔ျခင္း၊ မူးယစ္ေဆးစြဲေနသူမ်ား မူးယစ္ေဆးျဖတ္လိုပါက ေဆးျဖတ္စခန္းပို႔ေပးျခင္းတုိ႔ကို လုပ္ေဆာင္ေပးသြားမည္ျဖစ္ၿပီး အဆိုပါဝန္းက်င္တစ္ဝိုက္ ရွင္းလင္းျခင္းမ်ားကို ေဒသတာဝန္ရိွသူမ်ားက လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ေျခမဲ့မ်ားစာရင္းေကာက္ခံျခင္းအား မူးယစ္တပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းတို႔က ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု -UTS, Nay Myo (Mizzima)

~~~~~~~~⊰❂ unicode ~~~~~~~~
မူးယစ်ဆေးသုံးစွဲရောင်းချမှုများရှိနေကြောင်း သတင်းထွက်နေသည့် တာချီလိတ်မြို့ သုဿန်တွင် မှီခိုနေသူများအား ရှင်းလင်းဖယ်ရှားမည်
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ သုဿန်တွင် အိမ်ခြေမဲ့နေထိုင်သူများရှိနေပြီး မူးယစ်ဆေး သုံးစွဲသူများ ခိုအောင်းလေ့ရှိကြောင်းသတင်းအရ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့က နေရပ်ပြန်လိုသည့်အိမ်ခြေမဲ့များနှင့် မူးယစ်ဆေးဖြတ်လိုသူများ စာရင်းကောက်ခြင်းကို ဆောင်ရွက်သည်။

“တကယ်လို့ ဆေးဖြတ်ချင်သူရှိရင် ဆေးဖြတ်ပေးမယ်။ နေရပ်ပြန်ချင်သူရှိရင်တော့ တောင်ကြီးအထိ ကိုယ်တိုင်လိုက်ပို့ပြီး  ကိုယ့်နေရပ်အသီးသီးကို ပြန်တဲ့အထိစရိတ်ပေးလိုက်မယ်ပေါ့။ မြစ်ကြီးနားတို့၊ လားရှိုးတို့သွားရမယ့်သူတွေ တောင်ကြီးကနေ အဲဒီကားဂိတ်အသီးသီးထိ ပို့ပေးမှာပေါ့။ သူတို့ဆန္ဒနဲ့ပြန်ချင်တဲ့သူတွေကို ပြန်ပို့ပေးမှာပေါ့။ အခုကတော့ ပြန်ချင်တဲ့သူတွေကို စာရင်းကောက်လာတာ။ ကားတွေဘာတွေ စီစဉ်လို့ရအောင်လို့ပေါ့။ ဒီတာချီလိတ်နယ်ထဲကနေ ရောက်လာနေတဲ့သူတွေစာရင်းကိုတော့ မကောက်ထားဘူး”ဟု နေရပ်ပြန်လိုသည့် အိမ်ခြေမဲ့စာရင်းကောက်ယူခဲ့သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ယနေ့ကောက်ယူရရှိသည့် စာရင်းအရ နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် အိမ်ခြေမဲ့နေထိုင်သူ အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၆)ဦးစာရင်းရရှိထားပြီး သြဂုတ်လ(၁၇)ရက်နေ့တွင်လည်း စာရင်းထပ်မံကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

သုဿန်အတွင်း မူးယစ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများရှိနေကြောင်းသတင်းများထွက်ပေါ်နေသဖြင့် သုဿန်အတွင်း တဲထိုး၍နေထိုင်သည့် အိမ်ခြေမဲ့များအား ၎င်းတို့၏ ဆန္ဒအရ နေရပ်ပြန်လိုပါက နေရပ်ပြန်ပို့ခြင်း၊ မူးယစ်ဆေးစွဲနေသူများ မူးယစ်ဆေးဖြတ်လိုပါက ဆေးဖြတ်စခန်းပို့ပေးခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး အဆိုပါဝန်းကျင်တစ်ဝိုက် ရှင်းလင်းခြင်းများကို ဒေသတာဝန်ရှိသူများက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြေမဲ့များစာရင်းကောက်ခံခြင်းအား မူးယစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ -UTS, Nay Myo (Mizzima)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~